Wednesday, January 28, 2026

မိုးဗြဲတိုက်ပွဲပြင်းထန် ဖယ်ခုံ-မိုးဗြဲလမ်း အသုံးမပြုရန် PDF တောင်းဆို

သျှမ်းပြည်တောင်ပိုင်း မိုးဗြဲလမ်းပိုင်းတစ်လျှောက်တွင် တိုက်ပွဲပြင်းထန်နေသဖြင့် ဖယ်ခုံ-မိုးဗြဲလမ်းအသုံးမပြုရန် ဖယ်ခုံ PDF မှ တောင်းဆိုထားကြောင်း သတင်းသိရသည်။

ဖယ်ခုံ PDF ပုံ

ယနေ့ စက်တင်ဘာလ ၁၁ ရက်နေ့တွင် သျှမ်း-ကယားနယ်စပ် မိုးဗြဲမြို့တွင် အာဏာသိမ်း စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေသည့်အတွက် ဖယ်ခုံ-မိုးဗြဲလမ်းကို အသုံးမပြုရန် Pekhon PDF တပ်ရင်း – ၂ မှ ထုတ်ပြန်ထားသည်။

မိုးဗြဲမြို့တွင်းတွင် စစ်ကောင်စီမှ တပ်စွဲ ရန် ကြိုးစားနေမှုကြောင့် တိုက်ပွဲပိုမိုပြင်းထန်လာနိုင်သည့်အတွက် တားမြစ်ခြင်း ဖြစ်ကြောင်း ဖယ်ခုံ PDF မှ တပ်ဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“စကစတွေက မိုးဗြဲမြို့ထဲမှာ တပ်စွဲဖို့ ကြိုးစားနေတယ်ဗျ၊ ပြီးခဲ့တဲ့ ၈ ရက်နေ့ကတည်က ကျနော်တို့ ဖယ်ခုံ PDF ၊ မိုးဗြဲ PDF၊ KNDF KA နဲ့ တခြားတော်လှန်ရေးအင်အားစုတွေ စုပေါင်းပြီးတော့ သူတို့ကို တိုက်နေတာပါ၊ တိုက်ပွဲ က ဒီထက်ပိုပြင်းလာ နိုင်တယ်၊ ဒါကြောင့် ဒီလမ်းတွေကို ပြည်သူတွေ အသုံးမပြုကြဖို့ တောင်းဆိုရတာပါ” ဟု

စက်တင်ဘာ ၈ ရက်ဖြစ်ပွားခဲ့သည် မိုးဗြဲတိုက်ပွဲတွင် ပွဲကုန်း ၃ ရပ်ကွက်ထဲ တွင် ပိတ်မိခဲ့သည့် ကလေးငယ်တစ်ဦး သေဆုံးခဲ့ပြီး၊ ပြည်သူ (၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း သတင်းသိရသည်။

ထို့အပြင် ယမန်နေ့ စက်တင်ဘာလ ၁၀ ရက်နေ့ ညတွင်လည်း တိုက်ပွဲဖြစ်ပွားသည့် မိုးဗြဲ-လွိုင်ကော်လမ်းပိုင်းတွင် ခရီးသည်တင်ကားနှင့် ပြည်သူကားများ ၂ နာရီကျော်ကြာ ပိတ်မိနေပြီး PDF တို့တပ်ဖွဲ့မှ သွားရောက်ကယ်ယူ ခဲ့ရကြောင်းလည်း သတင်းသိရသည်။

“မနေ့ညမှ အံစာတုန်းကား ၆ စီး၊ အိမ်စီးကား ၂ စီးက ညနေ ၆ နာရီဝန်းကျင်ကနေ ၈ နာရီကျော်အထိ တိုက်ပွဲကြားမှာ ပိတ်မိနေခဲ့တာ ကျနော်တို့ ကယ်ထုတ်နိုင်ခဲ့ပါတယ်၊ ဒီလိုမျိုးတွေ ထပ်မဖြစ်စေဖို့လည်း ပြည်သူတွေ အသွားအလာ ဂရုစိုက်ကြဖို့ သတိထားကြဖို့ ကျနော်တို့ ပြောချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

ယနေ့ စက်တင်ဘာလ ၁၁ ရက်တွင်လည်း တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ လေယာဥ် အကူဖြင့် PDF တပ်ဖွဲ့များကို တိုက်ခိုက်နေကြောင်း သိရသည်။

ယနေ့ တိုက်ပွဲဖြစ်စဥ်နှင့် ပက်သက်ပြီး ထိခိုက်ကျဆုံးမှု အခြေအနေကို သျှမ်းသံတော်ဆင့် အနေဖြင့် အတည်မပြုနိုင်သေးပေ။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...