Wednesday, April 24, 2024

မူးယစ်ဆေးဝါး

တရုတ်နယ်စပ် မူစယ်တွင် တလလျှင် ပိုင်ရှင်မဲ့ မူးယစ်ဆေးသုံးပြီး သေဆုံးသူ ၅ ဦးရှိ

သျှမ်းပြည် မူစယ်မြို့ နယ်တွင် ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါး သုံးစွဲပြီး သေဆုံးသူ တလ လျှင် ၅ ဦး ခန့်ရှိသည် သတင်းရရှိသည်။ “ မူစယ်မြို့မှာ မူးယစ်ဆေးဝါးသုံးစွဲပြီး သေဆုံးသူတလ ၅ ဦး ရှိသလို ဆေးရုံမှာလည်း ပိုင်ရှင်ရှိ မူးယစ်ဆေးဝါးကြောင့် သေဆုံးသူတလ ရ...

သျှမ်းပြည်နယ် အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်မှုကို ကူညီ နေသည့် တပ်မတော်ကို စုံစမ်းစစ်ဆေး အရေးယူသင့် ICG တိုက်တွန်း

သျှမ်းပြည်နယ် အတွင်း မူးယစ်ဆေးဝါး ရောင်းဝယ်မှု ကို ကူညီခြင်း ၊ မသိမမြင်ယောင်ဆောင်ခြင်းပြုလုပ်နေသော တပ်မတော် ကို စုံစမ်း စစ်ဆေးကာ စနစ်တကျ အရေးယူ ပြုလုပ်သင့်ကြောင်း အပြည်ပြည်ဆိုင်ရာပဋိပက္ခများ စောင့်ကြည့်ရေးအဖွဲ့ ICG က တိုက်တွန်းလိုက်သည်။ သျှမ်းပြည်နယ်တွင် မက်သာဖက်တမင်း ပုံဆောင်ခဲ (အိုက်စ်) (ice)...

UWSA မှဖမ်းဆီးရမိသော မူးယစ်ကယ်ရီ သားအမိအား မိုင်းတုံရဲတပ်ဖွဲ့သို့ လွဲအပ်ပေး

သျှမ်းပြည်အရှေ့ပိုင်း မိုင်းတုံမြို့နယ်အတွင်း UWSA မှဖမ်းဆီးရမိသော မူးယစ်ဆေးဝါးကယ်ရီ သားအမိအား မိုင်းတုံမြို့နယ် ရဲတပ်ဖွဲ့သို့လွဲပြောင်းပေးကြောင်းသိရသည်။ အောက်တိုဘာလ ၆ ရက်နေ့က မိုင်းတုံမြို့နယ်ပုံပါကျင်မြို့နယ်ခွဲ ထိုင်းနယ်စပ် ဟွေ့အော့ရွာအနီးတွင် မူးယစ်ဆေးများသယ်ဆောင်လာသည့် လီဆူးသားအမိ အား နယ်စပ်တလျှောက်တွင်လှုပ်ရှားနေသော  ဝ တပ်ဖွဲ့  အမှတ် ၁၇၁ က ဖမ်းမိခြင်းဖြစ်ကြောင်းသိရသည်။ ပုံပါကျင်ဒေသခံ စိုင်းမောင် က-...

သုံးနှစ်အတွင်းမူးယစ်ဆေးဝါးအပြီးရှင်းလင်းဖို့တရုတ် ယူနန်အစိုးရမှ ၀ ကိုစာပို့

တရုတ်နိုင်ငံယူနန်ပြည်နယ် ဗဟိုမူးယစ်ဆေးဝါးတိုက်ဖျက်ရေးဌာနကနေ သုံးနှစ်အတွင်းမူးယစ်ဆေးဝါးပျောက် ကင်းဖို့ UWSA ဌာနချုပ်ပန်ဆန်းကို စာရေးသားပေးပို့လာတဲ့နောက်ပိုင်း ၀ တပ်ဖွဲ့ ထိန်းချုပ်နယ်မြေအတွင်း မူးယစ်ဆေးဝါးတိုက်ဖျက်ရေးတွေဆက်တိုက်ပြုလုပ်လာနေပါတယ်။ စက်တင်ဘာလ ပထမ ပတ်ကစပြီးကနေ့ထိ မိုင်းမော၊ မိုင်းပေါက်၊ မိုင်းဖျန် ဟိုတောင်း ပန်ဆန်း စတဲ့ တရုတ် နယ်စပ်မြို့ မြောက်ပိုင်း ၀ ထိန်းချုပ်နယ်မြေအပါအဝင်...

ရဲများ၏ မူးယစ်ရှင်းလင်းရေးလုပ်ငန်း လူထုအားရကျေနပ်မှုမရှိသေး သီပေါဒေသခံပြော

သီပေါမြို့နယ်အတွင်း မူးယစ်ဆေးဝါးသောက်သုံးသူ၊ ရောင်းဝယ်ဖောက်ကားများ၏ တဲများကို ရဲများဝင်ရောက်ဖျက်ဆီးခဲ့သည်နှင့်ပတ်သက်၍ ဒေသခံလူထု အားရကျေနပ်မှုမရသေးကြောင်း ပြောဆိုနေကြသည်။ ဩဂုတ်လ ၂၅ ရက်နေ့က သီပေါမြို့နယ် ကုန်းမုံရွာရှိ မူးယစ်ဈေးတွင် မူးယစ်ဆေးဝါးသုံးစွဲသူများ၏ တဲများကို ရဲများကဝင်ရောက်ဖမ်းဆီးရာ ဆေးရောင်းသူသာဖမ်းမိသည့်အပေါ် ဒေသခံလူထု မကျေမနပ်ဖြစ်နေရခြင်းဖြစ်ပါသည်။ အဲဒီနေရာမှာတဲထိုးပြီး ဆေးသုံးနေကြတာ ကြာလှပြီ။ ရဲတွေက ဝင်မဖမ်းဘူးလေ။ ဆေးသုံးသူတွေကို...

ကျပ်သိန်း တသောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး သယ်ဆောင်သည့် လူငယ် ၃ ဦးအား လားရှိုးတွင် ဖမ်းဆီးမိ

သျှမ်းပြည်နယ် မြောက်ပိုင်း လားရှိုးမြို့ နားမခေါ် အဝေးပြေး ကားကြီးဝင်း တွင် လားရှိုးမှ ရန်ကုန်သို့ သွားမည့် ခရီးသည် ၃ ဦး ထံမှ ကျပ်သိန်း တသောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါး များ ဖမ်းဆီးရရှိကြောင်း လားရှိုး မြို့မ ရဲစခန်းထံမှ စုံစမ်းသိရသည်။ သြဂုတ်...

မိုင်းဆတ်မြို့နယ်မှာ မူးယစ်ဆေးသုံးသူတယောက်က မိန်းမ နဲ့ သမီးကို ဓါးဖြင့်လိုက်ခုတ်

မိုင်းဆတ်မြို့နယ် ဝိန်းနေရွာမှာ မူးယစ်ဆေးကြောင်တဲ့ ရွာသားတယောက်ကနေ မိန်းမဖြစ်သူကို လိုက်လံဓါးခုတ်ဖြတ်တဲ့အမှုတရပ်ဖြစ်ပွါးခဲ့ပါတယ်။ ဝိန်းနေရပ်ကွက်နေ ဦးမြင့်နိုင်ဦး ဆိုသူက မူးယစ်ဆေးဝါးကြောင့်စိတ်ဖောက်ပြန်ပြီး ဖခင်ဖြစ်သူ၊ မိန်းမဖြစ်သူနဲ့ ကလေးတွေကို ဓါးနဲ့လိုက်ခုတ်၊ တူမီးသေနတ်နဲ့ပစ်ခတ်မှု ဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လ ၁၃ ရက်နေ့က  ၂ နှစ်အရွယ်သမီးကို ဓါးနဲ့ခုတ်ထစ်မိလို ဂုတ်မှာနဲ့ ပေါင်မှာ ဒဏ်ရာရှိပြီး...

၂၀၀၈ အတိုင်းသွားနေလို့ မူးယစ်ဆေး ပြဿနာ မရှင်းနိုင်သေး သျှမ်းပြည်နယ်အမှတ် ၃ မဲဆန္ဒနယ် အမျိုးသားလွှတ်တော်အမတ်ပြော 

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် ကျေးလက်အုပ်စုများ အတွင်း မူးယစ်ဆေးဝါးများ ဆက်တိုက်ဖမ်းဆီး သော်လည်း မအောင်မြင်နိုင်သေးသည်မှာ အစိုးရအနေဖြင့်ထိထိရောက်ရောက်ကိုင်တွယ်ရန်အထူးလိုအပ်ကြောင်း လားရှိုးခရိုင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ်စိုင်းဝမ်းလျန်းခမ်း ကပြောသည်။ “တရားဥပဒေစိုးမိုးမှုမရှိလို့ မူးယစ်ဆေးဝါးမပ ပျောက်နိုင်တာလို့မြင်တယ်။ ၂၀၀၈ အခြေခံဥပဒေ အတိုင်းသာ ဆက်သွား နေမယ်ဆိုရင်မူးယစ်ပြသနာကဒီအတိုင်းသွားနေမှာဘဲ။ လူထုရွေးချယ်တဲ့ အစိုးရ အောက်မှာ...

သျှမ်းပြည်တွင်း မူးယစ်ဆေးသုံးသူများပြား

သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် နမ့်လန်အုပ်စုတွင် မူးယစ်ဆေးဝါး သုံးစွဲသူများက ညအချိန်တွင် ရပ်ရွာ အတွင်းနှင့်ဘုန်းကြီးကျောင်းများပါမကျန် ၀င်ရောက်ရမ်းကားသောကြောင့် ဒေခံများ စုပေါင်းဖမ်းကြရ သည်ဟု သိရသည်။ "ရပ်ရွာထဲမှာ လူတွေကိုလိုက်နှောင့်ယှက်နေတယ်။ အဖွဲ့လိုက်လည်းရှိတယ်။ တယောက်ချင်းလည်းရှိတယ်။ ရွာသားတွေကို လောက်လေးဂွတွေနဲ့ပစ်တယ်။ သူများတွေနေအိမ်တွေထဲကို၀င်ပြီး ခိုးတယ်။ ဘုန်းကြီးကျောင်း တွေထဲဝင်ပြီး ဦးဇင်းတွေကိုပါမကျန် ဓါးပြ...

နှစ်ပတ်ကြာ ဖမ်းဆီးခံထားရသည့် RCSS/SSA တပ်သား ၆ ဦး ယနေ့ထိ မလွတ်သေး

သျှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့ နယ်အတွင်းနေ ဒေသခံများအား မူးယစ်ဆေးဝါးပညာပေး ဟောပြောသည့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) အဖွဲ့ဝင် ၆ ဦးအား တပ်မတော်မှ နှစ်ပတ်ကြာ ဖမ်းဆီးသွားသော်လည်း ယနေ့တိုင်ပြန်မလွတ်ပေးကြောင်း ပြောရေးဆိုခွင့်ကပြောသည်။ အဆိုပါ RCSS အဖွဲ့ဝင် ၆ ဦး သည် ဇွန်လ ၂၉...

Latest news