စစ်ကောင်စီ လက်နက်ကြီးကြောင့် အမျိုးသမီးငယ်တစ်ဦး သေဆုံး၊ ၃ ဦး ထိခိုက်ဒဏ်ရာရ

သျှမ်း – ကရင်နီ (ကယား) နယ်စပ်ဒေသ မိုးဗြဲမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီမှ တာဝေးပစ်လက်နက်ကြီးဖြင့် တစ်ဖက်သတ် ပစ်ခတ်သောကြောင့် အမျိုးသမီးငယ် တစ်ဦး သေဆုံးပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။

စစ်ကောင်စီ လက်နက်ကြီး ပစ်ခတ်

ယမန်နေ့ (မေလ ၂၉) ရက် ညပိုင်း ၁၀ နာရီတွင် မိုးဗြဲမြို့ အခြေစိုက် စစ်ကောင်စီ ခမရ (၄၂၂) တပ်ရင်းမှ မိုးဗြဲမြို့ပေါ်ကို တာဝေးပစ် လက်နက်ကြီးဖြင့် ၂၀ လုံးထက်မနည်း ပစ်ခတ်ခဲ့သောကြောင့် မြို့ပေါ်ရှိ အသက် ၁၁ နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးပြီး ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း MBPDF မှ ယနေ့ မေလ ၃၀ ရက်တွင် ထုတ်ပြန်ထားသည်။

“ မနေ့က မိုးဗြဲမြို့မှာ တိုက်ပွဲမဖြစ်ဘဲ မိုးဗြဲအခြေစိုက် ခမရ (၄၂၂) က မိုးဗြဲမြို့ပေါ်ကို တာဝေးပစ် လက်နက်ကြီးနဲ့ ၂၀ လုံးထက်မနည်း ပစ်ခတ်ခဲ့တယ်။ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကြောင့် အပြစ်မဲ့ ပြည်သူ ၃ ဦး ထိခိုက်ဒဏ်ရာရပြီး အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးသွားတယ် “ ဟု မိုးဗြဲပြည်သူ့ကာကွယ်ရေး MBPDF မှ ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

အဆိုပါ ဖြစ်စဉ်အသေးစိတ်နှင့် ပတ်သက်ပြီး သျှမ်းသံတော်သတင်းဌာနမှ မိုးဗြဲဒေသခံများထံ ဖုန်းဆက်ခဲ့သော်လည်း မြေပြင်ဖုန်းလိုင်း အခြေနေကြောင့် ဆက်သွယ်၍ မရခဲ့ပေ။

စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်

ထို့အပြင် စစ်ကောင်စီသည် သျှမ်း – ကရင်နီ (ကယား) နယ်စပ်ဒေသတလျောက် ဖြစ်ပွားနေသည့် တိုက်ပွဲအသီးသီး၌ အရပ်သားနေအိမ်၊ စစ်ဘေးရှောင်စခန်း နှင့် ကျောင်းဆောင်များကို PDF တပ်ဖွဲ့များ နေရာယူထားသည်ဟု ထင်မြင်ချက်ဖြင့် တိုက်လေယာဉ်နှင့် နေ့စဉ်နီးပါး ပစ်ခတ်တိုက်ခိုက်နေလျက်ရှိသည်။

“မြေပြင်မှာ သူတို့ လေယာဉ်အားမကိုးဘူးဆိုရင် မနိုင်တော့ဘူး။ ကျနော်တို့ ပြည်သူတွေကိုလည်း တတ်နိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် သူတို့က အင်အားအလုံအခြုံ သုံးပြီး လေယာဉ်နဲ့လာကြဲတာ။ သူတို့ ရည်ရွယ်ချက်ရှိရှိနဲ့ လာတိုက်တာ။ ကျနော်တို့ နည်းနည်းလှုပ်ရှားမှုရှိရင် လူထုကို နည်းနည်းကြောက် လှန့်အောင် နိုင်တထက် လူထုကိုရည်ရွယ်ပြီး ဗုံးနဲ့လာကြဲတာပဲ” ဟု မိုးဗြဲဒေသခံ အမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

အလားတူ မေလ ၂၇ ရက် မိုးဗြဲမြို့ပေါ်ရှိ လူနေအိမ်ရပ်ကွက်ကို စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ၉ ကြိမ်ထက်မနည်း ဗုံးကြဲ၊ လက်နက်ကြီးဖြင့် ထပ်ဆင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် အသက် ၃ နှစ်ခွဲ ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဖယ်ခုံမြို့နယ်အတွင်းရှိ နေအိမ်များကို စစ်တပ်က ထပ်မံမီးရှို့

0
သျှမ်း-ကရင်နီ(ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်က ကျန်ရှိသည့် နေအိမ်များကို ထပ်မံမီးရှို့ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် “၁၁၁၁”စစ်ဆင်ရေးတွင် စစ်တပ်က မိုးဗြဲနှင့် ဖယ်ခုံမြို့နယ် ကျေးရွာအများစုကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင်...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...