ရွာငံတွင် ပြည်သူပိုင်မြေများကို ခြံခတ်ပြီး ခဲသတ္တုတူးရန် ပြင်ဆင်နေ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ကျောက်ပိဇပ်ကျေးရွာနှင့် ကိုးဆူကျေးရွာကြားရှိ ပြည်သူပိုင်မြေများကို ခြံခတ်ပြီး သတ္တုပြန်လည်တူးဖော်ရန် ပြင်ဆင်နေကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ၂၀၁၀ခုနစ် အစောပိုင်းကာလတွင် ရွာငံမြို့နယ်တွင် အဆိုပါ သတ္တုတွင်းများမှ ခဲ၊ ငွေ စသည့် သတ္တုအမျိုးအစားများကို တူးဖော်ခဲ့ကြပြီး ဒေသခံများ၏ ကန့်ကွက်မှုကြောင့် သော်လည်းကောင်း၊ အခြေအနေ အမျိုးမျိုးကြောင့်သော်လည်းကောင်း တူးဖော်မှု ရပ်ဆိုင်းခဲ့ကြသည်။

ထိုနောက်၂၀၂၆ ဧပြီလ ပထမပတ်မှစ၍ ရွာငံမြို့နယ် ကျောက်ပိဇပ်ရွာနှင့် ကိုးဆူရွာကြားရှိ အဆိုပါ သတ္တုတွင်းဟောင်း အနီးတစ်ဝိုက် ပြည်သူပိုင်ဆိုင်သည့် မြေနေရာများကို ကုမ္ပဏီတစ်ခုမှ ခြံခတ်သွားပြီး သတ္တုတူးဖော်ရန် ပြန်လည်ပြင်ဆင်နေကြောင်း ဒေသခံများက ပြောသည်။

“ဒီသတ္တုတွင်းက မလုပ်တော့တာ ကြာပြီ။ အခုမကြာသေးဘူး အဲနားက မြေတွေကို ခြံလာခတ်ပြီး တွင်းတူးသွားတာ၊ ကျနော့်ခြံလည်း နည်းနည်းတောင် ပါသေးတယ်။ ရွာခံတွေကိုလည်း အသိမပေးဘူး၊ ခြံပိုင်ရှင်တစ်ချို့နဲ့ ပေါင်းပြီး လာလုပ်သွားတာ။ အရင်က တရုတ်ကုမ္ပဏီက လာလုပ်တယ်၊ အခုလည်း တရုတ်တွေလည်း ပါမယ်ထင်တယ်”ဟု ရွာငံဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ သတ္တုတွင်းကြောင့် ဒေသခံအများစုမှာ ရေအဆိပ်သင့်ခြင်း၊ မြေဆီလွှာပျက်စီးခြင်းများ ဖြစ်ပေါ်မည်ကို စိုးရိမ်သောကြောင့် သဘောတူညီမှု ရယူသင့်ကြောင်း အဆိုပါ အမျိုးသားက ဆက်ပြောသည်။

ယခင် ဆယ်စုနှစ်ကျော်က တူးဖော်ခဲ့သော သတ္တုတွင်းမှာ ဒေသခံများ၏ မြေနေရာကို အနည်းငယ်မျှသာယူ၍ ကျယ်ပြန့်မှုမရှိခဲ့သော်လည်း ယခု ၂၀၂၆ ခုနှစ် ဧပြီလတွင် အဆိုပါသတ္တုတွင်းနေရာကို တူးဖော်ရန် ပြင်ဆင်နေပြီး ပြည်သူများ၏ မြေနေရာကိုပါ ချဲ့ထွင်လာနေကြောင်း သိရသည်။

ထိုသို့ လုပ်ဆောင်ခဲ့သည့် ကုမ္ပဏီကို သျှမ်းသံတော်ဆင့်မှ ဆက်လက်စုံစမ်းနေပြီး သတ္တုတွင်းများကို ပြန်လည်တူးဖော်မည်ဆိုပါက သက်ဆိုင်ရာ အာဏာပိုင်များမှ တာဝန်ယူဖြေရှင်း ပေးစေလိုပြီး ပြည်သူများ၏ ဘဝရှေ့ရေးကိုလည်း ကြည့်ပေးစေလိုကြောင်း ဒေသခံများက တောင်းဆိုသည်။

“ကျမတို့ကတော့ သဘောမတူဘူးပေါ့နော်၊ ဟိုးအရင်က အမေတို့ လက်ထက်တုန်းကဆို သတ္တုလာတူးတုန်းက မြေတွေလည်း ပျက်စီးတယ်။ ရေတွေလည်း မသန့်တာတွေ ကြုံရတယ်၊ ကောင်းကျိုး ဘာမှမရှိဘူး ဆိုတော့ သဘောမတူဘူး။ ဒီပြဿနာကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက လာရောက်ဖြေရှင်းပေးစေလိုတယ်”ဟု ရွာငံဒေသခံ အသက် (၃၀)ကျော် အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ခေတ်ကာလ အနေထားအရ နိုင်ငံရေးမတည်ငြိမ်မှုနှင့် ဥပဒေစိုးမိုးမှု မရှိသည်ကို အခွင့်ကောင်းယူပြီး ယခင် ၂၀၁၅ ခုနှစ်တွင် မတူးဖော်လိုက်ရသည့် သတ္တုတွင်းများကို ယခု စစ်ကော်မရှင်လက်ထက်တွင် တရုတ်ကုမ္ပဏီများနှင့် ပူးပေါင်းကာ ပြန်လည်တူးဖော်ရန် ပြင်ဆင်နေခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

အလားတူ ရွာငံမြို့နယ် ကဇက်ကျေးရွာတွင်လည်း တရားမဝင် မြေနီများကို တူးဖော်၍ (၁၂)ဘီးကားများဖြင့် တင်ဆောင်၍ ကျောက်ဆည်ဘက်သို့ ပို့ဆောင်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

ရွာငံမြို့နယ် စစ်တပ် လူငယ်(၅)ဦးကို သေနတ်ပစ် တဉီးထိ၊ (၄)ဉီးရိုက်နှက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က အထိုင်ချ တပ်စွဲထားပြီး အသက် ၂၀အရွယ်ရှိ လူငယ် (၅)ဉီးကို သေနတ်ဖြင့် ပစ်ခတ်ကာ၊ ထိုထဲတွင် တဉီး ထိမှန်ခဲ့ပြီး ကျန်သူများကည်း ဖမ်းဆီးရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည် သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တောင်ဘက်ရှိ ကျေးရွာများတွင် စစ်တပ်က ရှောင်တိမ်းခိုင်းထားသော်လည်း ပစ္စည်းပျောက်မည်စိုး၍...

ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ...

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...

ရွာငံအတွင်း စစ်တပ် အင်းအားဖြည့် ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုရှိ 

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်  အတွင်းသို့ စစ်ကော်မရှင်တပ်သည့် နေ့စဉ် အင်အားဖြည့်တင်းနေပြီး၊ အရပ်သားဖမ်းဆီးရိုက်နှက်မှုများလည်း ဆက်တိုက်ကျူးလွန်နေကြောင်း စုံစမ်းသိရသည်။  နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်က အင်အား အလုံးရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု...