ရွာငံတွင် ပျူစောထီးခေါင်းဆောင်နှင့် ၎င်းလက်အောက်ခံ အမျိုးသားတစ်ဦး အသတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် မြင်းကျဒိုးကျေးရွာတွင် စစ်ကော်မရှင်လက်အောက်ခံ ပျူစောထီးခေါင်းဆောင်နှင့် ၎င်းလက်အောက်ငယ်သား အမျိုးသားတစ်ဦး ပစ်ခတ်တိုက်ခိုက်ခံရပြီး သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

နိုဝင်ဘာလ ၂၉ ရက်တွင် ရွာငံမြို့နယ် မြင်းကျဒိုးကျေးရွာ၌ နေထိုင်သည့် အသက် ၆၀ ဝန်းကျင် ပျူစောထီးခေါင်းဆောင် ဦးဝင်းမြင့်နှင့် ၎င်း၏လက်အောက်ငယ်သား အမျိုးသားတစ်ဦးတို့ လိုက်ပါစီးနင်းလာသည့် အိမ်စီးကားကို ရွာငံ-အောင်ပန်း အမြန်လမ်းကြီး တစ်နေရာတွင် ဓနုပြည်နယ်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (DSNDA) က ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၂ ဦးလုံး သေဆုံးသွားခဲ့ကြောင်း သိရသည်။

“အဲဒီ ပျူစောထီးခေါင်းဆောင်က ရွာငံမှာ စကစနဲ့ ပေါင်းပြီး ပြည်သူအိမ်တွေ မွှေနှောက်တာတွေ၊ ပိုင်ဆိုင်မှု မတရား သိမ်းတာ ဖမ်းတာ အစုံလုပ်တယ်။ သူ့လက်အောက်ငယ်သားတွေလည်း မွေးထားတယ်၊ ကျနော်တို့ အဖွဲ့က ရှင်းလင်းလိုက်တာပါ”ဟု DSNDA တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ထိုသို့ ပစ်ခတ်တိုက်ခိုက်ခံရပြီး သေဆုံးသွားသည့် ပျူစောထီးခေါင်းဆောင်နှင့် ၎င်းလက်အောက်ခံ အမျိုးသား တစ်ဦးတို့သည် ရွာငံမြို့နယ်အတွင်း ပြည်သူများကို စစ်ကော်မရှင် အလိုကျ ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်း ပြုလုပ်ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့် နီးစပ်သူများကိုလည်း ရှာဖွေကာ စစ်ကော်မရှင်ထံ သတင်းပေးမှုများ ပြုလုပ်ခဲ့ကြောင်း ဆိုသည်။

ရွာငံမြို့နယ်တွင် နိုဝင်ဘာလ တစ်လအတွင်း စစ်ကော်မရှင်လက်အောက်ခံ ပျူစောထီး၊ အုပ်ချုပ်ရေးမှူး အပါအဝင် အရပ်သား ခြောက်ဦး အသတ်ခံခဲ့ရသည်။

ထို့အပြင် နိုဝင်ဘာလ ၂၇ ရက်တွင်လည်း ရွာငံမြို့နယ် နွားဘန်းကြီး ကျေးရွာမှ အမျိုးသားတစ်ဦးကို အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့မှ လာရောက် သတ်ဖြတ်သွားသောကြောင့် ကျေးရွာအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ဝင်ရောက် စစ်ဆေးနေကြောင်း ဒေသခံများက ပြောဆိုသည်။

“ရွာသားတစ်ဦး အသတ်ခံရလို့ စစ်တပ်တွေ ရွာထဲ ဝင်မွှေနေတာ။ ဖုန်းလည်း လိုက်စစ်တာ တစ်အိမ်တက်ဆင်းကို မေးနေတာ။ သူတို့ တပ်စွဲနေတဲ့ ကြားထဲက ဖြစ်သွားတော့ သူတို့ စိတ်တိုနေတာ၊ ပြည်သူတွေကို ဖိနေတာ”ဟု ရွာငံမြို့နယ်မှ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ အသတ်ခံရသူ အမျိုးသားတစ်ဦးသည် အသက် ၄၀ ဝန်းကျင် ရှိပြီဖြစ်ပြီး မည်သူ လာရောက်သတ်ဖြတ်သွားသည်ကို အတိအကျ မသိရဘဲ ရန်ငြိုးရှိ၍ အသတ်ခံရသည်ဟု ဒေသခံများက မှတ်ချက်ပြုသည်။

ရွာငံမြို့နယ်တွင် စစ်ကော်မရှင် လက်အောက်ခံ အုပ်ချုပ်ရေးမှူး၊ ပျူစောထီးများနှင့် အရပ်သားများ မကြာခဏ အသတ်ခံနေရသောကြောင့် ကျေးရွာအတွင်း အုပ်ချုပ်ရေးမှူး တာဝန်ယူမည့်သူပင် မရှိတော့ကြောင်း သိရသည်။

“ရွေးကောက်ပွဲ နီးလာလို့လား မသိဘူး၊ ဒီလထဲ အသတ်ခံရတာ တော်တော်ကြားလာရတာ။ စစ်တပ်ဘက်ကလည်း ပြည်သူတွေကို အရမ်းဖိလာတယ်။ ဟိုဘက် ဒီဘက် ကြောက်နေရတာ၊ ပြည်သူတွေက လန့်နေရတာ”ဟု ရွာငံဒေသခံ အမျိုးသမီး တစ်ဦးက ပြောသည်။

ရွာငံမြို့နယ်တွင် လွန်ခဲ့သည့် ၂၀၂၄ ခုနှစ်မှစ၍ ယခု ၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်း ဒလန်ဟု စွပ်စွဲကာ အသတ်ခံရသည့် အရပ်သားနှင့် အုပ်ချုပ်ရေးမှူး ၁၆ ဦးအထိ ရှိလာကြောင်း သျှမ်းသံတော်ဆင့် ကောက်ယူထားသည့် စာရင်းအရ သိရသည်။

လက်ရှိ ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်၊ ၎င်း၏လက်အောက်ခံ ပျူစောထီးတပ်၊ ပအိုဝ်းပြည်သူ့စစ် PNO တပ်နှင့် ဓနုအမျိုးသားလွတ်မြောက်ရေးတပ်ဦး DPLA/DPLF အပြင် ဓနုပြည်နယ် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (DSNDA) တို့ အခြေစိုက် ထားကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံ စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့ ထိတွေ့မှုရှိ၊ ဒေသခံများကို စစ်ဆေးမှု ပိုတင်းကျပ်လာ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲ မကြာခဏ ဖြစ်ပွားနေပြီး၊ စစ်တပ်က ဒေသခံများကို သွားလာမှု ကန့်သတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ နောက်ဆုံးပတ်တွင် ရွာငံမြို့နယ် ဆတ်ခြံကျေးရွာနှင့် တောင်ဦးကျေးရွာကြားတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးဘက်မှ ရှောင်တခင်တိုက်ခိုက်သောကြောင့် စစ်တပ်ဘက်မှ...

ရွာငံမြို့နယ် စစ်တပ် လူငယ်(၅)ဦးကို သေနတ်ပစ် တဉီးထိ၊ (၄)ဉီးရိုက်နှက်ခံရ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် သိမ်ကုန်းကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က အထိုင်ချ တပ်စွဲထားပြီး အသက် ၂၀အရွယ်ရှိ လူငယ် (၅)ဉီးကို သေနတ်ဖြင့် ပစ်ခတ်ကာ၊ ထိုထဲတွင် တဉီး ထိမှန်ခဲ့ပြီး ကျန်သူများကည်း ဖမ်းဆီးရိုက်နှက်မှုပြုလုပ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများကပြောသည် သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် တောင်ဘက်ရှိ ကျေးရွာများတွင် စစ်တပ်က ရှောင်တိမ်းခိုင်းထားသော်လည်း ပစ္စည်းပျောက်မည်စိုး၍...

ရွာငံမြို့နယ် အတွင်းရှိ ကျေးရွာများကို စစ်တပ်က ၃ရက်အတွင်း အပြီးပြောင်းရွှေ့ခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုရှိ ကျေးရွာများကို စစ်တပ်မှ သုံးရက်အတွင်း ပြောင်းရွှေ့ရန် အမိန့်ထုတ်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၁၆ ရက်မှ စပြီး ရွာငံမြို့နယ် မြိုင်ကျေးရွာ အုပ်စုအပါဝင် ရွာငံတောင်ပိုင်းမှ ကျေးရွာ အများစုကို စစ်တပ်မှ ပြောင်းရွှေ့ရန် အမိန့်ပေးထားပြီးနောက် ဒေသခံများ...

ရွာငံတွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်တွင် စစ်တပ်က စစ်အင်အားအလုံးအရင်းဖြင့်ဝင်ရောက်လာပြီး အရပ်သားများကို ဖမ်းဆီးကာ လူသားဒိုင်းအဖြစ်အသုံးပြုနေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ နောက်ဆုံးပတ်မှစပြီး စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် မြောက်ဘက်ပိုင်းတွင် စစ်အင်အား အလုံးအရင်းဖြင့်နေစဉ် စစ်ကြောင်းထိုးပြီး၊ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA)နှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့နောက် ရွာငံမြို့ မြောက်ဘက်ကျေးရွာရှိ...

ရွာငံအတွင်း စစ်တပ် အင်းအားဖြည့် ဒေသခံများကို ဖမ်းဆီးရိုက်နှက်မှုရှိ 

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်  အတွင်းသို့ စစ်ကော်မရှင်တပ်သည့် နေ့စဉ် အင်အားဖြည့်တင်းနေပြီး၊ အရပ်သားဖမ်းဆီးရိုက်နှက်မှုများလည်း ဆက်တိုက်ကျူးလွန်နေကြောင်း စုံစမ်းသိရသည်။  နွားဘန်းကြီးကျေးရွာနှင့် ပွေးနဖားကျေးရွာဘက်တွင် စစ်ကော်မရှင်တပ်က အင်အား အလုံးရင်းဖြင့် စစ်ကြောင်းထိုးနေကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် ဇူလိုင်လ (၂၀) ရက်တွင်  ရွာငံမြို့နယ် ပွေးနဖားကျေးတွင် အမည်မသိ လက်နက်ကိုင် အဖွဲ့မှ ဦးဇင်းတစ်ပါးကို စစ်ဆေးမေးမြန်း စရာရှိသည်ဟု...