ရွာငံတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်၁၂ဦးထက်မနည်းသေဆုံး

သျှမ်းပြည် တောင်ပိုင်း၊ရွာငံမြို့နယ်၊ရေချမ်းရွာနှင့် ၀က်ကဘူးရွာကြား လမ်းပိုင်းတစ်နေရာတွင် စစ်ကြောင်းထိုးရန် ထွက်လာသော စစ်ကောင်စီတပ်ကို ဒေသခံတော်လှန်ရေးပူးပေါင်းအဖွဲ့က တိုက်ခိုက်ပြီး စစ်ကောင်စီဘက် ၁၂ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ရွာငံPDF(JPRF)တပ်ထံမှသိရသည်။

ဇူလိူင်လ၅ရက် နံနက်၉နာရီကျော်တွင် ဖြစ်ပွား ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲ၁နာရီကျော်ကြာ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“သူတို့က ၁၂ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရတယ်။ကျွန်တော်တို့ဖက်ကနှစ်ဦး ဒဏ်ရာရရှိတယ်”ဟု ရွာငံPDF(JPRF)တပ်ဖွဲ့မှ ကိုကေပီက သျှမ်းသံတော်ဆင့်ကိုပြောသည်။

စစ်ကောင်စီတပ်သား၁၂ဦးထက်မနည်းသေဆုံးသည့်အပြင် လက်နက်၊စစ်အသုံးအဆောင်နှင့် မူးယစ်ဆေးဝါးများလည်း တော်လှန်ရေးအဖွဲ့ကသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

“ခုတစ်လော ရွာငံ ဖက်မှာ စစ်ကောင်စီကဒေသခံတွေရဲ့ကားကို ခေါ်ခေါ်ပြီး သွားနေတာ အဲလိုခေါ်တာလည်း ဒေသခံတွေကမကြိုက်ဘူးပေါ့နော် ဒေသခံတွေကလည်း ဒီလိုကားပေးတာ ပူးပေါင်းမပါဝင်ဖို့ ပြောချင်ပါတယ်ဗျ”ဟု ကိုကေပီက ထပ်မံပြောပါသည်။

ယင်းတိုက်ပွဲကိုရွာငံPDF(ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့)နှင့် အမှတ်၅၁၅ပြည်သူ့ကာကွယ်ရေးတပ်မှတော်လှန်ရေး ပူးပေါင်းအဖွဲ့တို့ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံ နှစ်ရက်ဆက်တိုက် မိုးရွာသွန်းမှုကြောင့် ကောက်ပဲသီးနှံပျက်

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြို့ကြီးကျေးရွာ အုပ်စု ဆည်ကျေးရွာတွင် နှစ်ရက်ဆက်တိုက် မိုးရွာသွန်းမှုကြောင့် ရေများဝင်ရောက်ကာ ကောက်ပဲသီးနှံများ ဆုံးရှုံးမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဧပြီလ (၂၇)နှင့် (၂၈)ရက်နေ့တွင် ရွာငံမြို့နယ် အပါအဝင် သျှမ်းတောင် တွင်မိုးများ နှစ်ရက်ဆက်တိုက် ရွာသွန်းမှုကြောင့် တောင်ပေါ်မှ ရေများသည် ရွာငံမြို့နယ်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...

စစ်မှုထမ်း ခေါ်ဆောင်ခံရပြီး ပြန်လွတ်လာသည့် ရွာငံလူငယ်(၃)ဉီးသာရှိ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်မှုထမ်း အမှတ်စဉ်(၁)အတွက် မဲနှိုက်ရာမှ ပါရှိသွားသည့် ရွာငံမြို့နယ် အမျိုးသား (၃)ဦးသည် သုံးနှစ်အကြာမှ ပြန်လွတ်လာကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၀)ရက်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းဥပဒေကို ပြဌာန်းပြီးနောက် စစ်မှုထမ်းအမှတ်စဉ်(၁)အတွက် ကျေးရွာများအတွင်း မဲနှိပ်ခြင်း၊ ပေါ်တာဆွဲခြင်း စသည့်...

ကွတ်ခိုင်မြို့နယ် TLEC ကျောင်းကို MNDAA ပိတ်သိမ်း အစားထိုး ဖွင့်လှစ်သွားမည်

0
သျှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်ရှိ တအာင်းစားသင်ကျောင်း (TLEC)ကို ကိုးကန့်တပ်ဖွဲ့ (MNDAA)ကပိတ်သိမ်းပြီး အစားထိုး ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ၂၀၂၆ ဖေဖော်ဝါရီ လဆန်ပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) နှင့် MNDAA တို့သည် ကွတ်ခိုင်းမြို့နယ်အတွင်း အချင်းချင်းကြား ပဋိပက္ခစတင်ဖြစ်ပွားခဲ့သည့်။ ထို့နောက် MNDAAသည်...

ရွာငံ-အောင်ပန်းလမ်း၌ စစ်ကော်မရှင်တပ်က ရှောင်တခင် ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရွာငံ-အောင်ပန်း သွားလမ်း၌ စစ်ကော်မရှင်တပ်က ရှောင်တခင်ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။ သင်္ကြန်ကာလအပြီး ဧပြီလ ၂၀ရက်မှ စပြီး စစ်ကော်မရှင်တပ်က အင်အားအလုံးရင်းဖြင့် ရွာငံ-အောင်ပန်း လမ်းမ၌ ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ခရီးသွားပြည်သူများ၏ ဖုန်း၊ ဆိုင်ကယ် နှင့် ကားများကို...