လားရှိုး – မူဆယ် လမ်းပိုင်း စစ်ကောင်စီက စစ်ဆေးမှုတင်းကြပ်

အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့သည် သျှမ်းပြည် မြောက်ပိုင်း လားရှိုး – မူဆယ် လမ်းပိုင်းတစ်လျောက်၌ စစ်ဆေးမှု တင်းကြပ်နေကြောင်း စုံစမ်း သိရသည်။

ကွတ်ခိုင် – မူဆယ် လမ်းမကြီး

လားရှိုးမြို့မှ သိန္နီ၊ ကွတ်ခိုင် စသည့် ပြည်ထောင်စုလမ်းကြောင်း တစ်လျောက် မူဆယ်မြို့ အထိ အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့သည် စစ်ဆေးရေးဂိတ်ဖွင့်ပြီး လမ်းသွားလမ်းလာများကို တင်းကြပ်စွာ စစ်ဆေးမှု လုပ်နေကြောင်း ဒေသခံများက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒီလမ်းပိုင်း တစ်လျောက် မြို့ဝင် မြို့ထွက် နေရာတိုင်းမှာ စစ်ကောင်စီက စစ်ဆေးမှု အရမ်းတင်းကြပ်နေတယ်၊ သျှမ်း ပြည်က မှတ်ပုံတင်ဆိုရင် သိပ်မရစ်ပေမဲ့ တခြား ပြည်နယ်/တိုင်းက မှတ်ပုံတင်ဆိုရင်တော့ တခါတည်း ချုပ်ပြီးတော့ စစ်တာ၊ အထူးသဖြင့်တော့ သီပေါ့၊ လားရှိုး၊ ကျောက်မဲ၊ နမ္မတူဘက်က လူဆိုရင် ပိုစစ်တယ်” ဟု စစ်ဆေးမှုကို ကြုံတွေ့ရသည့် အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီ တပ်ဖွဲ့သည် နံနက်ပိုင်းမှ စတင်ကာ ညနေအထိ တင်းကြပ် စစ်ဆေးနေပြီး များသော အားဖြင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့ဝင်များ နှင့် ပတ်သက်မှု ရှိ၊ မရှိ မေးမြန်းမှုများရှိကြောင်း လည်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့၏ စောင့်ကြပ်စစ်ဆေးမှုများသည် PDF တပ်ဖွဲ့ လှုပ်ရှားမှု သတင်းရသည့် အတွက် ၁၀ ရက်တာ ရှိမည် ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

“ကျနော်တို့ သိရသလောက်ကတော့ စစ်ကောင်စီက ၁၀ ရက်တာ စစ်ဆေးသွားမယ်လို့ သိရပါတယ်၊ PDF သတင်းတွေ ရလို့တဲ့၊ ခုလို စစ်ဆေးမှု တင်းကြပ်လာတာက ၂ – ၃ ရက်လောက်ပဲ ရှိမယ်၊ သျှမ်းမြောက်ပိုင်း တစ်လျောက်က PDF လှုပ်ရှားမှုကလည်း တိုးလာတော့ သူတို့ကို ဗုံးကြဲတိုက်ခိုက်မှာ ကြောက်တာနေမှာပေါ့” ဟု အထက်ပါ ပုဂ္ဂိုလ်က သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

လက်ရှိ အချိန်တွင်လည်း သျှမ်းပြည်မြောက်ပိုင်း တစ်လျှောက်၌ မန္တလေးဘက်မှ တက်လာသည့် PDF တပ်ဖွဲ့များ၏ သတင်းလည်း မကြာခဏ ကြားရသည့် အတွက် စစ်ကောင်စီတို့မှ စိုးရိမ်ခြင်း ဖြစ်နိုင်ကြောင်းလည်း ဒေသခံများ က ပြောသည်။

ပြီးခဲ့သည့် ဧပြီလ အတွင်းမှာလည်း အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် PDF ပူးပေါင်း တပ်ဖွဲ့တို့က နောင်ချိုမြို့နယ် အတွင်း ပြင်းထန်စွာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှု ၁၀၀ ထက်မနည်း ရှိခဲ့ကြောင်းလည်း သိရသည်။

အဆိုပါ ထိတွေ့တိုက်ပွဲတွင် စစ်ကောင်စီ ခလရ ၁၄၇ ၊ ခလရ ၂၅၃ ၊ ခမရ ၂၅၈ ၊ ခမရ ၅၀၈ စသည်တို့မှ ဖြစ်ကြပြီး စစ်အင်အား တစ်ထောင် ထက်မနည်း ရှိခဲ့ကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ် ၁၀၅ မိုင် ညီနောင်မဟာမိတ်စစ်ဆေးရေးဂိတ်အနီး ကားရပ်မပေးသည့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ်...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

မူဆယ် ကားစက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကား ၃ စီးနှင့် ထရန်စဖော်မာများ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဩဂုတ်လ ၂၅ ရက်) မနက် ၈ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့တော်ရွက်ရပ်ကွက်တွင်ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးစတင်လောင်ကျွမ်းကာအနီးရှိ ကားများနှင့် ထရန်စဖော်မာများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း...

မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါ လူ ၂၀ ဦး ထပ်မံ ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူ ၂၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) တွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တလုံးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...