Saturday, May 4, 2024

ရွာငံစစ်ရှောင် ကူညီသူမဲ့ ဆေးဝါးများနှင့် ရိက္ခာ လိုအပ်နေ

Must read

သျှမ်းပြည် ရွာငံမြို့နယ်တွင် တိုက်ပွဲကြောင့် စစ်ဘေးရှောင်များ ဆေးဝါးနှင့် စားဝတ်နေရေး အတွက် အခက်အခဲ ကြုံတွေ့နေရပြီး ကူညီသူများမရှိကြောင်း သိရသည်။

ရွာငံမြို့

သျှမ်းပြည် ရွာငံမြို့နယ်တွင် တိုက်ပွဲကြောင့် စစ်ဘေးရှောင်ရသူများသည် ဒေသခံ အစွန်းအဖျားတွင်း စစ်ဘေးရှောင်နေရသူဦးရေ ၅၀ခန့်ရှိပြီး ဆေးဝါးနှင့် စားဝတ်နေရေးအတွက် အခက်အခဲများကြုံတွေ့ နေရပြီး တောထဲတွင်ရှာဖွေစားသောက်နေကြရကာ ကူညီသူများမရှိကြောင်း က ဂျိုးဖြူ -JPRF မှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့် ကိုပြောသည်။

” တချို့တွေကြတော့ ကျန်းမာရေးမကောင်းတာတွေရှိတယ် ဆေးဝါးတွေ အဓိက လိုအပ်တာပေါ့။ သူတို့တွေ့ကတော့ မြို့တွေမှာ ပစ္စည်းတက်ဝယ်လို့မရဘူးဗျ။ လုံးခြုံရေး မရှိဘူးလေ။ သူတို့ အတွက်က သူတို့တချို့တွေကြ‌တော့ လူငယ်တွေက လုပ်ထွက်လုပ်နေတာတွေ တော့ရှိတာ‌ပေါ့။”ဟု ဂျိုးဖြူ -JPRF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ထိုစစ်ဘေးရှောင်းများသည် နေအိမ်ကို မီးရှို့ပျက်စီးခံရသူများ၊ တိုက်ပွဲကြောင့် စစ်ဘေးရှောင်ရသူများ တော်လှန်ရေးသမားများကို ကူညီနေသူများဟု စစ်ကောင်စီက စွတ်စွပ်သဖြင့် ထွက်ပြေးနေရသူ မျာဖြစ်ကြောင်း သိရသည်။

ထို့အပြင် စစ်ဘေးရှောင်များအတွက် အကူညီများလိုအပ်နေပြီး သွားရောက်ကူညီသူများမရှိသည့် အတွက်ကြောင့် ဂျိုးဖြူ – JPRF မှကူညီပေးနေရကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article