မိုးဗြဲမြို့ လူနေအိမ်ပေါ်ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ လက်နက်ကြီး ပစ်ခတ်

သျှမ်း-ကရင်နီ (ကယား) နယ်စပ်ဒေသရှိ မိုးဗြဲမြို့ လူနေအိမ်ရပ်ကွက်ကို စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲသည့်အပြင် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်သဖြင့် အရပ်သားထိခိုက်မှုနှင့် နေအိမ်ပျက်စီးမှုများ ရှိခဲ့ကြောင်း စုံစမ်းသိရသည်။

မိုးဗြဲ စစ်ကောင်စီ ဗုံးကြဲမှုကြောင့်ပျက်စီးသွားသည့်ပုံရိပ်

ယနေ့ (မေလ ၂၇) ရက် နံနက် ၅ နာရီကျော် အချိန်မှစပြီး မိုးဗြဲမြို့နယ် လူနေအိမ်ရပ်ကွက်ကို စစ်ကောင်စီမှ လေကြောင်းအသုံးပြုပြီး ၉ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး လက်နက်ကြီးဖြင့်ပါ ထပ်ဆင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

“ မနက်က လေကြောင်းကနေ ဗုံးလာကြဲတာ ၉ ကြိမ်လောက်ရှိတယ်ဗျ။ ညောင်းဝိုင်းရပ်ကွက်နဲ့ ဈေးကုန်းရပ်ကွက်တွေဖက်မှာ လာကြဲတာ။ ပြီးတော့ လက်နက်ကြီးတွေနဲ့ကော ပစ်တယ်။ အရပ်သား ထိခိုက်မှု ရှိတယ်လို့တော့ကြားတယ်။ သေချာတော့ မသိရသေးဘူး။ နေအိမ်၊ ဘုန်ကြီးကျောင်းတွေကော ပျက်စီးသွားတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီသည် လေကြောင်းအသုံးပြုပြီး ၉ ကြိမ်မနည်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး လေယာဉ်စက်သေနတ်ဖြင့် (၇) ကြိမ်ပစ်ခတ်ခဲ့ပြီး (၃) ကြိမ်မှာ ပေါင် (၅၀၀) ဗုံးသီးများပါ ကြဲချခဲ့ကြောင်း ဒေသမီဒီယာဖြစ်သည့် Mobye News တွင်ရေးသားဖော်ပြထားသည်။

ပြီးခဲ့သည့် မေ ၂၂ ရက် မိုးဗြဲ ပီကင်းလမ်းမပေါ် ဖြတ်သန်းသွားသည့် သားဖနှစ်ဦးကို စစ်ကောင်စီမှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် အဖေဖြစ်သူ သေဆုံးသွားခဲ့ရသလို၊ မေလ ၂၃ ရက် ညအချိန်၌ မိုးဘေးစစ်ဘေးရှောင်စခန်းကို စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် (၂) ကြိမ်တိုင် လာရေက် ဗုံးကြဲချခဲ့သဖြင့် လူနေအိမ် (၂) လုံးပျက်စီးခဲ့သည်။




Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

မိုးဗြဲ-နန်းမယ်ခုံ-ဒီးမော့ဆို လမ်းမကြီးထိန်းချုပ်ရန် စစ်တပ် ထိုးစစ်ပြင်နေ

0
သျှမ်း-ကရင်နီပြည် နယ်စပ် မိုးဗြဲ - နန်းမယ်ခုံဒေသတွင် စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးရန် ပြင်ဆင်နေသဖြင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုတို့ နှင့် နှစ်ဘက်စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။ ယနေ့ ဇွန်လ (၃၀) ရက်တွင် မိုးဗြဲမြို့နယ် မှ နန်းမယ်ခုံဘက်သို့ စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်နိုင်ရန် ပြင်ဆင်နေခြင်းကြောင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ နှင့် နှစ်ဘက်...

ဖယ်ခုံမြို့နယ် တိုက်ပွဲပြန်ပြင်းထန်နိုင် ဒေသခံ နှင့် စစ်ရှောင်များ သတိထားရန်လိုအပ်

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား မကြာမီ တိုက်ပွဲများ ပြန်လည်ပြင်းထန်ဖြစ်ပွားလာနိုင်သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများ သတိထားနေထိုင်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဖယ်ခုံမြို့နယ် တောင်စလုံးနှင့် မြောက်စလုံးကျေးရွာအနီး၌ စစ်ကောင်စီတပ်များ တပ်အထိုင်ချထားပြီး ဘုန်းကြီးကျောင်းများတွင်လည်း လှုပ်ရှားမှုများ ရှိနေကြောင်း၊ စစ်ရေးအခြေအနေ တင်းမာနေသဖြင့်...