လားရှိုး စစ်ကောင်စီတပ်က ညီနောင်မဟာမိတ် ထိန်းချုပ်နယ်မြေများသို့ ရိက္ခာနှင့်ဆေးဝါး ဖြတ်တောက်နေ

သျှမ်းပြည် လားရှိုးမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်မှ ညီနောင်မဟာမိတ်တပ်များ ထိန်းချုပ်ထားသည့် မြို့နယ်များသို့ ရိက္ခာနှင့်ဆေးဝါးများ မရောက်နိုင်ရန် လမ်းကြောင်းဖြတ်တောက်နေကြောင်း စုံစမ်းသိရသည်။

လားရှိုး- မူဆယ် တောလမ်း

ဇန်နဝါရီလ တတိယပတ်မှ စတင်ပြီး လားရှိုးမြို့ရှိ စစ်ကောင်စီတပ်သည် ညီနောင်မဟာမိတ်တပ်များ သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့နယ်များအတွင်း ဖြတ်သန်းပြေးဆွဲနေသော ခရီးသည်တင်ယာဉ်များကို တင်းတင်းကျပ်ကျပ် စစ်ဆေးလာပြီး သွားလာနေသည့်လမ်းကြောင်းများကို လိုက်လံပိတ်ပင်ခြင်းနှင့် မိုင်းထောင်ခြင်းများ ပြုလုပ်နေကြောင်း လားရှိုး-မူဆယ် ခရီးစဉ် ပြေးဆွဲနေသည့် ကားသမားများက ပြောသည်။

“လမ်းမကြီးတွေပေါ်က တံတားတွေ ကျိုးကုန်တော့ သွားမရတော့ တောလမ်းကနေ ဖြတ်လမ်းရှာကြရတယ်။ အဲ့ဖြတ်လမ်းတွေကိုလည်း စစ်ကောင်စီတပ်က လိုက်ပိတ်နေတာ။ အခု အီနိုင်းကွင်းလမ်းကိုလည်း ထပ်ပိတ်ထားတော့ တော်တော်လေး အခက်အခဲဖြစ်တယ်။ လမ်းဘေးတွေမှာလည်း စစ်ကောင်စီတပ်က မိုင်းထောင်ထားတာရှိတယ်”ဟု မူဆယ်-လားရှိုး ခရီးစဉ်ပြေးဆွဲနေသည့် ကားသမားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိတွင် လားရှိုး-မူဆယ် ခရီးစဉ်ကို ညီနောင်မဟာမိတ် ၃ ဖွဲ့မှ တအာင်း(ပလောင်)တပ်ဖွဲ့ TNLA သိမ်းပိုက်ထိန်းချုပ်ထားသည့် နမ့်ခမ်း၊ မန်တုံနှင့် နမ္မတူမြို့နယ်များအတွင်းရှိ တောလမ်းများမှ ဖြတ်သန်းသွားလာနေရသည်။

၎င်းလမ်းကြောင်းတလျှောက် ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်များကိုလည်း နှစ်ဘက်တပ်ဖွဲ့များမှ တင်းတင်းကျပ်ကျပ် စစ်ဆေးမှုများ ရှိနေပြီး ဇန်နဝါရီလ တတိယပတ်မှ စတင်၍ လားရှိုး စစ်ကောင်စီတပ်မှ အီနိုင်းကွင်းလမ်းကို ဖြတ်သန်းသွားလာခွင့် ပိတ်ပင်လိုက်ကြောင်း လားရှိုးဒေသခံများထံမှသိရသည်။

“ဒီလမ်းကို ဘာကြောင့် စစ်ကောင်စီက ပိတ်လည်းဆိုရင် အဲ့ဘက်တကြောမှာရှိတဲ့ ညီနောင်မဟာမိတ်တပ်တွေကို ရိက္ခာဖြတ်ချင်တာ။ နမ္မတူ၊ မန်တုံ၊ နမ့်ခမ်းပေါ့။ ဘာကိုပိတ်ချင်တာလည်းဆိုတော့ သူတို့စစ်သားတွေသုံးတဲ့ ဆေးဝါးတွေပေါ့၊ ကြာရှည်ခံတဲ့ စားနပ်ရိက္ခာတွေပေါ့။ အဓိက ပိတ်ဆို့ချင်တာကတော့ ဓာတ်ဆီ၊ ဒီဇယ်ဆီ ဒီဟာပေါ့”ဟု လားရှိုးမြို့မှ အသက်(၅၀)ကျော်အရွယ်ရှိ ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုး-နမ္မတူ လမ်းမကြီးပေါ်ရှိ အီနိုင်းတံတားကို စစ်ကောင်စီတပ်မှ ဒီဇင်ဘာလ ၃၁ ရက်တွင် ဗုံးဖောက်ခွဲဖျက်စီးခဲ့ပြီး ဇန်နဝါရီလ ၁၁ ရက် ညပိုင်းကလည်း လားရှိုးမြို့နယ် နားကွမ်းလုံရွာမှ တံတားတစ်စင်းကို ထပ်မံဖျက်စီးခဲ့ကြောင်း လားရှိုးမြို့ဒေသခံများထံမှ သိရသည်။

“ကုန်ကုန်ပြောရရင် ဒီဟာက ဖြတ်လေးဖြတ် ပုံစံထဲကို ဝင်သွားပြီ။ မြို့ကို သိမ်းလို့တော့ ရမယ်၊ နေလို့မရအောင် စားနပ်ရိက္ခာ ဖြတ်ပစ်မယ်ဆိုတဲ့ ပုံစံမျိုးကို သွားနေတာ။ နောက်ဆက်တွဲရလဒ်က ပြည်သူတွေပဲ ထိခိုက်တယ်ဆိုတာ ဘယ်ဘက်ကမှ မစဉ်းစားပေးကြဘူး။ နမ္မတူက နမ့်ဆန်က ပြည်သူတွေ ငတ်တော့မယ်လို့ သူတို့မစဉ်းစားဘူး။ အဓိက သူတို့ရန်သူ ငတ်ဖို့ပဲ လုပ်နေကြတာ”ဟု မူဆယ်-လားရှိုး ခရီးစဉ်ပြေးဆွဲနေသည့် ၎င်းကားသမားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ ရက်ကလည်း ကျောက်မဲမြို့နယ်မှ အသက်(၃၀)ဝန်းကျင် အမျိုးသားတစ်ဦးကို ညီနောင်မဟာမိတ်တပ်များအတွက် ရိက္ခာဝယ်ပေးသူဟု စွပ်စွဲကာ စစ်ကောင်စီတပ်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ယနေ့အထိ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ကျောက်မဲဒေသခံများမှ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုး ရေကြီး၊ နေအိမ်နှင့် လယ်များ ရေနစ်မြှုပ်

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ်တွင် မိုးဆက်တိုက် ရွာသွန်းမှုကြောင့် နမ့်ယောင်ချောင်းရေ မြင့်တက်ကာ နေအိမ်များ နှင့် လယ်ကွက်များ ရေနစ်မြှုပ်နေကြောင်း သတင်းရရှိသည်။ ယခုရက်ပိုင်းအတွင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် လားရှိုးမြို့နယ် နမ့်ယောင်ချောင်းရေ မြင့်တက်လာကာ လားရှိုးမြို့ရှိ ရပ်ကွက် (၁၂)၊ ရပ်ကွက် (၅) နှင့် ခေးခမ်းကျေးရွာဘက်ရှိ...

စစ်တပ်ထိန်းချုပ် လားရှိုး ခိုးဆိုးလုယက် များလာ၊ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကော်မရှင်တပ် ထိန်းချုပ်လာပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှု နေ့စဉ်ဆက်တိုက်ဖြစ်လာပြီး၊ ဒေသခံများ ကိုယ်ထူကိုယ်ထ ဖမ်းဆီးနေရကြောင်း သတင်းရရှိသည်။ လက်ရှိတွင် လားရှိုးမြိုတွင် ခိုးဆိုးလုယက်မှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ဒေသခံများ အနေဖြင့် တယောက်ထဲ သွားလာရန် စိုးရိမ်နေရပြီး၊ ဒေသခံများကို ကိုယ်ထူကိုယ်ထ ဖမ်းဆီးမှုပြုလုပ်နေရကြောင်း လားရှိုးမြို့...

မူဆယ်မြို့ ငါးပစ်ဂိမ်းဆိုင်တွင် ပစ်ခတ်မှုဖြစ်၊ အမျိုးသားတဦး သေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဟိုနားနယ်မြေအတွင်းရှိ ငါးပစ်ဂိမ်းဆိုင်တခုတွင်  ယနေ့ (ဇူလိုင် ၃၀)ရက် မနက် ၁၁နာရီဝန်းကျင်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါ ဖြစ်စဉ်သည် ယနေ့ (ဇူလိုင်လ ၃၀ ရက်) မနက် ၁၁ နာရီဝန်းကျင် မူဆယ်မြို့ ဟိုနားနယ်မြေ ကောင်းမူတုံရပ်ကွက်ရှိ ငါးပစ်ဂိမ်းဆိုင်...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...