Wednesday, January 28, 2026

လားရှိုး စစ်ကောင်စီတပ်က ညီနောင်မဟာမိတ် ထိန်းချုပ်နယ်မြေများသို့ ရိက္ခာနှင့်ဆေးဝါး ဖြတ်တောက်နေ

သျှမ်းပြည် လားရှိုးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်မှ ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်ထားသည့် မြို့နယ်များသို့ ရိက္ခာနှင့်ဆေးဝါးများ မရောက်နိုင်ရန် လမ်းကြောင်းဖြတ်တောက်နေကြောင်း စုံစမ်းသိရသည်။

လားရှိုး- မူဆယ် တောလမ်း

ဇန်နဝါရီလ တတိယပတ်မှ စတင်ပြီး လားရှိုးမြို့ရှိ စစ်ကောင်စီတပ်သည် ညီနောင်မဟာမိတ်တပ်များ သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့နယ်များအတွင်း ဖြတ်သန်းပြေးဆွဲနေသော ခရီးသည်တင်ယာဉ်များကို တင်းတင်းကျပ်ကျပ် စစ်ဆေးလာပြီး သွားလာနေသည့်လမ်းကြောင်းများကို လိုက်လံပိတ်ပင်ခြင်းနှင့် မိုင်းထောင်ခြင်းများ ပြုလုပ်နေကြောင်း လားရှိုး-မူဆယ် ခရီးစဉ် ပြေးဆွဲနေသည့် ကားသမားများက ပြောသည်။

“လမ်းမကြီးတွေပေါ်က တံတားတွေ ကျိုးကုန်တော့ သွားမရတော့ တောလမ်းကနေ ဖြတ်လမ်းရှာကြရတယ်။ အဲ့ဖြတ်လမ်းတွေကိုလည်း စစ်ကောင်စီတပ်က လိုက်ပိတ်နေတာ။ အခု အီနိုင်းကွင်းလမ်းကိုလည်း ထပ်ပိတ်ထားတော့ တော်တော်လေး အခက်အခဲဖြစ်တယ်။ လမ်းဘေးတွေမှာလည်း စစ်ကောင်စီတပ်က မိုင်းထောင်ထားတာရှိတယ်”ဟု မူဆယ်-လားရှိုး ခရီးစဉ်ပြေးဆွဲနေသည့် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် လားရှိုး-မူဆယ် ခရီးစဉ်ကို ညီနောင်မဟာမိတ် ၃ ဖွဲ့မှ တအာင်း(ပလောင်)တပ်ဖွဲ့ TNLA သိမ်းပိုက်ထိန်းချုပ်ထားသည့် နမ့်ခမ်း၊ မန်တုံနှင့် နမ္မတူမြို့နယ်များအတွင်းရှိ တောလမ်းများမှ ဖြတ်သန်းသွားလာနေရသည်။

၎င်းလမ်းကြောင်းတလျှောက် ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်များကိုလည်း နှစ်ဘက်တပ်ဖွဲ့များမှ တင်းတင်းကျပ်ကျပ် စစ်ဆေးမှုများ ရှိနေပြီး ဇန်နဝါရီလ တတိယပတ်မှ စတင်၍ လားရှိုး စစ်ကောင်စီတပ်မှ အီနိုင်းကွင်းလမ်းကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်လိုက်ကြောင်း လားရှိုးဒေသခံများထံမှသိရသည်။

“ဒီလမ်းကို ဘာကြောင့် စစ်ကောင်စီက ပိတ်လည်းဆိုရင် အဲ့ဘက်တကြောမှာရှိတဲ့ ညီနောင်မဟာမိတ်တပ်တွေကို ရိက္ခာဖြတ်ချင်တာ။ နမ္မတူ၊ မန်တုံ၊ နမ့်ခမ်းပေါ့။ ဘာကိုပိတ်ချင်တာလည်းဆိုတော့ သူတို့စစ်သားတွေသုံးတဲ့ ဆေးဝါးတွေပေါ့၊ ကြာရှည်ခံတဲ့ စားနပ်ရိက္ခာတွေပေါ့။ အဓိက ပိတ်ဆို့ချင်တာကတော့ ဓာတ်ဆီ၊ ဒီဇယ်ဆီ ဒီဟာပေါ့”ဟု လားရှိုးမြို့မှ အသက်(၅၀)ကျော်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုး-နမ္မတူ လမ်းမကြီးပေါ်ရှိ အီနိုင်းတံတားကို စစ်ကောင်စီတပ်မှ ဒီဇင်ဘာလ ၃၁ ရက်တွင် ဗုံးဖောက်ခွဲဖျက်စီးခဲ့ပြီး ဇန်နဝါရီလ ၁၁ ရက် ညပိုင်းကလည်း လားရှိုးမြို့နယ် နားကွမ်းလုံရွာမှ တံတားတစ်စင်းကို ထပ်မံဖျက်စီးခဲ့ကြောင်း လားရှိုးမြို့ဒေသခံများထံမှ သိရသည်။

“ကုန်ကုန်ပြောရရင် ဒီဟာက ဖြတ်လေးဖြတ် ပုံစံထဲကို ဝင်သွားပြီ။ မြို့ကို သိမ်းလို့တော့ ရမယ်၊ နေလို့မရအောင် စားနပ်ရိက္ခာ ဖြတ်ပစ်မယ်ဆိုတဲ့ ပုံစံမျိုးကို သွားနေတာ။ နောက်ဆက်တွဲရလဒ်က ပြည်သူတွေပဲ ထိခိုက်တယ်ဆိုတာ ဘယ်ဘက်ကမှ မစဉ်းစားပေးကြဘူး။ နမ္မတူက နမ့်ဆန်က ပြည်သူတွေ ငတ်တော့မယ်လို့ သူတို့မစဉ်းစားဘူး။ အဓိက သူတို့ရန်သူ ငတ်ဖို့ပဲ လုပ်နေကြတာ”ဟု မူဆယ်-လားရှိုး ခရီးစဉ်ပြေးဆွဲနေသည့် ၎င်းကားသမားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်ကလည်း ကျောက်မဲမြို့နယ်မှ အသက်(၃၀)ဝန်းကျင် အမျိုးသားတစ်ဦးကို ညီနောင်မဟာမိတ်တပ်များအတွက် ရိက္ခာဝယ်ပေးသူဟု စွပ်စွဲကာ စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ကျောက်မဲဒေသခံများမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

လားရှိုးမြို့နယ် UWSA မှ စစ်သင်တန်းတက်ရန် အတင်းအကြပ်ခေါ်ဆောင်ခြင်းကြောင့် အဆိပ်သောက်သေဆုံးသူရှိ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းကျက်ကျေးရွာအုပ်စုတွင် ‘ဝ’တပ်ဖွဲ့ UWSA မှ ဒေသခံများကို စစ်သင်တန်း တက်ရောက်ရန် အတင်းအကြပ် ခေါ်ဆောင်နေခြင်းကြောင့် အဆိပ်သောက် သေဆုံးသူ ရှိနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်တွင် လားရှိုးမြို့နယ်ရှိ မန်ကတ်(မန်မတ်)၊ နမ္မ၊ နမ့်ပေါင်နှင့် မိုင်းကျက် ကျေးရွာအုပ်စုများမှ ရွာသူကြီးများကို...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

မူဆယ်တွင် မင်္ဂလာပွဲကိစ္စဖြင့် အဆိုတော် အပါအဝင် လူနှစ်ဦး လိမ်လည်ခေါ်ဆောင်ခံရပြီး နှိပ်စက်ငွေညှစ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် မင်္ဂလာပွဲကိစ္စဖြင့် အဆိုတော် အပါအဝင် လူနှစ်ဦး လိမ်လည်ခေါ်ဆောင်ခံရပြီး ကျားဖြန့်ဂိုဏ်းများ၏ ရိုက်နှက်နှိပ်စက်ခြင်း၊ ငွေညှစ်တောင်းခံခြင်းများ ကြုံတွေ့ခဲ့ရကြောင်း သတင်းသိရသည်။ ရန်ကုန်မြို့တွင် နေထိုင်သည့် အဆိုတော် ရှင်မင်းမြတ် သည် မင်္ဂလာပွဲကိစ္စဖြင့် လိမ်လည်ကမ်းလှမ်းခံခဲ့ရပြီး မူဆယ်မြို့သို့ ရောက်ရှိချိန်တွင် မိတ်ဆွေတစ်ဦးနှင့်အတူ အွန်လိုင်းငွေလိမ် ကျားဖြန့်ဂိုဏ်းစခန်းထဲ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီး...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...