တရုတ်ပြည် နယ်စပ် နောင်တောင်း ဘက်တွင် တရုတ်ရဲများ စစ်ဆေးရေး တင်းကြပ် နမ့်ခမ်းဒေသခံများပြော

သျှမ်းပြည်နယ် နမ့်ခမ်းမြို့ နယ်စပ်ဒေသဖြစ်သည့် တရုတ်ပြည် နောင်တောင်း ဘက်တွင် တရုတ်ရဲများ စစ်ဆေးရေး တင်းကြပ်နေသည် ဟု သတင်းရရှိသည်။

Photo by Numkham Youth- နမ့်ခမ်း – တရုတ်နယ်စပ် နောင်တောင်းမြို့တွင်း လမ်းသွားလမ်းလာများအား တရုတ်ရဲများ တင်းကြပ်စစ်ဆေးမှုပြုလုပ်နေ

ယခု တလော တရုတ်ပြည် နောင်တောင်းဘက်တွင် မြန်မာပြည်ဘက်မှ လာသည့် ပြည်သူများကို စစ်ဆေးရေး တင်းကြပ်နေကြောင်း၊ တရုတ်ပြည်သို့့သွားသည့်အခါ သတိထား သွား၊ လာ ကြရန် နမ့်ခမ်းဒေသခံ စိုင်းပီးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

“ တရုတ်ပြည် က ရဲတွေက မြန်မာပြည်က ပြည်သူတွေ စာအုပ်အနီ ပါ၊မပါ တံဆိပ်တုံး၊ ထု၊ မထု စစ်တယ်။ တကယ်လို့ မထုရင် ဖမ်းသွားတယ်။ နောက် ဆီးတွေ စစ်တယ်။ ဖမ်းတယ်” ဟု စိုင်းပီး ကဆိုသည်။

များသောအားဖြင့် တရုတ်ရဲ မှ မူးယစ်ဆေးဝါး သုံးစွဲမှု ရှိ၊ မရှိ စစ်ဆေးသည့် ဆီးစစ် ကိရိယာဖြင့် စစ်ဆေးရာမှ အဖမ်းခံရခြင်းဖြစ်ကြောင်း မူးယစ်ဆေးဝါး သုံးစွဲမှု ရှိ ပါက ထောင်ဒဏ် ၂ နှစ် ကျခံရကြောင်း စိုင်းပီးကပြောသည်။

နမ့်ခမ်း ဒေသခံများသည် တရုတ်ပြည် နောင်တောင်းဘက်မှ တဆင့် ရွှေလီဘက်သို့ သွားရောက် အလုပ်လုပ်ကိုင် ကြ သကဲ့သို့ တချို့ ဒေသခံများမှာ ဒေသထွက်ကုန်များ သွားရောင်းကြကြောင်း နမ့်ခမ်း ဒေသခံများက ဆိုသည်။

“ ကျနော်တိုိ့ နမ့်ခမ်း ဒေသခံတွေက တရုတ်ပြည် ကို သွားလာ ဝင်၊ထွက်နေတာ ဟိုအရင် ကတည်းကပါ။ တရုတ်ရဲတွေက မထင်ရင် မထင်သလို ဖမ်းဆီးတယ်။ ဖမ်းခံရရင်တော့ ချက်ချင်း သွားရွေး၊ မရွေးရင်တော့ အလုပ်ကြမ်း နဲ့့ ထောင်ဒဏ်ပါပဲ” ဟု နမ့်ခမ်း ဒေသခံ တဦး ဖြစ်သည့် စိုင်းအေး က ပြောသည်။

နမ့်ခမ်းဒေသခံများအနေဖြင့် တရုတ်ပြည်ဘက်သို့ သွားမည် ဆိုပါက သတိဖြင့် သွား၊လာရန် နှင့် လိုအပ်သည့် စာရွက်စာတမ်း များ၊ နိုင်ငံကူးလက်မှတ်များ ပါယူဆောင်သွားရန် လည်း စိုင်းအေး က တိုက်တွန်းလိုက်သည်။

တရုတ်ပြည် အနေဖြင့် ထိုကဲ့သို့ စစ်ဆေးရေး တင်းကြပ်မှု ပြုလုပ်ခြင်းသည် ယခင်တွင်လည်း ပြုလုပ်ကြောင်း၊ ထိုပြုလုပ်ခြင်းသည် တရုတ်ပြည်၏ လုပ်ထုံးလုပ်နည်း အတိုင်းသာဖြစ်ကြောင်းလည်း နမ့်ခမ်း ဒေသခံ စိုင်းမောဝ် က ပြောပါသည်။

တဖက်တွင်လည်း အဓိက လက်နက်ကိုင် အဖွဲ့အစည်းများ၊ မူးယစ်ဆေးဝါး ထိန်းချုပ်ရန် နှင့် တရားမဝင် ကုန်ပစ္စည်း များ ထိန်းချုပ်ရန်ဖြစ်သည်ဟုလည်း နမ့်ခမ်းမြို့မိ မြို့ဖများက ပြောဆိုနေကြသည်။

တရုတ်ပြည် ဘက် သွားမည် ဆိုပါက အဓိက စာအုပ်အနီ (သို့့မဟုတ်) တခါသုံးကဒ် ပြုလုပ်ပြီး ဝင်၊ထွက်သွားလာရန်၊ တရုတ်ပြည်တွင်းသို့ ခိုးဝင်၊ခိုးထွက်မပြုလုပ်ရန် နှင့် တရုတ်ပြည်ဘက် သွားလျှင် စုံးစမ်းပြီး မှ သွားရန် စိုင်းမောဝ်က ပြောသည်။

“ တရုတ်ပြည်မှာ နေရာတိုင်း CCTV တပ်ထားတယ်။ ခိုးဝင်တဲ့နေရာ က အစ မြို့ထဲ မှာ အဆုံး အားလုံးလိုက်လို့့ရတယ်။ ခိုးဝင်၊ ခိုးထွက်မလုပ်ကြပါနဲ့့” ဟု စိုင်းမောဝ် က ဆိုသည်။

ယခုနှစ် ဧပြီလပိုင်း တွင်လည်း နမ့်ခမ်းမြို့နယ် တောင်သူများ တပိုင်တနိုင် ခြံထွက် သီးနှံများကို တရုတ်နိုင်ငံ နောင်တောင်းမြို့ စစ်ဆေးရေး ဂိတ်မှ တဆင့် တရားဝင် သယ်ဆောင်ခြင်း ကို ခွင့်မပြုတော့ဘဲ ပိတ်ပင်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မြန်မာနိုင်ငံသားတစ်ဉီး၏ မူးယစ်ဆေးဝါး ကွန်ယက်အပါအဝင် စိတ်ကြွဆေး ၇.၇ သန်းခန့် ဖမ်းမိ

0
ထိုင်းနိုင်ငံ၊ ချင်းရိုင်ခရိုင် နှင့် ချင်းမိုင်ခရိုင် ထိုင်း-မြန်မာနယ်စပ် ၂ နေရာတွင် စုစုပေါင်း စိတ်ကြွမူးယစ်ဆေးပြား ၇.၇ သန်းခန့် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရသိရသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၂၉ ရက် ညပိုင်းက ချင်းရိုင်ခရိုင်၊ ပါအူးဒွန်းချိုင် (PaO DonChai) နယ်မြေ၊ ဘန်ဖိုးငမ်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေး UWSA နှင့် NSPNC နေပြည်တော်တွင် ထပ်မံဆွေးနွေး

0
‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP/UWSA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့နှင့် စစ်အစိုးရ၏ NSPNC ကိုယ်စားလှယ်တို့ မူးယစ်ဆေးဝါးနှင့် ကျားဖြန့်တိုက်ဖျက်ရေးအတွက် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) နှင့် ယနေ့ (ဩဂုတ်လ ၄ ရက်) တို့တွင် နေပြည်တော်ရှိ Horizon...

သီပေါ-မိုင်းရယ် စစ်တပ် ဆက်တိုက်ဖမ်းဆီးနေသည့် မူးယစ်ဆေးဝါးအမှု တရားခံမပေါ်သေး

0
သျှမ်းပြည် သီပေါနှင့် မိုင်းရယ်မြို့နယ်တွင် မူးယစ်ဆေးဝါး ချက်လုပ်သည့်နေရာများနှင့် အသုံးပြုသည့် ပစ္စည်းများကို စစ်ကော်မရှင်ဘက်မှ ဆက်တိုက်ရှာဖွေ ဖမ်းဆီးနေသော်လည်း တရားခံ မပေါ်သေးကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၈) ရက်မှ စတင်ပြီး သီပေါမြို့နယ် နမ့်လန်မြို့တဝိုက်နှင့် မိုင်းရယ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်မှ အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများနှင့် မူးယစ်ဆေးဝါး ချက်လုပ်သည့်...

ထိုင်း-မြန်မာနယ်စပ်မှ သယ်ဆောင်လာသည့် စိတ်ကြွဆေးပြား ငါးသန်းကျော်ကို ချင်းမိုင်ခရိုင်တွင် ဖမ်းမိ

0
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်ခရိုင် မယ့်တျန် (Mae Taeng) မြို့နယ်တွင် စိတ်ကြွဆေးပြား ငါးသန်းနှစ်သိန်း (၅,၂၀၀,၀၀၀) ပြားကို လူငယ် ၃ ဦးနှင့်အတူ ဖမ်းဆီးရမိကြောင်း ထိုင်းသတင်းဌာနက ဖော်ပြသည်။ ယမန်နေ့ စက်တင်ဘာလ ၁၇ ရက် နံနက် ၂ နာရီကျော်အချိန်တွင် ချင်းမိုင်ခရိုင် မယ့်တျန်...