ရွာငံမြို့ဖမ်းဆီးခံထားရသည့် NLD အမတ် နေအိမ် ချိတ်ပိတ်ခံရ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် အလယ်ချောင်ကျေးရွာတွင် နေထိုင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်( NLD ) လွှတ်တော်အမတ်၏ နေအိမ်ကို စစ်ကောင်စီတပ်သားများက လာရောက်ချိတ်ပိတ်သွားကြောင်း သတင်းရရှိသည်။

မတ်လ ၂၂ ရက်တွင် စစ်သားနှင့်ရဲသားတချို့က ဖမ်းဆီးခံထားရသည့် NLD အမတ်၏ နေအိမ်ကို ကားတစ်စီးဖြင့် ရောက်ရှိလာပြီး အိမ်တွင်း ပစ္စည်းတချို့ ယူဆောင်ကာ ဦးစိုင်းဝဏ္ဏ၏ နေအိမ်ကို ချိတ်ပိတ်စာကပ်သွားကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပြီးတော့ မတ်လ ၂၂ ရက်က ကားတစ်စီးနဲ့လာတဲ့ စစ်သား တွေက အိမ်ထဲက ဗီဒိုတွေ စားပွဲတွေ၊ TV တွေ နဲ့ အိမ်ထဲက ပစ္စည်းတော်တော်များကို ကားပေါ်တင်ပြီး အိမ်ကို ချိတ်ပိတ်သွားတယ်၊ ရွာလူကြီးကိုလည်း အသိ ပေးတာ မရှိဘူး၊ သူတို့လာလုပ်သွားပြီးမှ ရွာသားတွေ ပြောလို့ ရွာလူကြီးက သိရတာ” ဟု အလယ်ချောင်ရွာသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဦးစိုင်းဝဏ္ဏနှင့် မိသားစုဝင် ၄ ဦးကို ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့တွင် စစ်ကောင်စီတပ်သားတို့က လာရောက် ဖမ်းဆီးခေါ်ဆောင်သွားပြီး မိသားစုဝင် ၃ ဦးက ပြန်လည်လွတ်မြောက်လာသော်လည်း ဦးစိုင်းဝဏ္ဏနှင့် နောက်ထပ် မိသားစုဝင် တစ်ဦးက ဖမ်းဆီးခံထားရဆဲ ဖြစ်ကြောင်း သတင်းသိရသည်။

“ဖမ်းဆီးမှုမှာ မပါတဲ့ ဦးစိုင်းဝဏ္ဏအမေအိုနဲ့ ပြန်လွတ်လာတဲ့ မိသားစုဝင်တွေက နေအိမ်ချိတ်ပိတ်မှု မဖြစ်ခင်မှာပဲ တခြားနေရာကို ပြောင်းရွှေ့နေ ရပါတယ်၊ ပြောရရင် အမေအိုက ကျန်းမာရေး သိပ်မကောင်းဘူး” ဟု ဦးစိုင်းဝဏ္ဏနှင့် နီးစပ်သူ တစ်ဦးကလည်း သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရွာငံမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီ တပ်သားတို့၏ အပြစ်မဲ့ပြည်သူများကို သံသယမှုဖြင့် ရိုက်နှက် ဖမ်းဆီးထောင်ချမှုများ တစ်နေ့တစ်ခြား များပြားလာသည့်အပြင် လက်ရှိအချိန်အထိ ချိတ်ပိတ်ခံရသည့် ပြည်သူ့နေအိမ်လည်း ၁၀ လုံး နီးပါးရှိနေကြောင်းသိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ်အတွင်း လေပြင်းတိုက် နေအိမ်နှင့် စိုက်ခင်းများ ပျက်စီး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် နွားဘန်းကြီးကျေးရွာ အုပ်စုတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်နှင့် စိုက်ခင်းများ ပျက်စီးသွားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဧပြီလ (၆)ရက်နှင့် (၇)ရက်တွင် ရွာငံမြို့နယ်အတွင်း မိုးသီးကြွေကာ လေပြင်းတိုက်ခဲ့သောကြောင့် ဒေသခံစိုက်ခင်းများအပြင် နေအိမ် ငါးလုံးထက်မနည်း ပျက်စီးသွားသည့်အပြင် လျှပ်စစ်မီးများ ပြတ်တောက်သွားပြီး ယနေ့အထိ မီးမလာသေးကြောင်း သိရသည်။ “မိုးတွေအရမ်းရွာတယ်...

စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသည့် ရွာငံဒေသခံ ၃ ဦး နှစ်ပတ်ကျော်ကြာသည်အထိ ပြန်မလွှတ်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာများတွင် စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသည့် ရွာငံဒေသခံ (၃)ဦး နှစ်ပတ်ကြာသည်အထိ ပြန်မလွှတ်သေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်တွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စုမှ ဒေသခံ (၃)ဦးသည် ဆွေမျိုးအိမ်သို့ အလည်သွားရာမှ အပြန် စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားခဲ့ပြီး ယနေ့ မတ်လ (၂၇)ရက်အထိ...

ရွာငံမြို့နယ် စစ်တပ်က တပ်စွဲထားပြီး ဒေသခံများကို ဖမ်းဆီးပြီး ပိုက်ဆံဖြင့် ပြန်ရွေးခိုင်း

0
သျှမ်းပြည်တောင်ပိုင်း၊ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စုတွင် စစ်ကော်မရှင်တပ်က တပ်စွဲထားပြီး ဒေသခံများကို ဖမ်းဆီးကာ ပိုက်ဆံဖြင့် ပြန်ရွေးခိုင်းနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ(၈)ရက်တွင် ကျောက်ငှက်ကျေးရွာမှ အမျိုးသမီးတစ်ဦးအပါအဝင် ဒေသခံ ငါးဦးသည် ဆွေအမျိုးအိမ်သို့ အလည်သွားရာမှ အပြန် ကျောက်ငှက်ကျေးရွာနှင့် အုတ်တွင်းကျေးရွာ လမ်းတွင် စစ်ကော်မရှင်တပ်က ဖမ်းဆီးခဲ့ပြီး ငွေကျပ်သိန်း(၅၀)ဖြင့် ပြန်ရွေးခိုင်းခဲ့ကြောင်း...

သီလရှင်များ လိုက်ပါလာသည့်ယာဉ် ရွာငံမြို့နယ်အတွင်း တိမ်မှောက် ဒဏ်ရာအများအပြားရ

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် စခန်းကြီးကျေးရွာ လမ်းတွင် သီလရှင်များ လိုက်ပါလာသည့် ကားတိမ်းမှောက်ပြီး သီလရှင် (၁၀)ပါးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။ ယမန်နေ့ ဖေဖော်ဝါရီလ (၂၄)ရက်နေ့ တွင် တောင်ကြီးမြို့နယ် ၊ဆီဆိုင်မြို့နယ်၊ ဟိုပုံးမြို့နယ်မှ သီလရှင်များသည် စစ်ကိုင်းမြို့သို့ သွားစဉ် ရွာငံမြို့နယ် စခန်းကြီးကျေးရွာ လမ်းတွင် ဘရိတ်ပေါက်တာ...

ရွာငံမြို့နယ်လင်မယားနှစ်ဉီး သေနတ်ပစ်ခံရပြီး အမျိုးသမီးသေဆုံး၊ အမျိုးသားဒဏ်ရာပြင်းထန်

0
သျှမ်းပြည်တောင်ပိုင်း၊ရွာငံမြို့နယ် နွားဘန်းကြီး ကျေးရွာအုပ်စုတွင် နေထိုင်သည့် လင်မယားနှစ်ဉီးကို အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က သေနတ်ဖြင့်လာရောက်ပစ်သဖြင့် အမျိုးသမီးသေဆုံးပြီး အမျိုးသား ဒဏ်ရာပြင်းထန်ကြောင်း သတင်းရရှိသည်။ အဆိုပါ နွားဘန်းကြီး ကျေးရွာအုပ်စုတွင် နေထိုင်သည့် လင်မယားနှစ်ဉီးကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ရက်တွင် အမည်မသိလက်နက်ကိုင်တပ်ဖွဲ့က ၎င်းတို့၏ နေအိမ်ကို ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခဲ့ကာ...