Tuesday, January 27, 2026

မိုးဗြဲ စစ်ရှောင်စခန်းကို စစ်ကောင်စီ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်

သျှမ်းပြည် တောင်ကြီးခရိုင် မိုးဗြဲမြို့ စစ်ဘေးရှောင်စခန်းတစ်ခုကို စစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲခဲ့ကြောင်း သတင်းရရှိသည်။

စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခံရသည့်နေအိမ်

ယမန်နေ့ (မေလ ၂၃)ရက် ည ၉ နာရီခွဲဝန်းကျင်တွင် မိုးဗြဲမြို့ ရှိ စစ်ဘေးရှောင်စခန်းတည်နေရာတစ်ခုကို လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခံရသည့်အတွက်ကြောင့် ပြည်သူနေအိမ် ၂ လုံးပျက်စီးသွားခဲ့ကြောင်း စစ်ဘေးရှောင် ကူညီပေးနေသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ ပျက်စီးမှုအားလုံး အတိကျတော့ ကျနော်တို့လည်း မသိရသေးဘူး။ လောလောဆယ်တော့ နေအိမ် ၂ လုံးလောက်ပျက်စီးသွားတယ်။ မနေ့ညက လေယာဉ်နဲ့ လာပစ်သွားတာ။ ပြီးတော့ လက်နက်ကြီးနဲ့ လည်း ပစ်တယ်။ တစ်ချို့ကပြောတာတော့ လွိုင်ကော်ကနေ ပစ်တယ်လို့ပြောတယ်” ဟု မိုးဗြဲမြို့ စစ်ဘေးရှောင်များကို ကူညီပေးနေသည့်သူက ပြောသည်။

မိုးဗြဲမြို့တွင် လက်ရှိအချိန်ထိ တိုက်ပွဲဖြစ်ပွားမရှိဘဲ စစ်ကောင်စီဘက်မှ တဖက်သတ် လက်နက်ကြီးပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်နေကြောင်း သိရသည်။

စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရသည့်နေအိမ်

“ ဒီဘက်မှာတော့ တိုက်ပွဲမရှိဘူး။ ဒီမိုးဗြဲဘက်ကတော့ တိုက်ပွဲတွေ သိပ်မဖြစ်ဘူး။ သူတို့က ဒီတိုင်း စိတ်ကူးပေါက်ရင် ဝင်ပစ်တာလာတော့ မသိတော့ဘူး။ ဟိုနေ့ကလည်း ကုန်သာရွာကို ပစ်လို့ ရွာသား ၁ ဦး ထိခိုက်သွားသေးတယ်” ဟု အထက်ပါ စစ်ဘေးရှောင်ကူညီပေးနေသည့်သူက ပြောသည်။

အလားတူ ပြီးခဲ့သည့် မေလ ၂၂ ရက်နေ့တွင်လည်း မိုးဗြဲမြို့ ပီကင်းလမ်းပေါ်တွင် သားအဖ ၂ ဦး သေနတ်ပစ်ခတ်ခံရပြီး အသက် ၆၀ အရွယ် ဖခင်ဖြစ်သူ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ယခု ၂၀၂၃ ခုနှစ် ၄ လသာကာလအတွင်း စစ်ကောင်စီက မြန်မာနိုင်ငံတစ်ဝှမ်း လေကြောင်းတိုက်ခိုက်မှု ၄၅၄ ကြိမ်ပြုလုပ်ခဲ့ပြီး အရပ်သား ၂၉၂ ဦး သေဆုံးသွားခဲ့ကြောင်း ညဏ်လင်းသစ် သုတေသနအဖွဲ့က မေလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

သီပေါ-မိုင်းရယ်ကြား လေကြောင်းဗုံးကြဲမှုကြောင့် ထွက်ပြေးခဲ့ရသည့် စစ်ရှောင် ၃၀၀ နီးပါး နေရပ်ပြန်

0
သျှမ်းပြည် မိုင်းရယ်နှင့် သီပေါမြို့နယ်ကြားတွင် စစ်ကော်မရှင်တပ် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ် ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင် ၃၀၀ နီးပါး နေရပ်ပြန်သွားခဲ့ကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ (၉) ရက် နံနက်ပိုင်းတွင် မိုင်းရယ်နှင့် သီပေါမြို့နယ် အစပ်ရှိ ရှန်တော်ကျေးရွာအနီး ကျားဖြန့်ရုံဟောင်းဟု ယူဆရသည့် နေရာကို ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပရန်...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...