ရွာငံ
ရွာငံ စစ်ကောင်စီတပ် စားစရိတ်အတွက် ပြည်သူများထံ ငွေကောက်ခံနေ
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာများတွင် စစ်ကောင်စီတပ် ဆက်လက်တပ်စွဲထားပြီး ၎င်းတို့စားစရိတ်အတွက် ပြည်သူများထံ ငွေကောက်ခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက်တွင် ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာများသို့ စစ်ကောင်စီတပ်သားများက ကျေးရွာအတွင်း ရုတ်တရက် ဝင်ရောက်လာပြီး ပြည်သူများကို ခြိမ်းခြောက်ခြင်းများ ပြုလုပ်ကာ ယနေ့ (ဇူလိုင် ၂၁...
ရွာငံမြို့နယ် ကျေးရွာများထဲ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ဝင်ရောက်ပြီး ဒေသခံများကိုခြိမ်းခြောက်
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်ရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်နှင့် ၎င်းလက်အောက်ခံ ပျူစောထီးများ ဝင်ရောက်လာပြီး ဒေသခံများကို ခြိမ်းခြောက်မှု ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ ယနေ့ (ဇူလိုင်လ ၁၇ ရက်) နံနက် ၈ နာရီကျော်တွင် ရွာငံမြို့နယ် စစ်ကောင်စီတပ် လက်အောက်ခံ ပျူစောထီးများသည် စစ်ကောင်စီတပ်သားများကို ခေါ်၍...
ပျောက်ဆုံးနေသည့် ရွာငံဘုန်းကြီးတစ်ပါး ယနေ့ထိ မတွေ့သေး
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တပင်ပျော်ကျေးရွာ အုပ်စု တပင်ပျော်ကျေးရွာတွင် ကျောင်းထိုင်သည့် ဘုန်းကြီးတစ်ပါး ပျောက်ဆုံးနေပြီး ယနေ့ အချိန်ထိ အစ အန ရှာမရသေးကြောင်း သတင်းရရှိသည်။ အဆိုပါ ပျောက်ဆုံးနေသော ဘုန်းကြီးသည် အသက် (၆၀) ဝန်းကျင် ရှိ၍ စစ်သားဟောင်း တစ်ဉီးဖြစ်ပြီး တပင်ပျော်ကျေးရွာတွင် ဘုန်းကြီးဝတ်ဖြင့်...
ရွာငံသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် ကျောင်းသား ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွား
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် မြောက်ဘက်နှင့် အရှေ့ဘက်ကျေးရွာများသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်မှ တပ်သားများသည် ကျောင်းသားနှစ်ဉီးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ဇူလိုင် (၂) ရက် ည ၈ နာရီ ဝန်းကျင်တွင် ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာသို့ ဈေးဝယ်ရန် ထွက်လာသော ကျောင်းသားနှစ်ဉီးသည် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တွေ့ကာ...
ရွာငံတွင် ပျူစောထီးများက စစ်ကောင်စီအတွက် စစ်သားစုဆောင်းပေးနေ
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်ရှိ ကျေးရွာများတွင် ပျူစောထီးများက စစ်ကောင်စီ အတွက် စစ်သားစုဆောင်းပေးနေကြောင်း စုံစမ်းသိရှိရသည်။ ဇွန်လ ပထမ ပတ်မှစပြီး ယနေ့ (ဇွန်လ ၁၉ ရက်)အထိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများက ရွာငံမြို့နယ် ကျေးရွာတစ်ချို့တွင် လက်နက်ပြခြိမ်းခြောက်မှုများ လုပ်ဆောင်နေပြီး ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၅)...
ရွာငံစစ်ကောင်စီခန့် ထွေအုပ် (၃)ဦးကို အမည်မသိလက်နက်ကိုင်ဖမ်းဆီးသွားဟုဆို
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့တွင် စစ်ကောင်စီခန့်အပ်ထားသည် အထွေထွေအုပ်ချုပ်ရေးမှူး ဝန်ခမ်း (၃)ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးသွားပြီး ယနေ့အထိ ထုတ်ပြန်ချက်တစ်စုံတရာ မထုတ်ပြန်လာကြသေးကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဇွန်လ (၁၁)ရက် နံနက်ပိုင်းတွင် တောင်ကြီး-ရွာငံလမ်းပိုင်း တစ်နေရာ၌ ထွေအုပ်ဝန်ထမ်း (၃)ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုမှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး မည်သည့် အဖွဲ့မှ...
ရွာငံတွင် PSFအဖွဲ့ တာဝန်ခံ ဗိုလ်မီးခဲ လုပ်ကြံခံရ
ပြည်သူသားများအဖွဲ့ (PSF) တာဝန်ခံ ဗိုလ်မီးခဲ လုပ်ကြံခံရ၍ သေဆုံးသွားခဲ့ရကြောင်းနှင့် များစွာစိတ်မကောင်းဖြစ်ရကြောင့် ဓနုပြည်နယ် အမျိုးသားကာကွယ်ရေးတပ်တော် (DSNDA)က ပြီးခဲ့သည့် ဇွန်လ (၈)ရက်နေ့တွင် ထုတ်ပြန်လာသည်။ ပြီးခဲ့သည့် ဇွန်လ (၇)ရက်နေ့တွင် ရွာငံမြို့နယ် တစ်နေရာ၌ နေမကောင်းဖြစ်နေသော ရဲဘော်တစ်ဦးကို ဗိုလ်မီးခဲမှ သွားကြိုစဉ် လမ်းတစ်နေရာတွင် ဓားနှင့်ထိုးကာ...
ရွာငံမြို့နယ်က ကျေးရွာအချို့ အား စစ်ကောင်စီမှ တစ်အိမ်ကျပ်ငွေတစ်သောင်း တောင်းခံနေ
SHAN -
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်အတွင်းရှိ ကျေးရွာအချို့တွင် စစ်ကောင်စီမှ ဒေသခံပြည်သူများကို လစဉ် ကျပ်ငွေ တစ်သောင်း ကောက်ခံနေသောကြောင့် စားဝတ်နေရေးကြပ်တည်းနေကြကြောင်း စုံစမ်းသိရ သည်။ ရွာငံမြို့နယ် အတွင်းရှိ နွားဘန်းကြီး ကျေးရွာရှိ ဒေသခံများက စစ်ကောင်စီကို အကြောင်းရင်းမသိရဘဲ လစဉ် ကျပ်တစ်သောင်း ကို ခြောက်လနီးပါး ပေးဆောင်နေရသောကြောင့် ဒေသခံများ...
ရွာငံတွင် စစ်ကောင်စီတပ်သားများ အရပ်သား နေအိမ်တပ်စွဲ၊ ပိုက်ဆံတောင်း စားနပ်ရိက္ခာယူစားနေ
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အရှေ့ဘက် ကျေးရွာများကို စစ်ကောင်စီမှ စစ်ကြောင်းထိုးနေပြီး၊ အရပ်သားနေအိမ်တွင် တပ်စွဲကာ၊ ပိုက်ဆံတောင်းပြီး နေအိမ်ရှိ စားနပ်ရိက္ခာများလည်း ယူစားနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဧပြီလ (၂၄)ရက်နေ့မှ၍ ယနေ့ (ဧပြီ ၃၀)ရက်ထိ ရွာငံမြို့နယ် အရှေ့ဘက်ကျေးရွာများကို စစ်ကောင်စီမှ စစ်ကြောင်းထိုးနေပြီး အရပ်သား နေအိမ်များထဲတပ်စွဲနေထိုင်ခြင်း၊...
ရွာငံ စစ်ရှောင်အမျိုးသမီးငယ်များကို စစ်ကောင်စီတပ်သားများက အုပ်စုဖွဲ့မုဒိမ်းကျင့်မှုရှိ
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်ရှောင်အမျိုးသမီးငယ်များကို စစ်ကောင်စီတပ်သားများက လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ အုပ်စုဖွဲ့ မုဒိမ်းကျင့် ကျူးလွန်မှုများကို ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF)မှ ယမန်နေ့ ဧပြီလ (၂၄) ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် မေလ (၆)ရက်နေ့တွင် ရွာငံနယ်ဘက်သို့ ဝင်ရောက်လာသော စစ်ကောင်စီ စစ်ကြောင်းသည်...





