Tuesday, January 27, 2026

စစ်ကောင်စီ လေကြောင်းပစ်ခတ် မိုးဗြဲမြို့ပေါ် ကလေးငယ် ၁ ဦးသေဆုံး၊ ၄ ဦး ထိခိုက်ဒဏ်ရာရ

သျှမ်း – ကရင်နီ (ကယား) နယ်စပ် မိုးဗြဲမြို့ပေါ် လူနေအိမ်ရပ်ကွက်ကို စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲသည့်အပြင် လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦး သေဆုံးပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ပြည်သူ့နေအိမ်

ယမန်နေ့ (မေလ ၂၇) ရက် နံနက် ၅ နာရီအချိန်မှစပြီး မိုးဗြဲမြို့ပေါ်ရှိ လူနေအိမ်ရပ်ကွက်ကို စစ်ကောင်စီမှ တိုက်လေယာဉ် နှစ်စင်းဖြင့် ၉ ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့သည့်အပြင် အဝေးပစ် လက်နက်ကြီးဖြင့် ထပ်ဆင့် ပစ်ခတ်ခဲ့သောကြောင့် အသက် ၃ နှစ်ခွဲ ကလေးငယ်တစ်ဦး သေဆုံးပြီး ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မိုးဗြဲဒေသခံတစ်ဦးက အတည်ပြုသည်။

“ မနေ့က သူတို့လာကြဲသွားတဲ့နေရာက အတော်များတယ်။ မိုးဗြဲမြို့ပေါ်မှာ ကြဲတာတွေ၊ မိုးဗြဲအရှေ့ဖက်ခြမ်း တောင်ပေါ်ရွာ၊ တောင်ခြေရဲ့အောက်က ရွာတွေမှာကော လာကြဲတယ်။ သူတို့လာကြဲတာ အခေါက်ရေ တော်တော်များတယ်။ ဒဏ်ရာပြင်းထန်တဲ့သူက ၄ ယောက်ရှိတယ်။ ဒဏ်ရာအနည်းငယ်ရတဲ့ သူတွေတော့ ၇ ယောက်လောက်ရှိတယ်။ ၃ နှစ်ခွဲ ကလေးငယ်တစ်ယောက်လည်း ဆုံးတယ် “ ဟု ၎င်းက ပြောသည်။

အလားတူ ယနေ့ (မေလ ၂၈) ရက် နံနက် ၄ နာရီခွဲအချိန်၌ မိုးဗြဲအနောက်ဖက်ခြမ်းရှိ စစ်ဘေးရှောင်များနေသည့် စစ်ရှောင်စခန်းတစ်နေရာကို စစ်ကောင်စီမှ တိုက်လေယာဉ်ဖြင့် ၂ ကြိမ်တိုင် လာရောက် ဗုံးကြဲတိုက်ခိုက်ရာ ပြည်သူ (၄) ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၃ လုံး ပျက်စီးခဲ့ကြောင်း MBPDF ယနေ့ မေ (၂၈) ရက်တွင် ထုတ်ပြန်ထားသည်။

လက်နက်ကြီး

စစ်ကောင်စီသည် ၎င်းတို့ကို ခုခံတော်လှန်တိုက်ခိုက်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ပူးပေါင်းတပ်ဖွဲ့ကို အပြင်းထန် နှိမ်နင်းလာတင်မက ပြည်သူတွေကိုပါ ကြောက်လှန့်တုန်လှုပ် ခြောက်ခြားသွားစေရန် အရပ်သားနေအိမ်၊ စစ်ဘေးရှောင်စခန်းများကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲခြိမ်းခြောက်နေကြောင်း မိုးဗြဲဒေသခံ က ယခုလို သုံးသပ်ထားသည်။

“ သူတို့က ရည်ရွက်ချက်ရှိရှိနဲ့ ဗုံးလာကြဲနေတာ။ လာတိုက်နေတာ။ ကျနော်တို့က နည်းနည်း လှုပ်ရှားမှုရှိပြီဆိုတာနဲ့ လူထုတွေကို နည်းနည်းကြောက်လှန့်သွားအောင် ဆိုပြီးတော့ လူထုတွေကို ရည်ရွယ်ပြီးတော့ ဗုံးနဲ့လာကြဲတယ်လို့ပဲ သုံးသပ်မိတယ် “ ဟု ၎င်းက ပြောသည်။

အဆိုပါ စစ်ကောင်စီမှ အရပ်သားနေအိမ်၊ စစ်ဘေးရှောင်တွေပါ ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်သောကြောင့် လက်ရှိ ပြည်သူများသည် လုံခြုံရေးအတွက် စိုးရိမ်မှု မြင့်တက်နေကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီ အသုံးပြုသည့် တိုက်လေယာဉ်များကို မြေပြင်မှ ပစ်ခတ်နိုင်သော လေယာဉ် ပစ်လက်နက်ကို နိုင်ငံတကာမှ ကူညီထောက်ပံ့ပေးစေလိုကြောင်း မိုးဗြဲမြို့ဒေသခံ အသက် ၅၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ထပ်လောင်းပြောသည်။

“ အခု ကျနော်တို့ ခံစားနေရတဲ့ ပြဿနာပေါင်းစုံကို ကမ္ဘာကို သိစေချင်တယ်။ နိုင်ငံတကာကိုလည်း တောင်းဆိုချင်တယ်။ လက်ရှိ စစ်ကောင်စီ လေယာဉ်ပျံသန်းတဲ့ နယ်မြေတွေမှာ လေယာဉ်ကို ပစ်နိုင်တဲ့ လက်နက်ပို့ပေးစေချင်တယ်။ မနှစ်ကလိုမျိုးဆိုရင် အကြိမ်ပေါင်းမနည်းဘူး၊ အနီးကပ်ကနေ ပျံသန်းလာရင် အနီးကပ်ကို ဝင်တွယ်တာ။ အခုမှာ ကျနော်တို့ဆီမှာ လေယာဉ်ကိုပစ်နိုင်တဲ့ လက်နက်မရှိဘူး “ ဟု ၎င်းက ပြောသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကို PKPF ၏ စာရင်းမှတ်တမ်းအရ ၂၀၂၁ ခုနှစ်တွင် ၂ ကြိမ်၊ ၂၀၂၂ ခုနှစ်တွင် ၁၈၂ ကြိမ် နှင့် ယခု ၂၀၂၃ ခုနှစ် ပထမ (၄) လအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု ၁၇၉ ကြိမ် မြင့်တက်လာကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...