ရွာငံ ပစ်ခတ်မှု စစ်သား ၄ ဦး သေဆုံး၊ စစ်ကောင်စီ ပြည်သူများကိုလိုက်လံဖမ်းနေ

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် လွှစင်ကျေးရွာတွင် စစ်ကောင်စီ နှင့် ရွာငံ PDF တို့ တိုက်ခိုက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်သား (၄)ဦး သေဆုံးကာ ဒေသခံလူငယ်များကို လိုက်လံဖမ်းဆီးနေကြောင်း စုံစမ်းသိရသည်။

ရွာငံမြို့နယ် စစ်ကောင်စီ ၀င်ရောက်မွှေနှောက်ခဲ့တဲ့ပုံ

ပြီးခဲ့သည့် ဧပြီလ ၉ ရက်နေ့ ညနေပိုင်း ၄ နာရီဝန်းကျင် ရွာငံမြို့နယ် လွှစင်ကျေးရွာအနီးတွင် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားရာ စစ်သား ၄ ဦး ကျဆုံးခဲ့ရပြီး ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် အထိခိုက်မရှိ ပြန်လည်ဆုတ်နိုင်ခဲ့ကြောင်း သိရသည်။

“လွှစင်နဲ့ တောင်ပိုကွဲကျေးရွာအနီးက စစ်ကောင်စီယာဥ်တန်းကို PDF တွေက လာစောင့်ပြီး အပြန်အလှန် ပစ်ခတ် မှုဖြစ်ခဲ့တာ၊ စစ်ကောင်စီဘက်က ၄ ဦးသေတယ်၊ PDF တွေတော့ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့တယ်၊ စစ်သား အလောင်းတွေက သူတို့လူပဲ ပြန်သယ်သွားတာပါ” ဟု ပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် ဆက်စပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ရွာငံမြို့နယ် စစ်ကောင်စီ ၀င်ရောက်မွှေနှောက်ထားတဲ့ပုံ

ထိုပစ်ခတ်မှုများဖြစ်ပွားပြီး ခဏအကြာတွင် ရွာငံမြို့နယ်မှ မြင်းကျဒိုး ကျေးရွာအနီးတွင်လည်း ပစ်ခတ်သံ ၁၅ ချက်ထက်မနည်း ကြားရကြောင်းလည်း ဒေသခံများက ပြောသည်။

ပစ်ခတ်မှုများဖြစ်ပွားပြီးနောက် တဲ့လုကျေးရွာသို့ စစ်ကောင်စီ ကား ၃ စီးနှင့် အင်အား ၆၀ ဝန်းကျင်ခန့် ရောက်ရှိလာပြီး လွှစင်ကျေးရွာ၊ မြင်းကျဒိုးကျေးရွာနှင့် အနီးပတ်ဝန်းကျင်မှ ကျေးရွာများသို့ အင်အားဖြန့်ကျက်ကာ ဒေသခံလူငယ်များကို ဖမ်းဆီးမှုများရှိနေကြောင်း သတင်းသိရသည်။

“ဧပြီလ ၉ ရက်နေ့မှာ ပစ်ခတ်သံနှစ်ကြိမ်ကြားလိုက်ရတယ်၊ တစ်ကြိမ်က ဒီ မြင်းကျဒိုးရွာကပေါ့နော်၊ အဲ့နောက်တော့ တဲ့လုရွာကို စစ်ကောင်စီအင်အားတော်တော်များများရောက်လာတယ်၊ ကားကို ရွာထဲမှာထားပြီးတော့ တချို့စစ်သားတွေက ခြေကျင်နဲ့ တခြားကျေးရွာဘက်ကို ထွက်သွားတယ်၊ လူငယ်တွေကို ဖမ်းတာတွေ ရှိနေတယ်” ဟု တဲ့လုကျေးရွာမှ အသက် ၂၇ နှစ် အရွယ်ရှိ လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

ဧပြီလ ၉ နှင့် ၁၀ ရက်နေ့ အတွင်း စစ်ကောင်စီတပ်သားတို့၏ ဖမ်းဆီးမှုကို ခံရသူများတွင် နို့စို့အရွယ် ကလေးငယ် အပါအဝင် နွားဘန်းကြီးကျေးရွာမှ ၈ ဦး၊ လယ်ကိုင်းကျေးရွာမှ ၂ ဦးနှင့် လွှစင်ကျေးရွာမှ လူငယ် ၂ ဦးတို့ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရွာငံမြို့နယ်အတွင်းရှိ ကျေးရွာနှင့် နေရာတော်တော်များများတွင် စစ်ကောင်စီတပ်သားတို့မှဖြန့်ကျက် နေရာယူထားပြီး ပြည်သူများနှင့် လူငယ်လူရွယ်များကို သံသယမှုဖြင့်ဖမ်းဆီးမှုများ၊ နေအိမ်များကိုဖောက်ထွင်း ဝင်ရောက်ခြင်း၊ ချိတ်ပိတ်ခြင်းများ နေ့စဥ်ရက်ဆက်ရှိနေကြောင်းလည်း သိရသည်။

ရွာငံမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်သားတို့နှင့် ဒေသခံပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့က စစ်ရေး တင်းမာမှုများ ရှိနေသည့် အပြင် စစ်ကောင်စီတပ်သားတို့မှ ပြည်သူများအား မတရားနှိပ်စက်ဖမ်းဆီးမှုများကို ဟန့်တားရန်အတွက် တခြားတော်လှန်ရေးအင်အားစုများလည်း ထကြွတားမြစ်ပေးရန် ဒေသခံပူးပေါင်းကာကွယ် ရေးတပ်ဖွဲ့များက တောင်းဆိုကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာတွင် စစ်တပ်က တွေ့သမျှ ဒေသခံများကို ဖမ်းဆီးရိုက်နှက်နေ

0
သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာတွင် စစ်ကော်မရှင်တပ်က ဒေသခံများကို တွေ့သမျှ ဖမ်းဆီးရိုက်နှက်မှုပြုလုပ်သဖြင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ (၂၂) ရက် နေ့လည်ပိုင်းတွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာ အုပ်စု ဆင်ဆာပြားကျေးရွာ အနီးတွင် စစ်ကော်မရှင်တပ်နှင့် ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် (DPLA) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့သည်။ ထိုသို့...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ရွာငံမြို့နယ် စစ်တပ်လက်အောက်ခံ ပျူစောထီးတစ်ဦး သတ်ခံရ

0
သျှမ်းပြည် တောင်ပိုင်း ရွာငံမြို့နယ်တွင် စစ်ကော်မရှင်လက်အောက်ခံ ပျူစောထီးတစ်ဦး အသတ်ခံရကြောင်း စုံစမ်းသိရသည်။  ရွာငံမြို့နယ် ကျေးရွာတစ်ခုတွင် နေထိုင်သည့် စစ်ကော်မရှင် လက်အောက်ခံပျူစောထီး အမျိုးသားတစ်ဦး၏ အလောင်းကို  ချောက်ကမ်းပါးထဲတွင် တွေ့ရှိခဲ့ကြကြောင်း ရွာငံမြို့နယ်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။  “ပျူစောထီးတစ်ယောက် သတ်ခံရပြီး ချောက်ထဲပစ်ချခံထားရတာ။ ရွာသားတွေက အမှိုက်ပစ်ရင်းတွေ့တာ။ ဘယ်ချိန်သတ်သွားလည်း မသိကြဘူး။...