မိုးဗြဲတိုက်ပွဲပြင်းထန် ဖယ်ခုံ-မိုးဗြဲလမ်း အသုံးမပြုရန် PDF တောင်းဆို

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲလမ်းပိုင်းတစ်လျှောက်တွင် တိုက်ပွဲပြင်းထန်နေသဖြင့် ဖယ်ခုံ-မိုးဗြဲလမ်းအသုံးမပြုရန် ဖယ်ခုံ PDF မှ တောင်းဆိုထားကြောင်း သတင်းသိရသည်။

ဖယ်ခုံ PDF ပုံ

ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့တွင် သျှမ်း-ကယားနယ်စပ် မိုးဗြဲမြို့တွင် အာဏာသိမ်း စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေသည့်အတွက် ဖယ်ခုံ-မိုးဗြဲလမ်းကို အသုံးမပြုရန် Pekhon PDF တပ်ရင်း – ၂ မှ ထုတ်ပြန်ထားသည်။

မိုးဗြဲမြို့တွင်းတွင် စစ်ကောင်စီမှ တပ်စွဲ ရန် ကြိုးစားနေမှုကြောင့် တိုက်ပွဲပိုမိုပြင်းထန်လာနိုင်သည့်အတွက် တားမြစ်ခြင်း ဖြစ်ကြောင်း ဖယ်ခုံ PDF မှ တပ်ဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စကစတွေက မိုးဗြဲမြို့ထဲမှာ တပ်စွဲဖို့ ကြိုးစားနေတယ်ဗျ၊ ပြီးခဲ့တဲ့ ၈ ရက်နေ့ကတည်က ကျနော်တို့ ဖယ်ခုံ PDF ၊ မိုးဗြဲ PDF၊ KNDF KA နဲ့ တခြားတော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီးတော့ သူတို့ကို တိုက်နေတာပါ၊ တိုက်ပွဲ က ဒီထက်ပိုပြင်းလာ နိုင်တယ်၊ ဒါကြောင့် ဒီလမ်းတွေကို ပြည်သူတွေ အသုံးမပြုကြဖို့ တောင်းဆိုရတာပါ” ဟု

စက်တင်ဘာ ၈ ရက်ဖြစ်ပွားခဲ့သည် မိုးဗြဲတိုက်ပွဲတွင် ပွဲကုန်း ၃ ရပ်ကွက်ထဲ တွင် ပိတ်မိခဲ့သည့် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး၊ ပြည်သူ (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း သတင်းသိရသည်။

ထို့အပြင် ယမန်နေ့ စက်တင်ဘာလ ၁၀ ရက်နေ့ ညတွင်လည်း တိုက်ပွဲဖြစ်ပွားသည့် မိုးဗြဲ-လွိုင်ကော်လမ်းပိုင်းတွင် ခရီးသည်တင်ကားနှင့် ပြည်သူကားများ ၂ နာရီကျော်ကြာ ပိတ်မိနေပြီး PDF တို့တပ်ဖွဲ့မှ သွားရောက်ကယ်ယူ ခဲ့ရကြောင်းလည်း သတင်းသိရသည်။

“မနေ့ညမှ အံစာတုန်းကား ၆ စီး၊ အိမ်စီးကား ၂ စီးက ညနေ ၆ နာရီဝန်းကျင်ကနေ ၈ နာရီကျော်အထိ တိုက်ပွဲကြားမှာ ပိတ်မိနေခဲ့တာ ကျနော်တို့ ကယ်ထုတ်နိုင်ခဲ့ပါတယ်၊ ဒီလိုမျိုးတွေ ထပ်မဖြစ်စေဖို့လည်း ပြည်သူတွေ အသွားအလာ ဂရုစိုက်ကြဖို့ သတိထားကြဖို့ ကျနော်တို့ ပြောချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ယနေ့ စက်တင်ဘာလ ၁၁ ရက်တွင်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ လေယာဥ် အကူဖြင့် PDF တပ်ဖွဲ့များကို တိုက်ခိုက်နေကြောင်း သိရသည်။

ယနေ့ တိုက်ပွဲဖြစ်စဥ်နှင့် ပက်သက်ပြီး ထိခိုက်ကျဆုံးမှု အခြေအနေကို သျှမ်းသံတော်ဆင့် အနေဖြင့် အတည်မပြုနိုင်သေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဖယ်ခုံမြို့နယ်အတွင်းရှိ နေအိမ်များကို စစ်တပ်က ထပ်မံမီးရှို့

0
သျှမ်း-ကရင်နီ(ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်က ကျန်ရှိသည့် နေအိမ်များကို ထပ်မံမီးရှို့ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် “၁၁၁၁”စစ်ဆင်ရေးတွင် စစ်တပ်က မိုးဗြဲနှင့် ဖယ်ခုံမြို့နယ် ကျေးရွာအများစုကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင်...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...