ရွာငံတွင် စစ်တပ်အရာရှိကြီး ခွင့်ပြုချက်ဖြင့် တရားမဝင် မြေနီတူးဖော်နေမှုကြောင့် တောင်သူများ အခက်တွေ့နေ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်နယ် ကဇက်ကျေးရွာအနီးတွင် စစ်တပ်အရာရှိကြီးများ၏ အကာအကွယ်ဖြင့် တရားမဝင် မြေနီတူးဖော်မှုများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေသဖြင့် ဒေသခံတောင်သူများ၏ စိုက်ပျိုးမြေများ ပျက်စီးဆုံးရှုံးနေကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါ မြေနီတူးဖော်မှုကို ကိုညီဆိုသူက ဦးဆောင်ကာ တူးဖော်နေခြင်းဖြစ်ပြီး ၎င်းသည် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဒု-တိုင်းမှုး၏ ခွင့်ပြုချက်ရရှိထားကြောင်း ဆိုကာ တားဆီးသည့် ဒေသခံရွာသားများနှင့် တောင်သူများကို ခြိမ်းခြောက်ပြောဆိုနေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“လူကြီးတွေ ခွင့်ပြုထားတာ၊ ဘယ်ရွာသားမှ လာမပြောနဲ့။ ကြိုက်တဲ့သူဆီ သွားတိုင်လို့ရတယ်။ မကြောက်လို့ လုပ်နေတာ” ဟု ဆိုကာ ဒေသခံများအပေါ် ဖိအားပေးနေကြောင်း ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တရားမဝင် မြေနီတူးဖော်မှုကြောင့် မြေဆီလွှာ ထိန်းသိမ်းမှုစနစ်များ ပျက်စီးပြီး သီးနှံစိုက်ပျိုးရေးကို တိုက်ရိုက်ထိခိုက်စေကာ ရေရှည်တွင် စိုက်ပျိုးမြေများ ဆုံးရှုံးမည့်အရေးကို တောင်သူများက စိုးရိမ်နေကြကြောင်း သိရသည်။

ရွာငံမြို့နယ်သည် လက်ရှိတွင် စစ်ကောင်စီတပ်နှင့် PDF များအကြား စစ်ရေးလှုပ်ရှားမှုများရှိနေသည့် နယ်မြေဖြစ်သဖြင့် ဒေသခံများမှာ နှစ်ဖက်စလုံးကို ကြောက်လန့်နေရသည့်ကြားမှ ယခုကဲ့သို့ အနိုင်ကျင့်ခံနေရခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

တူးဖော်ရရှိသည့် မြေနီများကို ကျောက်ဆည်မြို့ရှိ ဘိလပ်မြေစက်ရုံများသို့ တင်ပို့နေခြင်းဖြစ်ပြီး ထိုသို့ သယ်ဆောင်ရာတွင် အဆင်ပြေစေရန် မြို့နယ်အဆင့် ဌာနဆိုင်ရာများကို လာဘ်ပေးကာ တရားမဝင် ပို့ဆောင်နေခြင်းဖြစ်ကြောင်း ခိုင်လုံသော သတင်းရင်းမြစ်များက ဆိုသည်။

လက်ရှိတွင် နစ်နာနေသော တောင်သူများက ၎င်းတို့ကိုယ်စား မြို့နယ်လွှတ်တော်အမတ်များထံ အကြောင်းကြားထားပြီး အဆိုပါ တရားမဝင် လုပ်ငန်းကို ချက်ချင်းတားဆီးပေးရန်နှင့် လွှတ်တော်တွင် မေးမြန်းပေးရန် တင်ပြထားကြောင်း သိရသည်။

သို့သော်လည်း လက်ရှိအချိန်အထိ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ပေးမှု မရှိသေးဘဲ မြေနီတူးဖော်မှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဒေသခံများက ပြောသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံတွင် ဦးဇင်းတပါး အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ပွေးနဖားကျေးရွာတွင် ဦးဇင်းတစ်ပါး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု ခေါ်ဆောင်သွားပြီး ဇူလိုင်လ (၂၁) ရက် နံနက်ပိုင်းတွင်...

ရွာငံ တွင် စစ်ကော်မရှင်တပ် က အရပ်သား (၈)ဦးဖမ်းဆီးသွား

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အုတ်တွင်း ကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်တပ်က အရပ်သား(၈)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဇူလိုင်လ ၁၈ ရက် ညနေ (၃)နာရီအချိန်တွင် စစ်ကော်မရှင်တပ်သည် ကျောက်ငှက်ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုးရာမှ တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်...

ရွာငံမှာ DNDPပါတီ အဖွဲ့ဝင် တဦးနှင့် အရပ်သားတဦး ထပ်မံ အသတ်ခံရ

0
သျှမ်းပြည်တောင်ပိုင်း၊ရွာငံမြို့နယ် မြင်းကျဒိုးကျေးရွာမှ ဓနုတိုင်းရင်းသား လူမျိုးများ ဒီမိုကရေစီပါတီ( DNDP) အဖွဲ့ဝင်တစ်ဦး နှင့် အရပ်သားတစ်ဦး ထပ်မံ အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ယမန်နေ့ ဇူလိုင်လ (၁၄)ရက်ညဘက်တွင် ညောင်ပင်ခွ ကျေးရွာတွင် DNDP ဒုဥက္ကဌ ဦးစံတင့်နှင့် ဝက်ကုမ္ပဏီလုပ်ငန်း လုပ်ကိုင်သူ ဦးအောင်ဝင်းစိန်တို့ကို အမည်မသိ...

ရွာငံက သက်ငယ်မုဒိန်းကျူးလွန်သည့် အမျိုးသား နှစ်လကျော်ကြာသည်အထိ မဖမ်းမိသေး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တပင်ပျော်ကျေးရွာမှ သက်ငယ်မုဒိမ်းကျူးလွန်သည့် အမျိုးသား နှစ်လကျော် ကြာသည်အထိ မဖမ်းမိသေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မေလ ဒုတိယပတ်တွင် ရွာငံမြို့နယ် တပင်ပျော်ကျေးရွာ၌ အသက်(၁၄)နှစ်အရွယ် မိန်းကလေးတစ်ဦးကို တစ်ရွာတည်းနေ အသက်(၄၀)ကျော်အရွယ် မောင်တူးဆိုသူက အဓမ္မပြုကျင့်ခဲ့သည်။ အဆိုပါ ဖြစ်စဉ်အပြီး တရားခံဖြစ်သူကို ဖမ်းဆီးစစ်ဆေးနေစဉ် မောင်တူးသည် ရွာငံဆေးရုံမှ...

ရွာငံတွင် ဓားပြမှုများ မကြာခဏ ဖြစ်ပွား ဒေသခံများ လုံခြုံမှုကင်းမဲ့လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် ဓားပြမှုများ မကြာခဏ ဖြစ်ပွားလာသောကြောင့် ဒေသခံများ စိုးရိမ်ပူပန်မှု ဖြင့်နေထိုင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ မှစပြီး ရွာငံမြို့နယ်တွင် အုပ်စုဖွဲ့ ဓားပြတိုက် လုယက်မှုများ မကြာခဏ ဖြစ်ပွားလာနေပြီး ရွာငံမြို့ပေါ်နှင့် ကျေးရွာများတွင် ဓားပြတိုက်ခံရ၍ ငွေသား ကျပ်သိန်းတစ်ရာနှင့် ရွှေထည်များသွးကြောင်း ဒေသခံများပြောပြချက်အရသိရသည်။ အဆိုပါ...