Thursday, May 2, 2024

မိုးဗြဲ စစ်ကောင်စီ လက်နက်ကြီးတစ်လုံးပေါက်ကွဲ၊ အရပ်သား ၁ ဦး သေဆုံး

Must read

သျှမ်းပြည် မိုးဗြဲမြို့တွင် စစ်ကောင်စီမှ ပစ်ခတ်လိုက်သော လက်နက်ကြီးတစ်လုံး ပေါက်ကွဲမှုကြောင့် အရပ်သားတစ်ဦး သေဆုံးသွားခဲ့ကြောင်း သတင်းရရှိသည်။

လက်နက်ကြီးထိမှန်သည့် အမျိုးသား

ယနေ့ (ဇွန်လ ၃) ရက် နံနက် ၆ နာရီဝန်းကျင် မိုးဗြဲမြို့ပေါ်ရှိ စည်ကား ၃ ရပ်ကွက်ကို စစ်ကောင်စီမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သောကြောင့် အရပ်သား နေအိမ်တစ်လုံး၏ ခြံဝင်းအတွင်း ကျရောက်ပေါက်ကွဲသဖြင့် အမျိုးသားတစ်ဦး သေဆုံးခဲ့ရကြောင်း မိုးဗြဲမြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“နေအိမ်ထဲမှာ ရှိနေတုန်း လက်နက်ကြီးကျ ပေါက်ကွဲတာ။ သူရဲ့ ခေါင်းရယ်၊ ဗိုက်ရယ် လက်နက်ကြီး ကျည်မှန်သွားတယ်။ သူ့ကို လူမှုကူညီရေးအသင်းက ဆေးရုံခေါ်သွားပြီး မကြာခင်မှာဘဲ ဆေးရုံမှာ ဆုံးသွားတယ် “ ဟု မိုးဗြဲမြို့ ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကောင်စီ၏ လက်နက်ကြီးကြောင့် သေဆုံးသွားသူသည် အသက် ၂၂ နှစ်အရွယ် ကိုအောင်ကျော်ဖြိုး ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် မေလ ၂၇ ရက်မှ မေလ ၃၀ ရက်အထိ မိုးဗြဲမြို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပြီး စစ်ကောင်စီမှ တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကလေးငယ် အပါအဝင် အရပ်သား (၄) ဦး သေဆုံးပြီး ၁၁ ဦးသည် ကျည်စ၊ ယမ်းစ ကြောင့် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article