မူဆယ်မြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်ထဲအထိ ရေဝင်နေ

သျှမ်းပြည် မူဆယ်မြို့နယ်အတွင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် နေအိမ်ဝန်းများအထိ ရေဝင်ရောက်နေကြောင်း သိရသည်။

.

ယမန်နေ့ (စက်တင်ဘာ ၁၂) ရက် နံနက်ပိုင်း ၂ နာရီဝန်းကျင်မှ စတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မူဆယ်မြို့ပေါ် ရပ်ကွက်များ ဖြစ်ကြသည့် ကောင်းမူးတုံရပ်ကွက်၊ ဟိုမွန် ရပ်ကွက်တို့၌ ချောင်းရေလျှံမှု ဖြစ်ပွားပြီး နေအိမ်များ အတွင်း ရေဝင်ရောက်ခဲ့ကြောင်း ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ရပ်ကွက်ထဲက အမှိုက်တွေက ရေစီးကြောင်းနဲ့ အတူပါလာပြီးတော့ ချောင်းနားမှာ လာပိတ်နေကြတာပေါ့၊ အဲ့ဒါကြောင့် ချောင်းရေလည်း ကောင်းကောင်း မစီးနိုင်ဘဲ ရေတွေလျှံကုန်တာ၊ အိမ်တွေထဲလည်း ရေဝင်တယ်၊ တချို့ အိမ်သုံးပစ္စည်းတွေတောင် ရေစီးနဲ့အတူ မျှောပါသွားကြတယ်” ဟု မူဆယ်မြို့ခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ မူဆယ်မြို့ပေါ် ရပ်ကွက်များ ရေကြီး ရေလျှံမှု ဖြစ်နေစဥ်တွင် ဟိုမွန်ရပ်ကွက်မှ CRV အမျိုးအစား ကား တစ်စီး၊ ဆိုင်ကယ် နှစ်စီးလည်း ခိုးခံလိုက်ရကြောင်း အခိုးခံရသည့် ကားပိုင်ရှင် အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မနက် ၃ နာရီလောက်မှာ မိုးတွေသည်းကြီးမဲကြီး ရွာနေချိန် ရေတွေလည်း အိမ်တွေထဲ စဝင်လာတဲ့ အချိန်ဆိုတော့ ပတ်ဝန်းကျင်ကို သတိမထားမိဘူး၊ ပစ္စည်းတွေပဲ ရွှေ့နေကြတာပေ့ါ။ မိုးလင်းတော့ ကားက မရှိတော့ဘူး၊ သော့ကြီးကြီး နဲ့ ခတ်ထားတဲ့ တံခါးကို ဘယ်လိုဖြတ်ဝင်ပြီး ယူသွားလဲ မသိဘူး” ဟု ကားအခိုးခံရသည့် အမျိုးသမီးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ဆိုင်ကယ် နှစ်စီးသည်လည်း အိမ်ရှေ့ ခြံဝန်းအတွင်း သော့ခတ်ထားခဲ့သော်လည်း ခိုးယူခြင်း ခံရကြောင်း အထက်ပါ အမျိုးသမီးက ဆက်လက်ပြောဆိုထားသည်။

အလားတူပင် စက်တင်ဘာလ (၁၂) ရက်နေ့တစ်နေ့တည်း၌ မူဆယ်ခရိုင်၊ ပန်ဆိုင်းမြို့နှင့် ကျင်ဆန်ကျော့ကြားရှိ နမ့်ကွေးချောင်း ရေလျှံမှု ဖြစ်သည့်အတွက် လမ်းများလည်း ခေတ္တပိတ်ထားရသည့် အပြင် အနီးပတ်ဝန်းကျင်ရှိ နေအိမ်များထဲ ရေဝင်ခဲ့ကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် သြဂုတ်လ ၉ ရက်တွင်လည်း မူဆယ်မြို့နယ် ပန်ခမ်းကျေးရွာမှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူနေအိမ်ထိ ရေများဝင်ကာ ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့သည်။

သြဂုတ်လဆန်းပိုင်းမှ စတင်ပြီး မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် သျှမ်းပြည်အပါအဝင် တခြားပြည်နယ်များလည်း ရေကြီးရေလျှံမှုဖြစ်ပွားပြီး ကားလမ်းပိုင်း ပြတ်တောက်သွားသည်အထိ ဖြစ်ပွားခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ် ၁၀၅ မိုင် ညီနောင်မဟာမိတ်စစ်ဆေးရေးဂိတ်အနီး ကားရပ်မပေးသည့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ်...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

မူဆယ် ကားစက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကား ၃ စီးနှင့် ထရန်စဖော်မာများ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဩဂုတ်လ ၂၅ ရက်) မနက် ၈ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့တော်ရွက်ရပ်ကွက်တွင်ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးစတင်လောင်ကျွမ်းကာအနီးရှိ ကားများနှင့် ထရန်စဖော်မာများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း...

မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါ လူ ၂၀ ဦး ထပ်မံ ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူ ၂၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) တွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တလုံးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...