Wednesday, January 28, 2026

စစ်ကောင်စီ လက်နက်ကြီးကြောင့် အမျိုးသမီးငယ်တစ်ဦး သေဆုံး၊ ၃ ဦး ထိခိုက်ဒဏ်ရာရ

သျှမ်း – ကရင်နီ (ကယား) နယ်စပ်ဒေသ မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီမှ တာဝေးပစ်လက်နက်ကြီးဖြင့် တစ်ဖက်သတ် ပစ်ခတ်သောကြောင့် အမျိုးသမီးငယ် တစ်ဦး သေဆုံးပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်

ယမန်နေ့ (မေလ ၂၉) ရက် ညပိုင်း ၁၀ နာရီတွင် မိုးဗြဲမြို့ အခြေစိုက် စစ်ကောင်စီ ခမရ (၄၂၂) တပ်ရင်းမှ မိုးဗြဲမြို့ပေါ်ကို တာဝေးပစ် လက်နက်ကြီးဖြင့် ၂၀ လုံးထက်မနည်း ပစ်ခတ်ခဲ့သောကြောင့် မြို့ပေါ်ရှိ အသက် ၁၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း MBPDF မှ ယနေ့ မေလ ၃၀ ရက်တွင် ထုတ်ပြန်ထားသည်။

“ မနေ့က မိုးဗြဲမြို့မှာ တိုက်ပွဲမဖြစ်ဘဲ မိုးဗြဲအခြေစိုက် ခမရ (၄၂၂) က မိုးဗြဲမြို့ပေါ်ကို တာဝေးပစ် လက်နက်ကြီးနဲ့ ၂၀ လုံးထက်မနည်း ပစ်ခတ်ခဲ့တယ်။ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အပြစ်မဲ့ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးသွားတယ် “ ဟု မိုးဗြဲပြည်သူ့ကာကွယ်ရေး MBPDF မှ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်အသေးစိတ်နှင့် ပတ်သက်ပြီး သျှမ်းသံတော်သတင်းဌာနမှ မိုးဗြဲဒေသခံများထံ ဖုန်းဆက်ခဲ့သော်လည်း မြေပြင်ဖုန်းလိုင်း အခြေနေကြောင့် ဆက်သွယ်၍ မရခဲ့ပေ။

စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်

ထို့အပြင် စစ်ကောင်စီသည် သျှမ်း – ကရင်နီ (ကယား) နယ်စပ်ဒေသတလျောက် ဖြစ်ပွားနေသည့် တိုက်ပွဲအသီးသီး၌ အရပ်သားနေအိမ်၊ စစ်ဘေးရှောင်စခန်း နှင့် ကျောင်းဆောင်များကို PDF တပ်ဖွဲ့များ နေရာယူထားသည်ဟု ထင်မြင်ချက်ဖြင့် တိုက်လေယာဉ်နှင့် နေ့စဉ်နီးပါး ပစ်ခတ်တိုက်ခိုက်နေလျက်ရှိသည်။

“မြေပြင်မှာ သူတို့ လေယာဉ်အားမကိုးဘူးဆိုရင် မနိုင်တော့ဘူး။ ကျနော်တို့ ပြည်သူတွေကိုလည်း တတ်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် သူတို့က အင်အားအလုံအခြုံ သုံးပြီး လေယာဉ်နဲ့လာကြဲတာ။ သူတို့ ရည်ရွယ်ချက်ရှိရှိနဲ့ လာတိုက်တာ။ ကျနော်တို့ နည်းနည်းလှုပ်ရှားမှုရှိရင် လူထုကို နည်းနည်းကြောက် လှန့်အောင် နိုင်တထက် လူထုကိုရည်ရွယ်ပြီး ဗုံးနဲ့လာကြဲတာပဲ” ဟု မိုးဗြဲဒေသခံ အမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

အလားတူ မေလ ၂၇ ရက် မိုးဗြဲမြို့ပေါ်ရှိ လူနေအိမ်ရပ်ကွက်ကို စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ၉ ကြိမ်ထက်မနည်း ဗုံးကြဲ၊ လက်နက်ကြီးဖြင့် ထပ်ဆင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အသက် ၃ နှစ်ခွဲ ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...