မူဆယ်မြို့နယ် အရပ်သားများကို အကာအကွယ်ယူပြီး တိုက်ပွဲဖြစ်ပွားနေ

သျှမ်းပြည် မူဆယ်မြို့နယ်၊ တုန့်ခန်ကျေးရွာအတွင်း၌ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့တို့သည် အရပ်သားများကို အကာအကွယ်ယူပြီး တိုက်ပွဲ ဖြစ်ပွားနေကြောင်း စုံစမ်း သိရသည်။

တုန့်ခန်ကျေးရွာ

ယနေ့( နိုဝင်ဘာလ ၃၀) ရက် နံနက်ပိုင်းမှ စတင်ကာ စစ်ကောင်စီ တပ်စွဲနေထိုင်သည့် မူဆယ်မြို့နယ် တုန်ခန်ကျေးရွာ အတွင်းသို့ ညီနောင်မဟာမိတ် တပ်ဖွဲ့မှ ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် အရပ်သားနေအိမ် များစွာ ထိခိုက်ပျက်စီးကြောင်း လုံခြုံရေး အရ အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒရုန်းနဲ့ ဗုံးတွေ ကြဲချတာ အလုံး ၅၀ ကျော်ရှိနေပြီ။ ရွာထဲလည်း ဘယ်သူမှ မနေရဲတော့ဘူး။ မူဆယ်မြို့ပေါ်ကို စစ်ရှောင်ထွက်ပြေးသွားကြပြီ။ ရွာထဲက အိမ်တွေဆိုရင်လည်း ထိခိုက်ပျက်စီးတာ တော်တော် များတယ်။ အခုထိ လည်း ပစ်နေကြတုန်းမို့ အရေအတွက်တိတိကျကျတော့ မသိရသေးဘူး” ဟု အထက်ပါ အမည်မဖော်လိုသူ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ သတင်းရေးသားနေသည့် အချိန်အထိ တုန့်ခန်ကျေးရွာဘက်၌ ပစ်ခတ်သံများ ကြားနေရလျက်ရှိပြီး နှစ်ဖက်တပ်ဖွဲ့မှ အရပ်သားများ နေထိုင်ရာ ကျေးရွာအတွင်း တိုက်ပွဲ ဖြစ်ပွားနေသည့်အတွက် အရပ်သား နေအိမ် အဆောက်အဦးများ ထိခိုက်ပျက်စီးမှုများနေကြောင်း ဒေသခံများထံမှ သိရ သည်။

အလားတူပင် ယမန်နေ့ (နိုဝင်ဘာလ ၂၉) ရက် မွန်းလွှဲပိုင်းတွင်လည်း တုန်ခန်ကျေးရွာအတွင်း တပ်စွဲ နေထိုင်ထားသည့် စစ်ကောင်စီတပ်မှ လက်နက်ကြီး RPG ဖြင့် လူနေအိမ်များထံသို့ ဦးတည်ပစ်ခတ်သည့်အတွက် အရပ်သားနေအိမ် ၃၀ ထက်မနည်း ထိခိုက်ပျက်စီးရကြောင်းလည်း အသက် (၄၀) ဝန်းကျင် ဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ရွာထဲမှာနေပြီး RPG နဲ့ ပစ်တာ အိမ်ကြီး အိမ်ကောင်းတွေကိုပဲ ဦးတည်ပစ်နေကြတာ။ မနေ့က အိမ် (၃၀) လုံးထက်မနည်း ပျက်စီးရတယ်။ အမှန်ဆိုရင် သူတို့က ဒီလိုမလုပ်သင့်ပါဘူး။ ရွာသားတွေဆိုလည်း အကုန် စစ်ရှောင်ရပြီ” ဟု အသက် (၄၀) ဝန်းကျင် အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ စစ်ကောင်စီ နှင့် မဟာမိတ်တပ်များ တိုက်ပွဲဖြစ်ပွားရာ တုန့်ခန်ကျေးရွာသည် လူနေအိမ်ခြေ (၁၂၀) ကျော် ၊ လူဦးရေ ၃၀၀ ဝန်းကျင် နေအထိုင်သည့် ကျေးရွာဖြစ်ပြီး လက်ရှိအချိန်တွင် နှစ်ဖက် တပ်ဖွဲ့ တိုက်ပွဲကြား အရပ်သား နေအိမ် (၃၀) ထက်မနည်း ထိခိုက်ပျက်စီးရကြောင်း သိရသည်။

လက်ရှိ အချိန်တွင် တုန်ခန်ကျေးရွာခံများသည် မူဆယ်မြို့ပေါ်ရှိ ဝေဠုဝန်ဘုရားကျောင်းသို့ စစ်ရှောင်ရောက်ရှိပြီး စားနပ်ရိက္ခာ နှင့် နေရာထိုင်ခင်း၊ ဆေးဝါး အကူအညီများလိုအပ်နေကြောင်းလည်း သိရသည်။

ညီနောင်မဟာမိတ် တပ်ဖွဲ့များ နှင့် စစ်ကောင်စီ တပ်ဖွဲ့တို့သည် ပြီးခဲ့သည့် အောက်တိုဘာလနှောင်းပိုင်းမှ စတင်ကာ မူဆယ်မြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်မှု ကြောင့် အရပ်သား ထိခိုက်ဒဏ်ရာရမှုသည် (၁၀) ဦးနှင့် အထက်၊ သေဆုံးသူဦးရေ (၅) ဦးထက်မနည်း ရှိနေကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မူဆယ်မြို့ ငါးပစ်ဂိမ်းဆိုင်တွင် ပစ်ခတ်မှုဖြစ်၊ အမျိုးသားတဦး သေဆုံး

0
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ ဟိုနားနယ်မြေအတွင်းရှိ ငါးပစ်ဂိမ်းဆိုင်တခုတွင်  ယနေ့ (ဇူလိုင် ၃၀)ရက် မနက် ၁၁နာရီဝန်းကျင်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ အဆိုပါ ဖြစ်စဉ်သည် ယနေ့ (ဇူလိုင်လ ၃၀ ရက်) မနက် ၁၁ နာရီဝန်းကျင် မူဆယ်မြို့ ဟိုနားနယ်မြေ ကောင်းမူတုံရပ်ကွက်ရှိ ငါးပစ်ဂိမ်းဆိုင်...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

မူးယစ်သားကောင်ဘဝမှ လူငယ်ပြုစုပျိုးထောင်သူ ဘဝအဖြစ်ရောက်ရှိလာ

0
ကမ္ဘာ့အကြီးဆုံး စိတ်ကြွရူးသွပ်ဆေးပြား ထုတ်လုပ်ရာ နိုင်ငံ အဖြစ် မြန်မာနိုင်ငံရောက်ရှိနေကြောင်း  ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) က ၂၀၂၆ ခုနှစ် အစီရင်ခံစာတွင် ထုတ်ပြန်လိုက်သည်။ နိုင်ငံတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင်ပဋိက္ခများကြောင့် သျှမ်းပြည်သည် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုဂိုဏ်းများ၏ ဗဟိုချက်ဖြစ်လာပြီး မူးယစ်ဆေးဝါး ထုတ်လုပ်မှုမှာ အွန်လိုင်းငွေလိမ်လည်မှု လုပ်ငန်းများနှင့်ပါ စနစ်တကျ...

မူဆယ်တွင် တရုတ်နိုင်ငံသား ၁၇ ဦးအပါအဝင် ကျားဖြန့်လုပ်ကိုင်သူ ၅၅ ဦး ဖမ်းဆီးခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ကိုင်သည့် တရုတ်နိုင်ငံသား (၁၇) ဦး အပါအဝင် (၅၅) ဦး ဖမ်းဆီးရမိခဲ့ကြောင်း သတင်းသိရသည်။ ယနေ့ (ဇူလိုင်လ ၂၅ ရက်) နံနက် ၁၀ နာရီခွဲခန့်တွင် မူဆယ်မြို့ စွမ်စော်ရပ်ကွက် စွမ်စော်(၂)လမ်းရှိ နေအိမ်(၂) လုံးကို စစ်တပ်လက်အောက်ခံ...

မူဆယ် KTV များတွင် မူးယစ်ဆေးကြောင့် လူငယ်များ ဆက်တိုက်သေဆုံး၊ တရုတ်ဘက်ကပါ ဆေးကုသခွင့် ပိတ်ပင်

0
မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ရှိ KTV များတွင် မူးယစ်ဆေးဝါး အလွန်အကျွံသုံးစွဲခြင်းကြောင့် လူငယ်များ သေဆုံးမှု ဆက်တိုက်ဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ မူးယစ်ဆေး သောက်သုံးပြီး စိုးရိမ်ရသည့် အရေးပေါ်လူနာများကိုလည်း တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် သွားရောက်ခွင့် ပိတ်ပင်ခံနေရကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းက ပြောသည်။ ယမန်နေ့ (ဇူလိုင် ၂၄ ရက်) နံနက်ပိုင်းက...