မိုးဗြဲ
ပျောက်ဆုံးနေသော မိုးဗြဲဒေသခံ စစ်ကောင်စီ ပစ်သတ်
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုးဗြဲဒေသခံ အမျိုးသားတစ်ဦးသည် ကရင်နီပြည် လွိုင်ကော်ပြည်သူ့ဆေးရုံတွင် ဆေးခန်းသွားပြရာ အပြန်လမ်း၌ စစ်ကောင်စီ၏ စစ်ဆေးမှုခံရပြီး ပစ်သတ်ခံရကြောင်း ဒေသခံများထံ စုံစမ်းသိရသည်။ ပြီးခဲ့သည့် ဇူလိုင် ၁၉ ရက်တွင် မိုးဗြဲဒေသခံ အမျိုးသား ခွန်လေးသည် လွိုင်ကော်ပြည်သူ့ဆေးရုံသွားပြပြီး နောင်ယားကန်အရောက် စစ်ကောင်စီ၏ စစ်ဆေးမှုခံရပြီး သေဆုံးသွားကြောင်း...
တောနက်ထဲမှာ ခက်ခဲ စစ်ရှောင်နေရတဲ့သူများ
SHAN -
၂ ပေ လောက်ရှိ တောလမ်းကျဉ်းကျဉ်းလေးကို လူတစ်စုက အထုတ်တွေ ကိုယ်စီဆွဲကာ တောနက်ကြီးထဲသို့ ခက်ခက်ခဲခဲ လမ်းလျှောက်သွားနေပါတယ်။ ယခုလို မိုးရာသီဖြစ်တဲ့အလျောက် လမ်းတွေကလည်း ချော်ပြီး လူကလည်း ရွံ့တွေနဲ့လူး ၊ တောင်တက်တောင်ဆင်း ခက်ခဲစွာ သွားနေရပါတယ်။ အဲ့ဒီလူတွေဟာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ရှောင်ပြေးနေရတဲ့ စစ်ရှောင်စခန်းကို သွားနေကြရတာဖြစ်ပါတယ်။ စစ်ရှောင်စခန်းဟာ...
မိုးဗြဲမြို့ PDF မှစစ်တပ်ထုတ်ကုန်မရောင်းရန် သတိပေးပြီးနောက် ရောင်းသူနည်းလာ
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ပြည်သူ့ကာကွယ်ရေး PDF မှ စစ်ကောင်စီ ထုတ်ကုန်ကို မရောင်းချရန်အတွက် သတိပေးစာထုတ်ပြီးနောက် ရောင်းသူနည်းပါးလာကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့ (မေလ ၁၁) ရက်တွင်လည်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်မတော် (MB PDF) က စစ်ကောင်စီ ထုတ်ကုန်များကို မရောင်းချရန် သတိပေးစာများကို လိုက်လံကပ်ပေးခဲ့ကြောင်းသိရသည်။ “ ကျနော်တို့ ဈေးဆိုင်ခန်းတွေမှာ သွားကပ်တယ်။ ကုန်စုံဆိုင်ကြီးတွေမှာသွားကပ်ပေးတယ်။ ပညာပေးစည်းရုံးတယ်။ ထုတ်ပြန်ချက်စာစောင်တွေကို...
မိုးဗြဲ စစ်ကောင်စီ သေနတ် ရမ်းသမ်းပစ်၊ အမျိုးသမီး တစ်ဦးသေဆုံး၊ ကလေးငယ် အပါအဝင် ပြည်သူ ၆ ဦးဒဏ်ရာရ
SHAN -
သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့ အာဏာသိမ်းစစ်ကောင်စီတို့၏ တစ်ဖက်သက် ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီး တစ်ဦးသေဆုံးပြီး ကလေးငယ်နှစ်ဦးအပါအဝင် ပြည်သူ ၆ ဦးထိခိုက်ဒဏ်ရာ ရကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ (အောက်တိုဘာ ၂၄) ရက် မနက်ပိုင်းတွင် ကယားပြည်(ကရင်နီပြည်)နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် သျှမ်းပြည်တောင်ပိုင်း မိုးဗြဲမြို့အတွင်း စစ်ကောင်စီမှ သေနတ်ဖြင့် ရမ်းသမ်း...





