သျှမ်းတောင်တွင် မုန်ညှင်းထုပ်ဈေးကျဆင်း၊ လွှင့်ပစ်နေရခြင်းကြောင့် တောင်သူအရှုံးပေါ်

သျှမ်းပြည်တောင်ပိုင်း ပင်းတယ၊ ရွာငံ၊ ဟဲဟိုးနှင့် အောင်ပန်းမြို့များတွင် ရာသီပေါ် မုန်ညှင်းထုပ်များ ဈေးအဆမတန် ကျဆင်းနေသောကြောင့် လွှင့်ပစ်နေရပြီး တောင်သူများ အရှုံးပေါ်နေကြောင်း စုံစမ်းသိရသည်။

ဖေဖော်ဝါရီလ ဒုတိယပတ်မှ စတင်ပြီး သျှမ်းပြည်တောင်ပိုင်းတွင် ရာသီအလိုက် စိုက်ပျိုးထွက်ရှိသည့် မုန်ညှင်းထုပ် တစ်ပိဿာလျှင် ငွေကျပ် (၂၀၀) မှ (၃၀၀) အထိသာ ပွဲစားများက ဈေးနှိမ် ဝယ်ယူနေပြီး တောင်သူများအတွက် အရင်း မကျန်သည်အထိ အရှုံးပေါ်နေခြင်းကြောင့် မုန်ညှင်းထုပ်များကို လွှင့်ပစ်နေရသည်။

ထို့ကြောင့် မုန်ညှင်းထုပ် စိုက်ပျိုးသူများသည် ငွေကျပ်သိန်း (၅၀) ရင်းလျှင် သိန်း(၂၀) ဝန်းကျင်ခန့်သာ ပြန်ရသောကြောင့် တောင်သူများ အရှုံးပေါ်နေကြသည်။

“အောင်ပန်းမှာတောင် တစ်ပိဿာ (၃၀၀)ပဲ ရှိတယ်၊ အိမ်အထိ လာဝယ်ရင် (၂၀၀)တဲ့။ အမြတ်မဆိုထားနဲ့ အရင်းတောင် ပြန်မရဘူး၊ ပွဲစားတွေလည်း ဈေးရမ်းဆ နှိမ်တာ။ တောင်သူတွေပဲ မွဲပြီး ပွဲစားတွေပဲ ချမ်းသာသွားကြတာ။ ဈေးကောင်းတဲ့ အခါကျရင်လည်း တစ်ပိဿာ တစ်သောင်း ဝန်းကျင်အထိရတာ၊ စျေးကျရင်လည်း ကုန်းကောက်စရာ မရှိဘူး”ဟု ပင်းတယဒေသခံ စိုက်ပျိုးရေး လုပ်ကိုင်သူ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုကဲ့သို့ ရာသီပေါ် စိုက်ပျိုးသီးနှံများ ဈေးကျဆင်းနေခြင်းမှာ ကုန်သွယ်ရေးလမ်းကြောင်း ခက်ခဲမှုရှိနေခြင်းကြောင့် သော်လည်းကောင်း၊ နွေဦးရာသီ ရောက်လာသောကြောင့် ကုန်စိမ်းများ ကြာရှည်မခံခြင်း စသည်တို့ကြောင့်လည်း ဖြစ်နိုင်သည်ဟု အဆိုပါ အမျိုးသားက ပြောသည်။

သျှမ်းပြည်တောင်ပိုင်းတွင် မုန်ညှင်းဖြူ၊ မုန်ညှင်းထုပ်နှင့် တခြားကုန်စိမ်းများ ဈေးကောင်းမရ၍ လွှင့်ပစ်နေချိန် ရန်ကုန်၊ မန္တလေးနှင့် အခြားသော မြို့ကြီးများတွင် ဈေးကြီးပေး၍ ဝယ်စားနေရကြောင်း သိရသည်။

“ကျနော့်အမေဆို မုန်ညှင်းစိုက်ပြီး ကျနော့်ကို ကျောင်းထားတာ၊ အခုဆို ကျောင်းပါ ထွက်ရတော့မယ်။ ကျောင်းထွက်ရင်လည်း အလုပ်က ရှာရခက်တယ်၊ ပွဲစားတွေက ဈေးအရမ်းနှိမ်တော့ တောင်သူတွေပဲ အဆင်မပြေ ဖြစ်ကြရတယ်။ ပင်ပန်းသမျှ မောသမျှ ဘာမှ အဖတ်မတင်ဘူး”ဟု ရွာငံဒေသခံ လူငယ်အမျိုးသား တစ်ဦးက ပြောသည်။

ဈေးကောင်းရရှိနိုင်သည့် မြို့ကြီးများသို့ ကိုယ်တိုင်သွားရောက် ရောင်းချရန် အဆက်အသွယ် မရှိကြသောကြောင့် ပွဲစားများထံ တစ်ဆင့်ခံ ရောင်းချနေကြရပြီး မုန်ညှင်းထုပ်များကို လိုအပ်သူများ မိမိစရိတ်နှင့် လာရောက်ယူနိုင်ကြောင်း ၎င်းအမျိုးသားက ထပ်လောင်းပြောသည်။
ထို့အပြင် မုန်ညှင်းထုပ် ပေါများလွန်းသောကြောင့် နွားပင် မစားတော့ကြောင်းနှင့် မုန်ညှင်းထုပ်များကို အခြားနည်းလမ်းဖြင့် ကုန်ချောထုတ်လုပ်ကာ ရောင်းချနိုင်ရန် အဆင့်မြှင့်ထုတ်ကုန် နည်းလမ်းကောင်းများ ကျေးရွာဘက်တွင် လိုအပ်နေကြောင်း သိရသည်။

အလားတူ ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ စပြီး သျှမ်းပြည်တောင်ပိုင်းမှ ထွက်သည့် စတော်ဘယ်ရီဈေးနှုန်းများ တစ်ပုံးလျှင် ငွေကျပ် (၅၀၀၀) မှ (၃၀၀၀) အထိ ကျဆင်းနေပြီး တောင်သူများ အမြတ်ပင် မရရှိတော့ကြောင်း သိရသည်။

သျှမ်းပြည်တောင်ပိုင်းမှ ဒေသခံ အများစုသည် စိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေကြရပြီး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည်တို့ကို စိုက်ပျိုးရေးလုပ်ငန်းမှ ရသည့် ဝင်ငွေဖြင့်သာ အထောက်အကူပြု မှီခိုနေကြရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံတွင် ဦးဇင်းတပါး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ပွေးနဖားကျေးရွာတွင် ဦးဇင်းတစ်ပါး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု ခေါ်ဆောင်သွားပြီး ဇူလိုင်လ (၂၁) ရက် နံနက်ပိုင်းတွင်...

ရွာငံ တွင် စစ်ကော်မရှင်တပ် က အရပ်သား (၈)ဦးဖမ်းဆီးသွား

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အုတ်တွင်း ကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က အရပ်သား(၈)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက် ညနေ (၃)နာရီအချိန်တွင် စစ်ကော်မရှင်တပ်သည် ကျောက်ငှက်ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးရာမှ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်...

ရွာငံမှာ DNDPပါတီ အဖွဲ့ဝင် တဦးနှင့် အရပ်သားတဦး ထပ်မံ အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ရွာငံမြို့နယ် မြင်းကျဒိုးကျေးရွာမှ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ( DNDP) အဖွဲ့ဝင်တစ်ဦး နှင့် အရပ်သားတစ်ဦး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၁၄)ရက်ညဘက်တွင် ညောင်ပင်ခွ ကျေးရွာတွင် DNDP ဒုဥက္ကဌ ဦးစံတင့်နှင့် ဝက်ကုမ္ပဏီလုပ်ငန်း လုပ်ကိုင်သူ ဦးအောင်ဝင်းစိန်တို့ကို အမည်မသိ...

ရွာငံက သက်ငယ်မုဒိန်းကျူးလွန်သည့် အမျိုးသား နှစ်လကျော်ကြာသည်အထိ မဖမ်းမိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တပင်ပျော်ကျေးရွာမှ သက်ငယ်မုဒိမ်းကျူးလွန်သည့် အမျိုးသား နှစ်လကျော် ကြာသည်အထိ မဖမ်းမိသေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ဒုတိယပတ်တွင် ရွာငံမြို့နယ် တပင်ပျော်ကျေးရွာ၌ အသက်(၁၄)နှစ်အရွယ် မိန်းကလေးတစ်ဦးကို တစ်ရွာတည်းနေ အသက်(၄၀)ကျော်အရွယ် မောင်တူးဆိုသူက အဓမ္မပြုကျင့်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်အပြီး တရားခံဖြစ်သူကို ဖမ်းဆီးစစ်ဆေးနေစဉ် မောင်တူးသည် ရွာငံဆေးရုံမှ...

ရွာငံတွင် ဓားပြမှုများ မကြာခဏ ဖြစ်ပွား ဒေသခံများ လုံခြုံမှုကင်းမဲ့လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် ဓားပြမှုများ မကြာခဏ ဖြစ်ပွားလာသောကြောင့် ဒေသခံများ စိုးရိမ်ပူပန်မှု ဖြင့်နေထိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ မှစပြီး ရွာငံမြို့နယ်တွင် အုပ်စုဖွဲ့ ဓားပြတိုက် လုယက်မှုများ မကြာခဏ ဖြစ်ပွားလာနေပြီး ရွာငံမြို့ပေါ်နှင့် ကျေးရွာများတွင် ဓားပြတိုက်ခံရ၍ ငွေသား ကျပ်သိန်းတစ်ရာနှင့် ရွှေထည်များသွးကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ အဆိုပါ...