Wednesday, January 28, 2026

ရွာငံမြို့ဖမ်းဆီးခံထားရသည့် NLD အမတ် နေအိမ် ချိတ်ပိတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာတွင် နေထိုင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD ) လွှတ်တော်အမတ်၏ နေအိမ်ကို စစ်ကောင်စီတပ်သားများက လာရောက်ချိတ်ပိတ်သွားကြောင်း သတင်းရရှိသည်။

မတ်လ ၂၂ ရက်တွင် စစ်သားနှင့်ရဲသားတချို့က ဖမ်းဆီးခံထားရသည့် NLD အမတ်၏ နေအိမ်ကို ကားတစ်စီးဖြင့် ရောက်ရှိလာပြီး အိမ်တွင်း ပစ္စည်းတချို့ ယူဆောင်ကာ ဦးစိုင်းဝဏ္ဏ၏ နေအိမ်ကို ချိတ်ပိတ်စာကပ်သွားကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပြီးတော့ မတ်လ ၂၂ ရက်က ကားတစ်စီးနဲ့လာတဲ့ စစ်သား တွေက အိမ်ထဲက ဗီဒိုတွေ စားပွဲတွေ၊ TV တွေ နဲ့ အိမ်ထဲက ပစ္စည်းတော်တော်များကို ကားပေါ်တင်ပြီး အိမ်ကို ချိတ်ပိတ်သွားတယ်၊ ရွာလူကြီးကိုလည်း အသိ ပေးတာ မရှိဘူး၊ သူတို့လာလုပ်သွားပြီးမှ ရွာသားတွေ ပြောလို့ ရွာလူကြီးက သိရတာ” ဟု အလယ်ချောင်ရွာသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဦးစိုင်းဝဏ္ဏနှင့် မိသားစုဝင် ၄ ဦးကို ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့တွင် စစ်ကောင်စီတပ်သားတို့က လာရောက် ဖမ်းဆီးခေါ်ဆောင်သွားပြီး မိသားစုဝင် ၃ ဦးက ပြန်လည်လွတ်မြောက်လာသော်လည်း ဦးစိုင်းဝဏ္ဏနှင့် နောက်ထပ် မိသားစုဝင် တစ်ဦးက ဖမ်းဆီးခံထားရဆဲ ဖြစ်ကြောင်း သတင်းသိရသည်။

“ဖမ်းဆီးမှုမှာ မပါတဲ့ ဦးစိုင်းဝဏ္ဏအမေအိုနဲ့ ပြန်လွတ်လာတဲ့ မိသားစုဝင်တွေက နေအိမ်ချိတ်ပိတ်မှု မဖြစ်ခင်မှာပဲ တခြားနေရာကို ပြောင်းရွှေ့နေ ရပါတယ်၊ ပြောရရင် အမေအိုက ကျန်းမာရေး သိပ်မကောင်းဘူး” ဟု ဦးစိုင်းဝဏ္ဏနှင့် နီးစပ်သူ တစ်ဦးကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရွာငံမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီ တပ်သားတို့၏ အပြစ်မဲ့ပြည်သူများကို သံသယမှုဖြင့် ရိုက်နှက် ဖမ်းဆီးထောင်ချမှုများ တစ်နေ့တစ်ခြား များပြားလာသည့်အပြင် လက်ရှိအချိန်အထိ ချိတ်ပိတ်ခံရသည့် ပြည်သူ့နေအိမ်လည်း ၁၀ လုံး နီးပါးရှိနေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ် မြေနီကုန်းရွာတွင် ရာအိမ်မှူးတစ်ဦး အသတ်ခံရ၊ စစ်ဆေးရေး တင်းကြပ်နေ

0
သျှမ်းပြည် ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာအုပ်စုအတွင်းရှိ မြေနီကုန်းကျေးရွာတွင် ရာအိမ်မှူးတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။ ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၁ ရက်က ည ၁၀ နာရီခွဲတွင် ရွာငံမြို့နယ် မြေနီကုန်းကျေးရွာ ရာအိမ်မှူး အသက် (၆၅) နှစ် ဦးမြင့်ဌေးကို အမည်မသိ လက်နက်ကိုင်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ ထို့နောက်...

ရွာငံမြို့နယ် ‌မဲရုံများတွင် လုံခြုံရေးယူရန် စစ်တပ်နှင့် PNO အင်အားဖြည့်

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ်တွင် ကျေးရွာဘက်ရှိ မဲရုံများ၌ လုံခြုံရေးယူရန် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်ထားကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇန်နဝါရီလ ၇ ရက်မှ စတင်ပြီး ရွာငံမြို့နယ်နှင့် အနီးတစ်ဝိုက် ရွေးကောက်ပွဲကျင်းပမည့် ကျေးရွာများတွင် စစ်ကော်မရှင်တပ်နှင့် ၎င်း၏လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့က လုံခြုံရေး တင်းကြပ်နေပြီး...

ရွာငံမြို့နယ် စစ်ကော်မရှင်တပ်မှ အရပ်သား (၄)ဦးကို အကြောင်းမဲ့ ထပ်မံဖမ်းဆီးနေ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်တွင် စစ်ကော်မရှင်က စစ်ကြောင်းထိုးပြီး အရပ်သား (၄)ဦးကို ထပ်မံ ဖမ်းဆီးသွားကြောင်းသတင်းရရှိသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၁၅ရက်တွင် စစ်ကော်မရှင်က ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာ ဘက်သို့ စစ်ကြောင်းထိုး ဝင်ရောက်ပြီး တောတောင်အနီး တော်လှန်ရေးတပ်ဖွဲ့များကို ရှာဖွေခြင်း၊ အရပ်သားနေအိမ်သို့ ဝင်ရောက် ရှာဖွေခြင်းများ ပြုလုပ်ကာ အရပ်သား (၄)ဦးကို စစ်ကော်မရှင်က ဖမ်းသွားခဲ့ကြောင်း...

ရွာငံမြို့နယ် စစ်ကော်မရှင်တပ် စစ်ကြောင်းထိုး၊ အရပ်သားဖမ်းဆီးမှုကြောင့် ဒေသခံစိုးရိမ်ထိတ်လန့်နေ

0
သျှမ်းပြည် ရွာငံမြို့နယ်အတွင်း စစ်ကော်မရှင်တပ် မကြာခဏ စစ်ကြောင်းထိုးပြီး အရပ်သား နေအိမ်ကို မီးရှို့ခြင်း၊ အမျိုးသမီးများပါမကျန် လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်နေမှုကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ ရက်တွင် စစ်ကော်မရှင်တပ်သည် ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာကို စစ်ကြောင်းထိုးလာပြီး အမျိုးသမီးနှစ်ဉီးနှင့် အမျိုးသား (၈)ဉီးတို့ကို...

ရွာငံမြို့နယ် ကျေးရွာအတွင်း စစ်ကော်မရှင်တပ် စစ်ကြောင်းထိုး၊ ရွားသားများကို ရိုက်နှက်စစ်ဆေး

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စုနှင့် အလယ်ချောင်ကျေးရွာအုပ်စုအတွင်း စစ်ကော်မရှင်တပ်က အင်အား (၁၀၀) ဝန်းကျင်ဖြင့် ယခုရက်ပိုင်း၌ စစ်ကြောင်းထိုးလာနေပြီး ကျေးရွာအတွင်း ရွာသားများကို ရိုက်နှက်စစ်ဆေးမှုများပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်မှစ၍ ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စုထဲကို စစ်ကော်မရှင်တပ်သည် မြေပြင် အင်အား (၁၀၀)...