Sunday, May 5, 2024

ရွာငံမြို့ ကြံ့ခိုင်ရေးရုံး ဗုံးပေါက်ကွဲ

Must read

သျှမ်းပြည်တောင်ပိုင်း ရွာငံမြို့တွင် အာဏာသိမ်းစစ်ကောင်စီအင်အား လှည့်လည် စစ်ဆေးနေသည့် ရွာငံမြို့ရှိ ကြံ့ခိုင်ရေးရုံးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားကြောင်း သတင်းသိရသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မွန်းလွဲပိုင်း ၂ နာရီခွဲဝန်းကျင်တွင် ရွာငံမြို့၊ ဈေးတန်းရပ်ကွက် တောင်ပိုင်းရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး USDP (ကြံ့ခိုင်ရေးရုံး) တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“အသံတော့ တော်တော်ကျယ်တယ်၊ အသံမိုင်းလား၊ ဗုံးလားတော့ မသဲကွဲဘူး၊ အခုအဲ့နားမှာ စစ်သားနဲ့ ရဲလုံခြုံ ရေး တင်းကြပ်ထားတယ်၊ ထိခိုက်ပျက်စီးမှုတော့မသိရသေးဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက သိရသည်။

ရွာငံမြို့နယ်အတွင်းတွင် ယမန်နေ့ကလည်း စစ်ကောင်စီတို့၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား ပြည်သူတစ်ဦး သေဆုံးရပြီး ပြည်သူများစွာလည်း ဖမ်းဆီးခံရသည့် အပြင် စစ်ကောင်စီ အင်အား အများအပြား လှည့်လည်စစ်ဆေးနေကြောင်း သိရသည်။

Leave a Comments

- Advertisement -spot_img

Latest article