မူဆယ် ဟိုတယ်တစ်ခုတွင် အမျိုးသားအလောင်းတွေ့

သျှမ်းပြည် မူဆယ်မြို့ ဈေးရပ်ကွက်ရှိ ဟိုတယ်တစ်ခုအတွင်း သေဆုံးနေလျက်ရှိသော အမျိုးသားတစ်ဦး၏ အလောင်းကိုတွေ့ရှိခဲ့ကြောင်း စုံစမ်းသိရသည်။

ဟိုတယ်အခန်းထဲ သေဆုံးနေသည့် အမျိုးသားရုပ်အလောင်း

ယမန်နေ့ (ဇွန်လ ၁၅) ရက် ည ၇ နာရီဝန်းကျင်တွင် ဈေးရပ်ကွက်ရှိ ဟိုတယ်တစ်ခု၏ အိပ်ခန်းထဲ၌ အသက် ၂၃ နှစ်ကျော်အရွယ် အမျိုးသားတစ်ဦးသည် ဒဏ်ရာဒဏ်ချက်မရှိဘဲ သေဆုံးနေလျက်ရှိသဖြင့် အလောင်းကို နှလုံးလှလူမှုကူညီရေးအသင်းမှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

“ အလောင်းကတော့ ထိခိုက်ဒဏ်ရာ ရထားတာ မတွေ့ရဘူး။ အလောင်းကို ကျနော်တို့ ဆေးရုံပို့ထားတော့ ဘာကြောင့်သေတယ်ဆိုတာ ဆေးရုံက ဆုံးဖြတ်မှ သိရမှာ။ ဒီလိုဟိုတယ်တွေမှာ သေဆုံးနေလျက်ရှိတဲ့ အလောင်းတော့ လက်ရှိမှာ တစ်လောင်းပဲ တွေ့သေးတယ်။ အရင်လတွေလည်း မရှိဘူး “ ဟု ၎င်း လူမှုကူညီရေးအသင်းမှ တာဝန်ခံတစ်ဦးက ပြောသည်။

အဆိုပါ သေဆုံးသွားသူသည် အသက် ၂၃ နှစ်အရွယ်ရှိလူငယ် အမျိုးသားတစ်ဦးဖြစ်ပြီး ကွက်ခိုင်မြို့တွင် နေထိုင်သည့် ဒေသခံတစ်ဦးဖြစ်ကြောင်း သိရသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် လားရှိုးမြို့ အပါအဝင် နယ်စပ်ဒေသဖြစ်သည့် မူဆယ်၊ နမ့်ခမ်း၊ တာချီလိတ်မြို့တွင် အိပ်ခန်းငှားရမ်းနေထိုင်သူ၊ ဟိုတယ်အခန်းငှားရမ်းနေထိုင်သူ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် အိပ်ခန်းအတွင်း ဦးနှောက်သွေးကြောပြတ်ကာ သေဆုံးနေလျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ ဒီဇင်ဘာ ၄ ရက်တွင် တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်အတွင်း အိမ်ခန်းငှားနေထိုင်သည့် အသက် ၁၇ အရွယ် နန်းအွန်ပင်းသည် ဦးနှောက်သွေးကြောပြတ်ကာ သေဆုံးခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...

မူဆယ်-နမ့်ခမ်း မြစ်ဘေးရှိ ရပ်ကွက်များနှင့် လယ်ယာ၊ စိုက်ပျိုးမြေများ ရေမြှုပ်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ နှင့် နမ့်ခမ်းမြို့ ရွှေလီမြစ်ဘေးနေထိုင်သည့် ပြည်သူများ၏ နေအိမ်နှင့် လယ်ယာများ ရေမြှုပ်နေကြောင်း သတင်းရရှိသည်။​ ဇူလိုင်လ တတိယပတ်အတွင်း သျှမ်းပြည် မြောက်ပိုင်း နှင့် တရုတ်နိုင်ငံအတွင်း မိုးအဆက်မပြတ်ရွာ သွန်းမှုအပြင် တရုတ်နိုင်ငံမှ ရေကာတာ ရေထုတ်လွှတ်မှုကြောင့် ရွှေလီမြစ်ရေမှာ ရက်ပိုင်း ရေမြင့်တက်လာခြင်းဖြစ်ကြောင်း မူဆယ်မြို့ဒေသခံအမျိုးသားတစ်ဦးက...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...