မိုးကြီးလေပြင်းတိုက်ခတ်မှုကြောင့် စစ်ရှောင်ယာယီတဲများ ပျက်စီး၊ ပြန်ဆောက်ဖို့ အကူညီလိုအပ်နေ

သျှမ်း-ကယား နယ်စပ်ဒေသတလျောက်ရှိ စစ်ဘေးရှောင်စခန်းများတွင် မိုးကြီးလေပြင်း တိုက်ခတ်မှုကြောင့် ယာယီတဲ အဆောက်အအုံများ ပျက်စီးသွားပြီး ပြန်လည်တည်ဆောက်ဖို့ အကူညီလိုအပ်နေကြောင်း စုံစမ်းသိရှိရသည်။

ဖယ်ခုံအရှေ့ဘက်ခြမ်း စစ်ရှောင်စခန်း

ယမန်နေ့ (မေလ ၁၅) ရက် နံနက်ပိုင်းမှစပြီး သျှမ်း-ကယားနယ်စပ်ဒေသ တလျောက်ရှိ ဖယ်ခုံ၊ မိုးဗြဲနှင့် ပင်လောင်းတွင် မိုးကြီးလေပြင်း တိုက်ခတ်ခဲ့ပြီး ကရင်နီ (ကယား) ပြည် ဒီးမော့ဆိုမြို့နယ်တွင်လည်း မိုးကြီးလေပြင်းတိုက်ခတ်မှုကြောင့် စစ်ဘေးရှောင်စခန်းရှိ ယာယီတဲ၊ အဆောက်အအုံ ပျက်စီးမှုများ ရှိနေကြောင်း ဒီးမော့ဆို စစ်ဘေးရှောင်ကူညီသူ ဒေသခံတစ်ဦးက ပြောသည်။

“ မိုးကတော့ရွာနေတာ အခုထိမနားသေးဘူး။ လေတွေလည်း တိုက်တယ်။ ဒီးမော့ဆို၊ ဖရူဆို၊ မိုးဗြဲ ဒေသတွေမှာ အကုန်ပဲ မိုးမနားဘူးရွာနေတာ၊ လေတိုက်တာကော အရမ်းအေးတယ်။ အေးချက်ကလည်း ဆောင်းတွင်းထက် လွန်တယ်။ စစ်ဘေးရှောင်စခန်းတွေလည်း ပျက်စီးမှုများတယ် “ ဟု ၎င်းက ပြောသည်။

အဆိုပါ မိုးကြီးလေပြင်းတိုက်ခတ်မှုကြောင့် စစ်ဘေးရှောင်စခန်းရှိ ယာယီတဲ၊ အဆောက်အအုံများ ပျက်စီးမှုများ ရှိခဲ့သော်လည်း ဖုန်းလိုင်းပြတ်တောက်ခြင်းကြောင့် အသေးစိတ်အခြေအနေကိုတော့ မသိရသေးကြောင်း ၎င်းကဆက်ပြောသည်။

အလားတူ ဖယ်ခုံမြို့နယ် အရှေ့ဖက်ခြမ်းတွင်လည်း မေလ ၁ ရက်တွင် လေပြင်းတိုက်ခတ်မှုကြောင့် ဒေသခံ နေအိမ် ၁၀ လုံးထက်မနည်း အိမ်ခေါင်မိုးများ လွှင့်ထွက်ခဲ့ပြီး ယနေ့ မိုးကြီးလေပြင်းတိုက်ခိုက်မှုနှုန်းကြောင့် နေအိမ်ပျက်စီးရသည့်အဆင့်ထိ မရှိသေးကြောင်း ဖယ်ခုံမြို့ဘုန်းကြီးတစ်ပါး မိန့်ကြားသည်။

ဖယ်ခုံအရှေ့ဘက်ခြမ်း စစ်ရှောင်စခန်း

“ ဖယ်ခုံမှာတော့ မိုးကြီးတယ်။ မနေ့ကတည်းက မိုးကြီးရွာနေတာ၊ အပျက်အစီးတွေတော့ မကြားရသေးဘူး။ ရေကြီးရေလျှံလောက်တဲ့အဆင့်ထိတော့ မစိုးရိမ်ရသေးဘူး “ ဟု ဖယ်ခုံမြို့ ဘုန်းကြီးတစ်ပါးက ပြောသည်။

ထို့အပြင် ဖယ်ခုံ-ပင်လောင်း နယ်စပ်ဒေသရှိ တောင်စလုံးနှင့် မြောက်စလုံးရွာတွင် မိုးကြီးလေပြင်း တိုက်ခတ်နေသည့်ကြားထဲ၌ တိုက်ပွဲသည် နေ့စဉ်နီးပါး ဖြစ်ပွားနေဆဲကြောင်း ၎င်းဘုန်းကြီးတစ်ပါးက ထပ်လောင်းပြောသည်။

“ တောင်စလုံး၊ မြောက်စလုံးဖက်မှာတော့ တိုက်ပွဲတွေက နေ့တိုင်းလိုလို ဖြစ်နေတယ်။ စစ်ကောင်စီက မြို့ပေါ်ကနေ ဖယ်ခုံအင်းရဲ့ အရှေ့ဖက်ကို ပစ်လိုက်၊ အနောက်ဖက်ခြမ်းကို ပစ်လိုက်နဲ့ တိုက်ပွဲက ဆက်ဖြစ်နေတယ်။ စစ်ဘေးရှောင်လည်း ထွက်ပြေးနေတုန်းပဲ “ ဟု ၎င်းဘုန်းကြီးတစ်ပါးက မိန့်ကြားသည်။

ဖယ်ခုံမြို့ပေါ် မိုးကြီးလေကြီး နေအိမ်ပျက်စီး

လက်ရှိမှာ မိုးကြီးလေပြင်းတိုက်ခိုက်မှုကြောင့် ဖယ်ခုံ၊ မိုးဗြဲ နှင့် ပင်လောင်းဒေသရှိ တောတောင်အတွင်းမှ စစ်ဘေးရှောင်များသည် ဖုန်းလိုင်းမမိခြင်း၊ ဖုန်းလိုင်းပြတ်တောက်ခြင်း အခက်ခဲအခြေအနေကို ရင်ဆိုင်နေရကြောင်း သိရသည်။

မိုးလေဝသ နှင့် ဇလဗေဒညွန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ သျှမ်းပြည်နယ်အပါအဝင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့မှာ အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီလျှင် မိုင် (၄၀) ခန့် ရှိကြောင်း သတိပေးထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

တောင်ထီဗွာကျေးရွာအုပ်စု ရှိ စစ်ရှောင်ကော်မတီများ ဆန်ပြန်ရောင်းချနေသည့် သတင်း မဟုတ်ဟုဆို

0
သျှမ်းပြည် တောင်ပိုင်း ပင်လောင်းမြို့နယ်၊ တောင်ထီဗွာကျေးရွာအုပ်စုရှိ စစ်ဘေးရှောင်များအတွက် ထောက်ပံ့ပေးသည့် ဆန်များကို စစ်ဘေးရှောင်ကော်မတီများမှ ပြန်ရောင်းချနေသည် သတင်းသည် မမှန်ကန်ကြောင်း စစ်ရှောင်ကော်မတီဝင်များက ပြောသည်။ တောင်ထီဗွာကျေးရွာအုပ်စုရှိ စစ်ရှောင်ကော်မတီဝင်များသည် စစ်ရှောင်များကိုထောက်ပံ့ပေးသည့် ဆန်များပြန်ရောင်းနေသည့်သတင်းကို ဇူလိုင် လဆန်ပိုင်းတွင် သတင်းများထွက်ပေါ်ခဲ့သည်။ “တောင်ထီဗွာကျေးရွာအုပ်စု” တွင် ကျေးရွာပေါင်း ၂၁ ရွာရှိပြီး စစ်ဘေးရှောင်များသည်...

မိုးဗြဲ-နန်းမယ်ခုံ-ဒီးမော့ဆို လမ်းမကြီးထိန်းချုပ်ရန် စစ်တပ် ထိုးစစ်ပြင်နေ

0
သျှမ်း-ကရင်နီပြည် နယ်စပ် မိုးဗြဲ - နန်းမယ်ခုံဒေသတွင် စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးရန် ပြင်ဆင်နေသဖြင့် ကရင်နီတော်လှန်‌ရေးတပ်ပေါင်းစုတို့ နှင့် နှစ်ဘက်စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။ ယနေ့ ဇွန်လ (၃၀) ရက်တွင် မိုးဗြဲမြို့နယ် မှ နန်းမယ်ခုံဘက်သို့ စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်နိုင်ရန် ပြင်ဆင်နေခြင်းကြောင့် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုတို့ နှင့် နှစ်ဘက်...

ဖယ်ခုံမြို့နယ် တိုက်ပွဲပြန်ပြင်းထန်နိုင် ဒေသခံ နှင့် စစ်ရှောင်များ သတိထားရန်လိုအပ်

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား မကြာမီ တိုက်ပွဲများ ပြန်လည်ပြင်းထန်ဖြစ်ပွားလာနိုင်သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများ သတိထားနေထိုင်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဖယ်ခုံမြို့နယ် တောင်စလုံးနှင့် မြောက်စလုံးကျေးရွာအနီး၌ စစ်ကောင်စီတပ်များ တပ်အထိုင်ချထားပြီး ဘုန်းကြီးကျောင်းများတွင်လည်း လှုပ်ရှားမှုများ ရှိနေကြောင်း၊ စစ်ရေးအခြေအနေ တင်းမာနေသဖြင့်...

မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်တပ်က လေကြောင်းဗုံးကြဲ

0
သျှမ်းပြည် တောင်ပိုင်း မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာ အနီးကို စစ်ကော်မရှင်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယမန်နေ့ ( ဇွန်လ ၁၈ ရက်) ည ၆ နာရီခွဲကျော်တွင် မိုးဗြဲအနောက်ခြမ်း ဘီကင်းကျေးရွာကို စစ်ကောင်မရှင်တပ်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း မြေပြင်တွင်လှုပ်ရှားနေသည့် သတင်းအရင်းမြစ်တစ်ဦးက သျှမ်းသံတောဆင့်ကို ပြောသည်။ “ကျနော်...