ရွာငံမြို့နယ်
ရွာငံမြို့နယ် အမျိုးသားတစ်ဦး အသတ်ခံရ
SHAN -
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာသို့ အလည်ရောက်နေသည့် အမျိုးသားတစ်ဦး အသတ်ခံလိုက်ရကြောင်း သတင်းသိရသည်။ ဖြစ်စဥ်မှာ ပြီးခဲ့သည့် မတ်လ ၂၉ ရက် ည ၉ နာရီဝန်းကျင်အချိန်တွင် အလယ်ချောင်ကျေးရွာ အနောက်ကုန်း ရပ်ကွက်ရှိ နေအိမ်တစ်ခုသို့ အလည်ရောက်ရှိနေသည့် စစ်တပ်သတင်းပေး ဟု နာမည်ထွက်နေသည့် အမျိုးသား တစ်ဦး...
ရွာငံမြို့နယ် တိမ်းရှောင်ပြည်သူများ အိမ်ပြန်လာရန် စစ်ကောင်စီ ခြိမ်းခြောက်
SHAN -
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ပဲယင်တောင်ကျေးရွာမှ ထွက်ပြေးတိမ်းရှောင်နေသည့် ပြည်သူများကို အိမ်ပြန်လာရန် စစ်ကောင်စီတို့က ပြောဆိုခြိမ်းခြောက်ကြောင်း စုံစမ်းသိရသည်။ ရွာငံမြို့ရှိ ပဲယင်တောင်ကျေးရွာအတွင်းသို့ မတ် ၂၄ ရက်တွင် စစ်ကောင်စီတပ်သားများရောက်ရှိလာပြီး ထွက်ပြေးတိမ်းရှောင်နေသည့် ရွာသားများ အိမ်ပြန်လာကြရန်နှင့် တစ်ပတ်အတွင်းမရောက်ရှိပါက လူမရှိသည့် နေအိမ်များကို သိမ်းယူမည်ဟု ခြိမ်းခြောက်ပြောဆိုသွားကြောင်း ထွက်ပြေးတိမ်းရှောင်နေသည့် ဒေသခံအမျိုးသား...
ရွာငံမြို့နယ် လူမနေသည့်အိမ် စစ်ကောင်စီ ဖောက်ထွင်း ပစ္စည်းများ ယူဆောင်သွား
SHAN -
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ပဲရင်းတောင်ကျေးရွာတွင် လူမနေထိုင်သည့် နေအိမ်များကို စစ်သားများက ဖောက်ထွင်းပြီး အိမ်တွင်းပစ္စည်းများကို ယူဆောင်သွားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းတွင် ပဲရင်းတောင်ကျေးရွာမှ စစ်ဘေးတိမ်းရှောင်နေသည့် ပြည်သူ့နေအိမ်များနှင့် ကြောက်လန့်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူ့နေအိမ်များကို စစ်သားများက ဖောက်ထွင်းပြီး အိမ်တွင်းပစ္စည်းများကို ယူဆောင်သွားကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့် ကို...
ရွာငံမြို့ဖမ်းဆီးခံထားရသည့် NLD အမတ် နေအိမ် ချိတ်ပိတ်ခံရ
SHAN -
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာတွင် နေထိုင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD ) လွှတ်တော်အမတ်၏ နေအိမ်ကို စစ်ကောင်စီတပ်သားများက လာရောက်ချိတ်ပိတ်သွားကြောင်း သတင်းရရှိသည်။ မတ်လ ၂၂ ရက်တွင် စစ်သားနှင့်ရဲသားတချို့က ဖမ်းဆီးခံထားရသည့် NLD အမတ်၏ နေအိမ်ကို ကားတစ်စီးဖြင့် ရောက်ရှိလာပြီး အိမ်တွင်း ပစ္စည်းတချို့ ယူဆောင်ကာ...
ရွာငံမြို့ စစ်တပ်သတင်းပေးဟု နာမည်ထွက်သူတစ်ဦး သတ်ခံရ
SHAN -
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်တပ်သတင်းပေးဟု နာမည်ထွက်နေသည့် အမျိုးသားတစ်ဦး အသတ်ခံရပြီး ပစ်ခတ်မှုများ ဖြစ်ပွားသွားကြောင်း သတင်းသိရသည်။ ယမန်နေ့ (မတ်လ ၂၀ ရက်) ည ၁၀ နာရီဝန်းကျင်မှစတင်ကာ ရွာငံမြို့နယ် ပဲရင်းတောင်ကျေးရွာရှိ စစ်တပ်သတင်ပေးဟု နာမည်ထွက်နေသည့် ဦးစိုးမြင့် ၏ နေအိမ် တိုက်ခိုက်ခံရပြီးနောက် ပစ်ခတ်သံများ...
ရွာငံ ဗုံးခွဲတိုက်ခိုက်ပြီးနောက် စစ်ကောင်စီမှ ရွာသား ၃ ဦးကို ဖမ်းဆီး
SHAN -
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့တွင် စစ်တပ်သတင်းပေးသူ၏ နေအိမ် ဗုံးခွဲတိုက်ခိုက်ခံရမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်မှ ရွာသား ၃ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းသိရသည်။ ယနေ့ (မတ်လ ၁၈)ရက် မနက် ၃ နာရီဝန်းကျင်တွင် ရွာငံမြို့နယ်၊ နန်းခုံကျေးရွာအုပ်စု၊ ပဲယင်းတောင် ရွာနေ စစ်တပ်သတင်းပေးဟု...
ရွာငံမြို့ ကြံ့ခိုင်ရေးရုံး ဗုံးပေါက်ကွဲ
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့တွင် အာဏာသိမ်းစစ်ကောင်စီအင်အား လှည့်လည် စစ်ဆေးနေသည့် ရွာငံမြို့ရှိ ကြံ့ခိုင်ရေးရုံးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားကြောင်း သတင်းသိရသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီခွဲဝန်းကျင်တွင် ရွာငံမြို့၊ ဈေးတန်းရပ်ကွက် တောင်ပိုင်းရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး USDP (ကြံ့ခိုင်ရေးရုံး)...
ရပ်စောက်မြို့နယ် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲဆက်လက် ပြင်းထန်နေ
SHAN -
သျှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့ ကျောက်ဂူကျေးရွာအနီးတွင် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း သတင်းသိရသည်။ ယနေ့ (ဖေဖော်ဝါရီလ ၉ ရက်) မနက် ၁၁ နာရီဝန်းကျင်မှ နေ့လည် ၁ နာရီအထိ သျှမ်းပြည် တောင်ပိုင်း ရပ်စောက်မြို့နယ်အတွင်းမှ ကျေးရွာများအထိ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲနှင့် သျှမ်းပြည်ပြန်လည်ထူထောင် ရေး ကောင်စီ၊...
သျှမ်း – မန္တလေးစပ်ကြား စစ်ကောင်စီ ယာဥ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ
SHAN -
သျှမ်း နှင့် မန္တလေးစပ်ကြား ရွာငံ - ဟန်မြင့်မိုရ်လမ်းပိုင်း၊ သံရွာနှင့် ဟန်မြင့်မိုရ်ကြားတွင် စစ်ကောင်စီ၏ ထောက်ပို့ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သတင်းသိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၄ ရက် မနက် ၉ နာရီဝန်းကျင်တွင် သျှမ်းပြည်တောင်ပိုင်းမှ တောင်တော်စစ်တပ်ဆီ ဦးတည်သွားနေသည့် စစ်ယာဥ်တန်းကို ကျောက်ဆည်ခရိုင်ကာကွယ်ရေးတပ်ဖွဲ့(K.D.D.F)နှင့် Black...
ရွာငံမြို့နယ်ရှိ Mytel တာဝါတိုင် ပထဆုံးအကြိမ် ဖျက်ဆီးခံရ
SHAN -
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ပိန္နဲကုန်းကျေးရွာနှင့် ညောင်အိမ်ကြားရှိ စစ်ကောင်စီပိုင် Mytel တာဝါတိုင် မီးရှို့ဖျက်ဆီးခံရကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်း အချိန်တွင် ပိန္နဲကုန်းကျေးရွာရှိ Mytel တာဝါတိုင်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် PDF က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ “ဟုတ်တယ်။ အဲ့နားရှိတဲ့...





