စစ်ကောင်စီ လေကြောင်းပစ်ခတ် မိုးဗြဲမြို့ပေါ် ကလေးငယ် ၁ ဦးသေဆုံး၊ ၄ ဦး ထိခိုက်ဒဏ်ရာရ

သျှမ်း – ကရင်နီ (ကယား) နယ်စပ် မိုးဗြဲမြို့ပေါ် လူနေအိမ်ရပ်ကွက်ကို စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲသည့်အပြင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦး သေဆုံးပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ပြည်သူ့နေအိမ်

ယမန်နေ့ (မေလ ၂၇) ရက် နံနက် ၅ နာရီအချိန်မှစပြီး မိုးဗြဲမြို့ပေါ်ရှိ လူနေအိမ်ရပ်ကွက်ကို စစ်ကောင်စီမှ တိုက်လေယာဉ် နှစ်စင်းဖြင့် ၉ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့သည့်အပြင် အဝေးပစ် လက်နက်ကြီးဖြင့် ထပ်ဆင့် ပစ်ခတ်ခဲ့သောကြောင့် အသက် ၃ နှစ်ခွဲ ကလေးငယ်တစ်ဦး သေဆုံးပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မိုးဗြဲဒေသခံတစ်ဦးက အတည်ပြုသည်။

“ မနေ့က သူတို့လာကြဲသွားတဲ့နေရာက အတော်များတယ်။ မိုးဗြဲမြို့ပေါ်မှာ ကြဲတာတွေ၊ မိုးဗြဲအရှေ့ဖက်ခြမ်း တောင်ပေါ်ရွာ၊ တောင်ခြေရဲ့အောက်က ရွာတွေမှာကော လာကြဲတယ်။ သူတို့လာကြဲတာ အခေါက်ရေ တော်တော်များတယ်။ ဒဏ်ရာပြင်းထန်တဲ့သူက ၄ ယောက်ရှိတယ်။ ဒဏ်ရာအနည်းငယ်ရတဲ့ သူတွေတော့ ၇ ယောက်လောက်ရှိတယ်။ ၃ နှစ်ခွဲ ကလေးငယ်တစ်ယောက်လည်း ဆုံးတယ် “ ဟု ၎င်းက ပြောသည်။

အလားတူ ယနေ့ (မေလ ၂၈) ရက် နံနက် ၄ နာရီခွဲအချိန်၌ မိုးဗြဲအနောက်ဖက်ခြမ်းရှိ စစ်ဘေးရှောင်များနေသည့် စစ်ရှောင်စခန်းတစ်နေရာကို စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ၂ ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ (၄) ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၃ လုံး ပျက်စီးခဲ့ကြောင်း MBPDF ယနေ့ မေ (၂၈) ရက်တွင် ထုတ်ပြန်ထားသည်။

လက်နက်ကြီး

စစ်ကောင်စီသည် ၎င်းတို့ကို ခုခံတော်လှန်တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်ဖွဲ့ကို အပြင်းထန် နှိမ်နင်းလာတင်မက ပြည်သူတွေကိုပါ ကြောက်လှန့်တုန်လှုပ် ခြောက်ခြားသွားစေရန် အရပ်သားနေအိမ်၊ စစ်ဘေးရှောင်စခန်းများကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲခြိမ်းခြောက်နေကြောင်း မိုးဗြဲဒေသခံ က ယခုလို သုံးသပ်ထားသည်။

“ သူတို့က ရည်ရွက်ချက်ရှိရှိနဲ့ ဗုံးလာကြဲနေတာ။ လာတိုက်နေတာ။ ကျနော်တို့က နည်းနည်း လှုပ်ရှားမှုရှိပြီဆိုတာနဲ့ လူထုတွေကို နည်းနည်းကြောက်လှန့်သွားအောင် ဆိုပြီးတော့ လူထုတွေကို ရည်ရွယ်ပြီးတော့ ဗုံးနဲ့လာကြဲတယ်လို့ပဲ သုံးသပ်မိတယ် “ ဟု ၎င်းက ပြောသည်။

အဆိုပါ စစ်ကောင်စီမှ အရပ်သားနေအိမ်၊ စစ်ဘေးရှောင်တွေပါ ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်သောကြောင့် လက်ရှိ ပြည်သူများသည် လုံခြုံရေးအတွက် စိုးရိမ်မှု မြင့်တက်နေကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီ အသုံးပြုသည့် တိုက်လေယာဉ်များကို မြေပြင်မှ ပစ်ခတ်နိုင်သော လေယာဉ် ပစ်လက်နက်ကို နိုင်ငံတကာမှ ကူညီထောက်ပံ့ပေးစေလိုကြောင်း မိုးဗြဲမြို့ဒေသခံ အသက် ၅၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

“ အခု ကျနော်တို့ ခံစားနေရတဲ့ ပြဿနာပေါင်းစုံကို ကမ္ဘာကို သိစေချင်တယ်။ နိုင်ငံတကာကိုလည်း တောင်းဆိုချင်တယ်။ လက်ရှိ စစ်ကောင်စီ လေယာဉ်ပျံသန်းတဲ့ နယ်မြေတွေမှာ လေယာဉ်ကို ပစ်နိုင်တဲ့ လက်နက်ပို့ပေးစေချင်တယ်။ မနှစ်ကလိုမျိုးဆိုရင် အကြိမ်ပေါင်းမနည်းဘူး၊ အနီးကပ်ကနေ ပျံသန်းလာရင် အနီးကပ်ကို ဝင်တွယ်တာ။ အခုမှာ ကျနော်တို့ဆီမှာ လေယာဉ်ကိုပစ်နိုင်တဲ့ လက်နက်မရှိဘူး “ ဟု ၎င်းက ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကို PKPF ၏ စာရင်းမှတ်တမ်းအရ ၂၀၂၁ ခုနှစ်တွင် ၂ ကြိမ်၊ ၂၀၂၂ ခုနှစ်တွင် ၁၈၂ ကြိမ် နှင့် ယခု ၂၀၂၃ ခုနှစ် ပထမ (၄) လအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု ၁၇၉ ကြိမ် မြင့်တက်လာကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဖယ်ခုံမြို့နယ်အတွင်းရှိ နေအိမ်များကို စစ်တပ်က ထပ်မံမီးရှို့

0
သျှမ်း-ကရင်နီ(ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်က ကျန်ရှိသည့် နေအိမ်များကို ထပ်မံမီးရှို့ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် “၁၁၁၁”စစ်ဆင်ရေးတွင် စစ်တပ်က မိုးဗြဲနှင့် ဖယ်ခုံမြို့နယ် ကျေးရွာအများစုကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင်...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...