Wednesday, January 28, 2026

မူဆယ်မြို့နယ် အရပ်သားများကို အကာအကွယ်ယူပြီး တိုက်ပွဲဖြစ်ပွားနေ

သျှမ်းပြည် မူဆယ်မြို့နယ်၊ တုန့်ခန်ကျေးရွာအတွင်း၌ အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ နှင့် ညီနောင်မဟာမိတ်တပ်ဖွဲ့တို့သည် အရပ်သားများကို အကာအကွယ်ယူပြီး တိုက်ပွဲ ဖြစ်ပွားနေကြောင်း စုံစမ်း သိရသည်။

တုန့်ခန်ကျေးရွာ

ယနေ့( နိုဝင်ဘာလ ၃၀) ရက် နံနက်ပိုင်းမှ စတင်ကာ စစ်ကောင်စီ တပ်စွဲနေထိုင်သည့် မူဆယ်မြို့နယ် တုန်ခန်ကျေးရွာ အတွင်းသို့ ညီနောင်မဟာမိတ် တပ်ဖွဲ့မှ ဒရုန်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် အရပ်သားနေအိမ် များစွာ ထိခိုက်ပျက်စီးကြောင်း လုံခြုံရေး အရ အမည်မဖော်လိုသူ ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဒရုန်းနဲ့ ဗုံးတွေ ကြဲချတာ အလုံး ၅၀ ကျော်ရှိနေပြီ။ ရွာထဲလည်း ဘယ်သူမှ မနေရဲတော့ဘူး။ မူဆယ်မြို့ပေါ်ကို စစ်ရှောင်ထွက်ပြေးသွားကြပြီ။ ရွာထဲက အိမ်တွေဆိုရင်လည်း ထိခိုက်ပျက်စီးတာ တော်တော် များတယ်။ အခုထိ လည်း ပစ်နေကြတုန်းမို့ အရေအတွက်တိတိကျကျတော့ မသိရသေးဘူး” ဟု အထက်ပါ အမည်မဖော်လိုသူ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လက်ရှိ သတင်းရေးသားနေသည့် အချိန်အထိ တုန့်ခန်ကျေးရွာဘက်၌ ပစ်ခတ်သံများ ကြားနေရလျက်ရှိပြီး နှစ်ဖက်တပ်ဖွဲ့မှ အရပ်သားများ နေထိုင်ရာ ကျေးရွာအတွင်း တိုက်ပွဲ ဖြစ်ပွားနေသည့်အတွက် အရပ်သား နေအိမ် အဆောက်အဦးများ ထိခိုက်ပျက်စီးမှုများနေကြောင်း ဒေသခံများထံမှ သိရ သည်။

အလားတူပင် ယမန်နေ့ (နိုဝင်ဘာလ ၂၉) ရက် မွန်းလွှဲပိုင်းတွင်လည်း တုန်ခန်ကျေးရွာအတွင်း တပ်စွဲ နေထိုင်ထားသည့် စစ်ကောင်စီတပ်မှ လက်နက်ကြီး RPG ဖြင့် လူနေအိမ်များထံသို့ ဦးတည်ပစ်ခတ်သည့်အတွက် အရပ်သားနေအိမ် ၃၀ ထက်မနည်း ထိခိုက်ပျက်စီးရကြောင်းလည်း အသက် (၄၀) ဝန်းကျင် ဒေသခံ အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။
“ရွာထဲမှာနေပြီး RPG နဲ့ ပစ်တာ အိမ်ကြီး အိမ်ကောင်းတွေကိုပဲ ဦးတည်ပစ်နေကြတာ။ မနေ့က အိမ် (၃၀) လုံးထက်မနည်း ပျက်စီးရတယ်။ အမှန်ဆိုရင် သူတို့က ဒီလိုမလုပ်သင့်ပါဘူး။ ရွာသားတွေဆိုလည်း အကုန် စစ်ရှောင်ရပြီ” ဟု အသက် (၄၀) ဝန်းကျင် အမျိုးသားက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ယင်းကဲ့သို့ စစ်ကောင်စီ နှင့် မဟာမိတ်တပ်များ တိုက်ပွဲဖြစ်ပွားရာ တုန့်ခန်ကျေးရွာသည် လူနေအိမ်ခြေ (၁၂၀) ကျော် ၊ လူဦးရေ ၃၀၀ ဝန်းကျင် နေအထိုင်သည့် ကျေးရွာဖြစ်ပြီး လက်ရှိအချိန်တွင် နှစ်ဖက် တပ်ဖွဲ့ တိုက်ပွဲကြား အရပ်သား နေအိမ် (၃၀) ထက်မနည်း ထိခိုက်ပျက်စီးရကြောင်း သိရသည်။

လက်ရှိ အချိန်တွင် တုန်ခန်ကျေးရွာခံများသည် မူဆယ်မြို့ပေါ်ရှိ ဝေဠုဝန်ဘုရားကျောင်းသို့ စစ်ရှောင်ရောက်ရှိပြီး စားနပ်ရိက္ခာ နှင့် နေရာထိုင်ခင်း၊ ဆေးဝါး အကူအညီများလိုအပ်နေကြောင်းလည်း သိရသည်။

ညီနောင်မဟာမိတ် တပ်ဖွဲ့များ နှင့် စစ်ကောင်စီ တပ်ဖွဲ့တို့သည် ပြီးခဲ့သည့် အောက်တိုဘာလနှောင်းပိုင်းမှ စတင်ကာ မူဆယ်မြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး တိုက်ပွဲအတွင်း လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်မှု ကြောင့် အရပ်သား ထိခိုက်ဒဏ်ရာရမှုသည် (၁၀) ဦးနှင့် အထက်၊ သေဆုံးသူဦးရေ (၅) ဦးထက်မနည်း ရှိနေကြောင်းလည်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

မူဆယ်တွင် မင်္ဂလာပွဲကိစ္စဖြင့် အဆိုတော် အပါအဝင် လူနှစ်ဦး လိမ်လည်ခေါ်ဆောင်ခံရပြီး နှိပ်စက်ငွေညှစ်ခံရ

0
သျှမ်းပြည် မူဆယ်မြို့တွင် မင်္ဂလာပွဲကိစ္စဖြင့် အဆိုတော် အပါအဝင် လူနှစ်ဦး လိမ်လည်ခေါ်ဆောင်ခံရပြီး ကျားဖြန့်ဂိုဏ်းများ၏ ရိုက်နှက်နှိပ်စက်ခြင်း၊ ငွေညှစ်တောင်းခံခြင်းများ ကြုံတွေ့ခဲ့ရကြောင်း သတင်းသိရသည်။ ရန်ကုန်မြို့တွင် နေထိုင်သည့် အဆိုတော် ရှင်မင်းမြတ် သည် မင်္ဂလာပွဲကိစ္စဖြင့် လိမ်လည်ကမ်းလှမ်းခံခဲ့ရပြီး မူဆယ်မြို့သို့ ရောက်ရှိချိန်တွင် မိတ်ဆွေတစ်ဦးနှင့်အတူ အွန်လိုင်းငွေလိမ် ကျားဖြန့်ဂိုဏ်းစခန်းထဲ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီး...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...