Tuesday, January 27, 2026

မူဆယ်

မူဆယ်မြို့ ပစ်ခတ်သံများကြားနေရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ယနေ့ သြဂုတ် ၁ ရက်ည ၉နာရီခွဲဝန်းကျင်၌ ဗုံး (၃)လုံးပေါက်ကွဲပြီး ပစ်ခတ်သံများ ကြားနေရကြောင်း သတင်းရရှိသည်။ အဆိုပါ ဗုံး ၃ လုံးသည် စစ်ကောင်စီများရှိသည့်နေရာများတွင် ပေါက်ကွဲကြောင်း သိရသည်။ " ၃ လုံးပေါက်တာ။ နောက်ဆုံးတစ်လုံးက ကောင်းနောင်ရပ်ကွက်မှာ ပေါက်တာ။ ပေါက်တဲ့နေရာတွေက...

မူဆယ်မြို့မှ ဖုန်းဆိုင်ဓားပြတိုက်သူများ ဖမ်းဆီးရမိ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ စျေးရပ်ကွက်ရှိ စိုင်းညီဖုန်းဆိုင်ကို ဓားပြတိုက်သည့် လူငယ် (၄) ဦးနှင့် အတူ လက်နက်များ ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။လွန်ခဲ့သည့် မေလ ၁၀ ရက်တွင် စိုင်းညီဖုန်းဆိုင် ဓားပြတိုက်ခံရပြီး မေလ ၁၅ ရက်တွင် ထိုဓားပြတိုက်သူ ၄ ဦးကို ဖမ်းဆီးရမိပေမယ့်...

မုံးပေါ်တိုက်နယ်အတွင်းရှိ ကျေးရွာအနီး လက်နက်ကြီးကျ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် မုံးပေါ်တိုက်နယ်အတွင်းတွင် စစ်ကောင်စီ နှင့် ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့တို့ ပစ်လိုက်သည့် လက်နက်ကြီးကြောင့် ကျေးရွာအနီးပတ်ဝန်းကျင် မီးလောင်ကျွမ်း နေကြောင်း သတင်းသိရသည်။ယနေ့ ဧပြီလ ၂၇ ရက်  မွန်းလွဲပိုင်း ၁ နာရီဝန်းကျင်မှ ယခုသတင်းရေးသားနေချိန်အထိ...

သျှမ်းပြည် ဖုန်းငွေဖြည့်ကဒ် ၂၀ ရာခိုင်နှုန်း စျေးတင်ရောင်းလာ

သျှမ်းပြည်တွင်းရှိ မြို့နယ်တစ်ချို့တွင် ယခုတပတ်အတွင်း စျေးသည်များ ဖုန်းငွေဖြည့်ကဒ်ကို ၂၀ ရာခိုင်နှုန်း စျေးတင်ရောင်းလာကြောင်း စုံစမ်းသိရှိရသည်။ ယခင်က ဖုန်းငွေဖြည့်ကဒ် တစ်ထောင်ကျပ်နှုန်းရောင်းသည့် ကဒ်များအား (၁၂၀၀)ကျပ်အထိ ရောင်းချလာသည့်အတွက် အွန်လိုင်းနှင့် ပတ်သက်ပြီး ငွေလွှဲလုပ်ငန်းလုပ်ကိုင်နေသည့်သူများ အခက်ခဲများစွာ ရှိလာနိုင်ကြောင်း ပြည်သူလူထုများက ပြောဆိုကြသည်။ “တကယ်သုံးရင် တစ်ထောင်ကျပ်ဖိုး ဒေတာဝယ်ရင် တစ်နာရီတောင်မခံဘူးထင်တယ်။...

မူဆယ် ကုန်သွယ်ရေးဇုန်အတွင်းတွင် ဗုံးနှစ်ကြိမ် ပေါက်ကွဲ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်ခရိုင် ကုန်သွယ်ရေးဇုန်အတွင်းတွင် ယနေ့ (အောက်တိုဘာ ၇ )ရက် မနက်ပိုင်း အချိန်အတွင်းတွင် ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင့် သတင်းသိရသည်။ ယနေ့ အောက်တိုဘာလ ၇ ရက် မနက်ပိုင်း ၇ နာရီ ဝန်းကျင်တွင် မူဆယ်မြို့အဝင် နယ်စပ်ကုန်သွယ်ရေးမှ ဝန်ထမ်းရိပ်သာအနီးတွင် ဗုံးပေါက်ကွဲမှု တစ်ကြိမ်ဖြစ်ပွားခဲ့ပြီး...

အိမ်စောင့်တပ်နှင့်ကိုးကန့်တပ် တိုက်ပွဲကြောင့် မူဆယ်ခရိုင်ကျေးလက်လူထုအခက်တွေ့

သျှမ်းပြည်မြောက်ပိုင်း မူဆယ် - ပန်ဆိုင်းမြို့နယ်ခွဲအတွင်း ကျေးရွာအချို့အတွင်း အိမ်စောင့် တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်သောကြောင့် တောတောင်အတွင်းသို့တိမ်းရှောင်နေရသည့် ကျေးလက်ဒေသခံများ စားဝတ်နေရေးအခက်အခဲများကြုံတွေ့နေရသည်ဟုသတင်းရရှိသည်။ သြဂုတ်လဆန်းပိုင်းမှယနေ့အထိ စစ်ကောင်စီတပ်နှင့်မြောက်ပိုင်းမဟာမိတ်တပ်တို့ကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားခဲ့သည်။ တိုက်ပွဲကြောင့် မူဆယ်ခရိုင် ကြူကုတ် - ပန်ဆိုင်း မြို့နယ်ခွဲ ဖေါင်းဆိုင် ကျေးရွာအုပ်စု ဖိုင်ကောင်းကျေးရွာအတွင်း...

မူဆယ်မြို့ရောက် ကိုးရီးယားရာဇဝတ်ပြေးလင်မယားအား နယ်စပ်အာဏာပိုင်များဖမ်းဆီး

ပြည်ထောင်စု မြန်မာနိုင်ငံအတွင်းတရားမဝင် ရောက်ရှိလာသည့် ကိုးရီးယားနိုင်ငံသားလင်မယားနှစ်ဉီးအား အာဏာပိုင်များမှ မူဆယ်မြို့ ဟော်တယ်တခု အတွင်း ဝင်ရောက်စစ်ဆေး ဖမ်းဆီးလိုက်ကြောင်းကြားသိရသည်။ ၂၀၂၁ ခု ဇန္နဝါရီလ ၆ ရက် ည ၈ နာရီအချိန် တွင်ဖမ်းဆီးရမိသည့် ကိုးရီးယား အမျိုးသား Mr. Jo Hyung-Ju နှင့်...

မူဆယ်မြို့နယ်နှင့်မန္တလေးတို့တွင် ဘိန်းဖြူမူးယစ်ဆေး တန်ဖိုးငွေကျပ်သိန်း ၆၀၀၀ ကျော်ဖမ်းဆီးရမိ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်နှင့် ၄င်းနှင့်ဆက်စပ်ကာ မန္တလေးမြို့တို့တွင် ငွေကျပ်သိန်း ပေါင်း ၆၅၀၀ တန်ဖိုးရှိဘိန်းဖြူ များ  ဖမ်းဆီးရမိကြောင်း စုံစမ်းသိရှိရသည်။  ဒီဇင်ဘာ ၁၁ ရက် နေ့လည် ၁ နာရီအချိန်ခန့်က  မူးယစ်ဆေးဝါးတားဆီးနှိမ်းနင်းရေးတပ်ဖွဲ့မှ မူဆယ် - မန္တလေး ကားလမ်းကို စောင့်ဆိုင်းစစ်ဆေးရာ  မူဆယ်မှ ယောဟန်(၂၈)...

မူဆယ်မြို့တွင် အမျိုးသမီးတစ်ဦးပြန်ပေးဆွဲခံရ

သျှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့လယ်တွင် အမျိုးသမီး တစ်ဦး ပြန်ပေးဆွဲခံရကြောင်း စုံစမ်းသိရှိရသည်။  ဒီဇင်ဘာလ ၆ ရက်နေ့လည်ပိုင်းက မူဆယ်မြို့လယ် လူမြင်ကွင်းရှေ့တွင် ထိုသို့ ပြန်ပေးဆွဲ ခံရသည့်အပေါ်  ငွေကြေးကိစ္စအပြင် တစ်ခြားသော အကြောင်းအရာများရှိနိုင်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ ပြန်ပေးဆွဲခံရတာတော့ ဟုတ်တယ်။ သူ့အမျိုးသားက ပြည်သူစစ်ထဲမှာပါတယ်။ သူကတော့ ငွေလဲတဲ့အလုပ်...

မူဆယ်ကိုဗစ် ၁၉ ပိုးတွေ့လူနာ အမျိုးသမီး စိုးရိမ်နေရ

သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် ကိုဗစ်-၁၉ လူနာ ၃၀ဦးရှိပြီး ရန်ကုန်ပြန်လာသည့် အမျိုးသမီးတစ်ဦးသည် စိုးရိမ်နေရကြောင်း စုံစမ်းသိရသည်။ ထိုရန်ကုန်မှာ ပြန်လာသည့် ပိုးတွေ့ အမျိုးသမီးသည် မူဆယ်မြို့ တည်းခိုခန်း ၂ခု တွင် တည်းခိုခဲ့ပြီး၊ ခရီးပြန်ထွက်မည်ဟုဆိုသဖြင့် ဆေးစစ်လိုက်သည့်အခါ ကိုဗစ်-၁၉ တွေ့ရှိခဲ့ကြောင်း၊ လက်ရှိမှာ မူဆယ်မြို့ ပြည်သူ့ဆေးရုံတွင်...

Latest news