မိုးဗြဲ PDF တပ်ဖွဲ့ဝင်တစ်ဦး ထပ်မံသေဆုံး

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲ PDF တပ်ဖွဲ့ဝင်တစ်ဦး တိုက်ပွဲတွင် ဒဏ်ရာပြင်းထန်မှုကြောင့် ယမန်နေ့ (စက်တင်ဘာ ၂၀)ရက် ညပိုင်း၌ သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

ိမိုးဗြဲ PDF တစ်ဦး

ယမန်နေ့ မွန်းလွဲပိုင်း ၃ နာရီမှ ၅ နာရီအထိ စစ်ကောင်စီ နှင့် မိုးဗြဲ PDF တို့လည်း တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF ဘက်မှ ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး ထိုထဲမှ ရဲဘော် တစ်ဦးသည် ဒဏ်ရာပြင်းထန်မှုကြောင့် ယမန်နေ့ ညပိုင်းတွင် သေဆုံးသွားကြောင်း မိုးဗြဲ PDF မှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ တစ်ဦးကျဆုံးတယ်ဆိုတာက ဟိုအရင်တစ်ပတ်ကတိုက်ပွဲကြောင့် ဒဏ်ရာပြင်းထန်ပြီး ခွဲစိတ်မကုသနိုင်လို့ ဆုံးသွားတာပါ။ မနေ့ကလည်း တိုက်ပွဲဖြစ်သေးတယ်။ ကျနော်တို့ဘက်တော့ ၂ ဦးဒဏ်ရာရရှိခဲ့တယ်” ဟု မိုးဗြဲ PDFတပ်ဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။

မိုးဗြဲမြို့အတွင်း တိုက်ပွဲပိုပြင်းထန်လာနိုင်ပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးကို ပိုပြီး အသုံးပြုလာသဖြင့် ပြည်သူနေအိမ် အများအပြားပျက်စီးဆုံးရှုံးနေကြောင်း သိရသည်။

“ တိုက်ပွဲကတော့ ပိုပြင်းထန်လာနိုင်တယ်။ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေကို ပိုပြီးသုံးလာတယ်။ အရပ်သားနေအိမ်တွေလည်း အများကြီး ပျက်ဆီးသွားတယ်။ မိုးဗြဲမြို့ ပြာကျတဲ့အထိ တိုက်ပွဲဖြစ်လာနိုင်တယ်” ဟု အထက်ပါ PDF တပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

မိုးဗြဲမြို့တွင် စက်တင်ဘာ ၈ ရက်မှစပြီးဖြစ်လာသည့် တိုက်ပွဲကြောင့် မိုးဗြဲ PDF တပ်ဖွဲ့ဘက်မှရဲဘော် ၃ ဦးကျဆုံးသွားပြီး ဖြစ်ပြီး PDF ရဲဘော် ၃၀ နီးပါး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ-နန်းမယ်ခုံ-ဒီးမော့ဆို လမ်းမကြီးထိန်းချုပ်ရန် စစ်တပ် ထိုးစစ်ပြင်နေ

0
သျှမ်း-ကရင်နီပြည် နယ်စပ် မိုးဗြဲ - နန်းမယ်ခုံဒေသတွင် စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးရန် ပြင်ဆင်နေသဖြင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုတို့ နှင့် နှစ်ဘက်စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။ ယနေ့ ဇွန်လ (၃၀) ရက်တွင် မိုးဗြဲမြို့နယ် မှ နန်းမယ်ခုံဘက်သို့ စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်နိုင်ရန် ပြင်ဆင်နေခြင်းကြောင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ နှင့် နှစ်ဘက်...

ဖယ်ခုံမြို့နယ် တိုက်ပွဲပြန်ပြင်းထန်နိုင် ဒေသခံ နှင့် စစ်ရှောင်များ သတိထားရန်လိုအပ်

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား မကြာမီ တိုက်ပွဲများ ပြန်လည်ပြင်းထန်ဖြစ်ပွားလာနိုင်သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများ သတိထားနေထိုင်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဖယ်ခုံမြို့နယ် တောင်စလုံးနှင့် မြောက်စလုံးကျေးရွာအနီး၌ စစ်ကောင်စီတပ်များ တပ်အထိုင်ချထားပြီး ဘုန်းကြီးကျောင်းများတွင်လည်း လှုပ်ရှားမှုများ ရှိနေကြောင်း၊ စစ်ရေးအခြေအနေ တင်းမာနေသဖြင့်...

မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်တပ်က လေကြောင်းဗုံးကြဲ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ ( ဇွန်လ ၁၈ ရက်) ည ၆ နာရီခွဲကျော်တွင် မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာကို စစ်ကောင်မရှင်တပ်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြေပြင်တွင်လှုပ်ရှားနေသည့် သတင်းအရင်းမြစ်တစ်ဦးက သျှမ်းသံတောဆင့်ကို ပြောသည်။ “ကျနော်...

မိုးဗြဲအနောက်ဘက်ခြမ်း စစ်တပ်က စစ်ကြောင်းထိုး၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

0
သျှမ်း-ကယား နယ်စပ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းကို စစ်တပ်မှ စစ်ကြောင်းထိုးနေပြီး၊ စစ်ရှောင်များတည်ရှိသည့် နေရာများကို ဉီးတည်ကာ လေကြောင် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန်လ ဒုတိတယပတ်မှစပြီး မိုးဗြဲမြို့ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က အင်အားအလုံးရင်းဖြင့် စစ်ကြောင်းထိုးခဲ့ပြီ တော်လှန်ရေးအင်အားစုတပ်ဖွဲ့ များနှင့် ထိတွေ့တိုက်ပွဲများ စတင် ဖြစ်ပွားခဲ့သည်။ ထို့အပြင်...