မူဆယ် စစ်ရှောင်ကိုယ်ဝန်သည် (၃) ဦး မီးဖွားဖို့ အကူအညီလိုအပ်နေ

သျှမ်းပြည် မူဆယ်ခရိုင်၊ မူဆယ်မြို့နယ်၊ စယ်လန့်ကျေးရွာအုပ်စုမှ စစ်ရှောင်ထွက်ပြေးနေရသည့် ကိုယ်ဝန်သည်
မိခင် (၃) ဦး မီးဖွားရန်အတွက် အကူအညီများ လိုအပ်နေကြောင်း စုံစမ်းသိရသည်။

.

မူဆယ်မြို့နယ် ၊ စွမ်စော် ရပ်ကွက် ၊ အမှတ် (၁) လမ်းဘက်ရှိ စစ်ရှောင်လာသည့် ကိုယ်ဝန်သည် မိခင် တစ်ဦး နှင့် နောက်ထပ် မွေးဖွားခါစ ကိုယ်ဝန်သည် မိခင် (၂) ဦးတို့က မွေးဖွားစရိတ် နှင့် ကျန်းမာရေး စောင့်ရှောက်မှု အကူအညီများ လိုအပ်နေကြောင်း စစ်ရှောင်ကူညီပေးနေသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

Photo – HMS ပရဟိတ အသင်း (မူဆယ်မြို့ပေါ်သို့ စစ်ရှောင်ရောက်ရှိလာသည့် အမျိုးသမီး နှင့် ကလေးငယ်များ)

“စွမ်စော် (၁) လမ်းဘက်မှာ ရှိနေတဲ့ စစ်ရှောင်ကိုယ်ဝန်ဆောင် အမျိုးသမီးကတော့ ဒီတစ်ပတ် မဟုတ်လည်း နောက်အပတ်ထဲမှာ မွေးမှာသေချာတယ်။ ဒါပေမဲ့ စစ်ရှောင်လာတုန်းက ဒီအတိုင်း ထွက်လာတော့ ဘာပစ္စည်းမှ မယူဖြစ်ခဲ့ဘူးတဲ့၊ ငွေကြေးလည်း သိပ်မတတ်နိုင်တော့ ဆရာဝန်ဆီလည်း ကိုယ်ဝန် မအပ်နိုင်သေးဘူး” ဟု စစ်ရှောင်ကူညီပေးနေသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နောက်ထပ် ကိုယ်ဝန်သည် အမျိုးသမီး နှစ်ဦးမှာလည်း ကိုယ်ဝန်သက်တမ်း ၉ လထဲ ရောက်ရှိလာပြီ ဖြစ်သည့် အတွက် မွေးဖွားရမည့် နေ့ရက်နီးနေပြီ ဖြစ်ကြောင်း စစ်ရှောင်ကူညီပေးသူက သျှမ်းသံတော်ဆင့်ကို ဆက်ပြောသည်။

အဆိုပါ ကိုယ်ဝန်သည် မိခင် စစ်ရှောင်အမျိုးသမီးများသည် ပြီးခဲ့သည့် သြဂုတ်လ ၂၈ ရက်နေ့မှ စတင်ပြီး အာဏာသိမ်း စစ်ကောင်စီတပ် နှင့် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော်တို့ စယ်လန့်ကျေးရွာ အနီး တိုက်ပွဲပြင်းထန်မှုကြောင့် ထွက်ပြေးလာရသူများဖြစ်သည်။

လက်ရှိတွင် ကိုယ်ဝန်သည်မိခင်များအတွက် ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်သည့်အပြင် မွေးဖွားလာမည့် ကလေးငယ်အတွက် ကလေးအနှီး၊ အဝတ်အထည်၊ နို့ဗူး နှင့် ဆေးဝါးများအတွက်လည်း အကူအညီ လိုအပ်နေကြောင်း စစ်ရှောင်ကူညီသူက ပြောသည်။

“ဒီမှာတော့ ကလေးအနှီးကအစ ဆေးဝါးတွေလည်း မရှိထားဘူး၊ အခုချိန်မှာ ကုန်ဈေးနှုန်းလည်း ကြီးတော့ ကုန်ကျစရိတ်တွေတော့ တော်တော်ကုန်မှာ၊ တစ်ယောက်စာအတွက် အနည်းဆုံး ၅ သိန်းလောက်တော့ ကုန်မှာ၊ ဒါတောင် ရိုးရိုးမွေးမှာနော်၊ ခွဲမွေးရင်တော့ ပိုကုန်တာပေါ့၊ သူတို့လေးတွေအတွက်ကူညီပေးမယ့်သူတွေ ရှိလာရင် သိပ်ကောင်းမယ်” ဟု စစ်ရှောင်များကို ကူညီပေးနေသူက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၃၁ ရက်နေ့တွင်လည်း စယ်လန့်ကျေးရွာမှ မူဆယ်မြို့ပေါ်သို့ စစ်ရှောင်ထွက်ပြေးလာသည့် ကိုယ်ဝန်သည် မိခင်တစ်ဦးလည်း မီးဖွားရန် ခက်ခဲသည့်တွက် လူမှုကူညီရေး အသင်းမှ အရေးပေါ် ဆေးရုံသို့ ပို့ဆောင်ပေးရပြီး၊ ခွဲမွေးခဲ့ရကြောင်းလည်း သိရသည်။

လက်ရှိတွင် မူဆယ်မြို့ပေါ် စစ်ရှောင်ထွက်ပြေးလာသည့် စယ်လန့်ဒေသခံများသည် ဟိုနားရပ်ကွက်တွင် (၂၃၀) ဦး၊ စွမ်စော်ရပ်ကွက်တွင် (၁၆၀) ဦး ၊ မန်ကန်ရွာတွင် (၂၉၀) ဦး နှင့် နမ့်စန့် (တုန်ခွမ်) ကျေးရွာဇရပ်တွင် (၄၃၀) ဦး နှင့် စာရင်းမသိရသေးသည့် စစ်ရှောင်လည်း ရှိနိုင်ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ် ၁၀၅ မိုင် ညီနောင်မဟာမိတ်စစ်ဆေးရေးဂိတ်အနီး ကားရပ်မပေးသည့် ယာဉ်မောင်းတစ်ဦး သေနတ်ပစ်သတ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့နယ် ၁၀၅ မိုင်ရှိ ညီနောင်မဟာမိတ်တပ် စစ်ဆေးရေးဂိတ်တွင် ကားရပ်မပေးသည့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေနတ်ပစ်ခတ်ခံရ၍ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဩဂုတ်လ ၂၉ ရက်) နေ့လယ် ၁ နာရီကျော်တွင် မူဆယ်မြို့နှင့် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဇုန်ကြား နမ့်ပန်းရွာအနီးရှိ ညီနောင်မဟာမိတ်တပ်...

မူဆယ်တွင် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါအဝင် ၃၁ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသား ၁၈ ဦးအပါအဝင် စုစုပေါင်း ၃၁ ဦး ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။ ယမန်နေ့ (ဩဂုတ်လ ၂၇ ရက်) မနက် ၁၀ နာရီဝန်းကျင် မူဆယ်မြို့ ကောင်းမူတုံရပ်ကွက်ရှိ နေအိမ်တအိမ်ကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ...

မူဆယ် ကားစက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွား

0
သျှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့တွင် ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ပြီး ကား ၃ စီးနှင့် ထရန်စဖော်မာများ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယနေ့ (ဩဂုတ်လ ၂၅ ရက်) မနက် ၈ နာရီခွဲဝန်းကျင်တွင် မူဆယ်မြို့တော်ရွက်ရပ်ကွက်တွင်ကားတစီး စက်သုံးဆီဖြည့်နေစဉ် မီးစတင်လောင်ကျွမ်းကာအနီးရှိ ကားများနှင့် ထရန်စဖော်မာများသို့ မီးကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း...

မူဆယ် ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသားအပါ လူ ၂၀ ဦး ထပ်မံ ဖမ်းဆီးခံရ

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူ ၂၀ ဦးကို လုပ်ငန်းသုံးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဩဂုတ်လ ၂၃ ရက်) တွင် မူဆယ်မြို့၊ ကောင်းမူးတုံရပ်ကွက်၊ ကောင်းမူးလွယ်နယ်မြေရှိ နေအိမ်တလုံးကို လုံခြုံရေးပူးပေါင်းအဖွဲ့များက...

မူဆယ်-နမ့်ခမ်း လမ်းမပေါ် KIA တပ်သားက အမျိုးသားတဉီးကို သေနတ်ဖြင့်ပစ်

0
သျှမ်းပြည် မြောက်ပိုင်း မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ်ရှိ ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) စစ်ဆေးရေးဂိတ်တွင် လုံခြုံရေး တာဝန်ယူထားသည့် တပ်သားတဉီးက ဒေသခံ အမျိုးသားတဦးကို သေနတ်ဖြင့် ပစ်ခဲ့ကြောင်း သတင်းရရှိသည်။  ယနေ့ (ဩဂုတ်လ ၁၈ ရက်) မနက် ၁၀ နာရီခွဲဝန်းကျင်တွင်  မူဆယ်-နမ့်ခမ်း လမ်းမကြီးပေါ် နမ့်လျှန်ကျေးရွာအနီးရှိ   (KIA) စစ်ဆေးရေးဂိတ်...