မိုးဗြဲ စစ်ရှောင်စခန်းကို စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

သျှမ်းပြည် တောင်ကြီးခရိုင် မိုးဗြဲမြို့ စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခံရသည့်နေအိမ်

ယမန်နေ့ (မေလ ၂၃)ရက် ည ၉ နာရီခွဲဝန်းကျင်တွင် မိုးဗြဲမြို့ ရှိ စစ်ဘေးရှောင်စခန်းတည်နေရာတစ်ခုကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရသည့်အတွက်ကြောင့် ပြည်သူနေအိမ် ၂ လုံးပျက်စီးသွားခဲ့ကြောင်း စစ်ဘေးရှောင် ကူညီပေးနေသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ပျက်စီးမှုအားလုံး အတိကျတော့ ကျနော်တို့လည်း မသိရသေးဘူး။ လောလောဆယ်တော့ နေအိမ် ၂ လုံးလောက်ပျက်စီးသွားတယ်။ မနေ့ညက လေယာဉ်နဲ့ လာပစ်သွားတာ။ ပြီးတော့ လက်နက်ကြီးနဲ့ လည်း ပစ်တယ်။ တစ်ချို့ကပြောတာတော့ လွိုင်ကော်ကနေ ပစ်တယ်လို့ပြောတယ်” ဟု မိုးဗြဲမြို့ စစ်ဘေးရှောင်များကို ကူညီပေးနေသည့်သူက ပြောသည်။

မိုးဗြဲမြို့တွင် လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားမရှိဘဲ စစ်ကောင်စီဘက်မှ တဖက်သတ် လက်နက်ကြီးပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။

စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရသည့်နေအိမ်

“ ဒီဘက်မှာတော့ တိုက်ပွဲမရှိဘူး။ ဒီမိုးဗြဲဘက်ကတော့ တိုက်ပွဲတွေ သိပ်မဖြစ်ဘူး။ သူတို့က ဒီတိုင်း စိတ်ကူးပေါက်ရင် ဝင်ပစ်တာလာတော့ မသိတော့ဘူး။ ဟိုနေ့ကလည်း ကုန်သာရွာကို ပစ်လို့ ရွာသား ၁ ဦး ထိခိုက်သွားသေးတယ်” ဟု အထက်ပါ စစ်ဘေးရှောင်ကူညီပေးနေသည့်သူက ပြောသည်။

အလားတူ ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့တွင်လည်း မိုးဗြဲမြို့ ပီကင်းလမ်းပေါ်တွင် သားအဖ ၂ ဦး သေနတ်ပစ်ခတ်ခံရပြီး အသက် ၆၀ အရွယ် ဖခင်ဖြစ်သူ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယခု ၂၀၂၃ ခုနှစ် ၄ လသာကာလအတွင်း စစ်ကောင်စီက မြန်မာနိုင်ငံတစ်ဝှမ်း လေကြောင်းတိုက်ခိုက်မှု ၄၅၄ ကြိမ်ပြုလုပ်ခဲ့ပြီး အရပ်သား ၂၉၂ ဦး သေဆုံးသွားခဲ့ကြောင်း ညဏ်လင်းသစ် သုတေသနအဖွဲ့က မေလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဖယ်ခုံမြို့နယ်အတွင်းရှိ နေအိမ်များကို စစ်တပ်က ထပ်မံမီးရှို့

0
သျှမ်း-ကရင်နီ(ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်က ကျန်ရှိသည့် နေအိမ်များကို ထပ်မံမီးရှို့ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် “၁၁၁၁”စစ်ဆင်ရေးတွင် စစ်တပ်က မိုးဗြဲနှင့် ဖယ်ခုံမြို့နယ် ကျေးရွာအများစုကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင်...

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

တောင်ကြီးမြို့နယ်ရောက် စစ်ရှောင် လျှပ်စစ်မီးရရှိရေး ကျပ်သိန်း (၃၀)ထိပေးရ

0
သျှမ်းပြည်တောင်ပိုင်း တောင်ကြီးမြို့နယ်သို့ရောက်ရှိလာသော စစ်ဘေးရှောင်များသည် လျှပ်စစ်မီးရရှိရန် သက်ဆိုင်ရာလူကြီးများထံ ကျပ်သိန်း(၃၀) ပေးနေရကြောင်း သတင်းရရှိသည်။ တောင်ကြီးမြို့နယ် နောင်ကားကျေးရွာ၊ တံတားမီးလောင်ကျေးရွာ၊ ဒုံခရာ ကျေးရွာနှင့် ညိုမီးကျေးရွာ ဘက်တွင် ကရင်နီပြည်မှ ရောက်လာသော စစ်ရှောင်များရှိကို ၎င်းနေအိမ်အတွက် လျှပ်စစ်မီးရရှိရန် ကျပ်သိန်း (၃၀)အထိ ပေးရသဖြင့် ဆိုလာပြားများကို အသုံးပြုနေရသည်။​ “လျှပ်စစ်မီးယူမယ်ဆို...