မိုင်းယော်
မိုင်းယော်ဒေသ လောင်းကစားရုံများ ဖွင့်လှစ် ဒေသခံများစိုးရိမ်
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်ဒေသ အလုပ်အကိုင်ရှားပါးနေသည့်ကြား ကာစီနို (လောင်းကစားရုံ) များ စတင်ဖွင့်လှစ်မှုကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း စုံစမ်းသိရသည်။ ထိုကာစီနိုကို မိုင်းယော်ဒေသ နမ့်နွမ်းရပ်ကွက်ရှိ ပေ(၁၀၀)ပတ်လည် ခြံဝန်းထဲ အဆောက်အဦးများ ဆောက်လုပ်ပြီး လောင်းကစားရုံဖွင့်လှစ်ထားကြောင်း သိရသည်။ “အောက်တိုဘာ လဆန်းပိုင်းက ဖွင့်တာ။ ငွေရှာရခက်တဲ့ချိန်လည်းဖြစ်တော့ ဒီလိုဖွင့်တာ အဆင်မပြေဘူး။...
မိုင်းယော် စစ်ကောင်စီမှ လက်နက်ကြီးပစ်၊ ဒေသခံများ စိုးရိမ်ထိတ်လန့်
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအနီး စစ်ကောင်စီတပ်မှ ယနေ့ (အောက်တိုဘာ ၂၇ ရက်) မနက် ၁၁ နာရီတွင် တစ်ဘက်သတ် လက်နက်ကြီးပစ်ခတ်ရာ ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရှိရသည်။ ယနေ့ အောက်တိုဘာ (၂၇)ရက် မနက် ၁၁ နာရီချိန်မှစပြီး လက်ရှိသတင်းရေးသားချိန်ထိ စစ်ကောင်စီဘက်မှ ဟွေ့ဟုတ်...
မိုင်းယော်တွင် ဗုံးပေါက်ကွဲမှု စစ်ကောင်စီ တပ်သားအပါအဝင် (၃) ဦးဒဏ်ရာရ
SHAN -
သျှမ်းမြောက် လားရှိုး − မိုင်းယော် − မိုင်းကျက်လမ်းမကြီးပေါ်တွင် ယမန်နေ့ (သြဂုတ် ၄)ရက် နေ့လည်ပိုင်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားအပါအဝင် (၃)ဦးခန့် ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။ “စကစတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ကားနှစ်စီး လာနေတဲ့အချိန် ဗုံးကွဲသွားတာပါ၊ ရှေ့ကားတစ်စီး မိုင်းစ ထိမှန်ပြီး နောက်ကားတစ်စီးကတော့ မှောက်သွားတယ်”...
မိုင်းယော် ကာစီနို ဖွင့်ရန် သတင်းထွက်ပေါ်နေ
သျှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့နယ် မိုင်းယော်ဒေသတွင် ကာစီနို (လောင်းကစားရုံ) များဖွင့်ရန်အတွက် ပြင်ဆင်နေသည်ဟု သတင်းထွက်ပေါ်နေကြောင်း ဌာနေ ဒေသခံများ ပြောပြချက် အရသိရသည်။ ထိုကာစီနို ကို မိုင်းယော်ဒေသ နမ့်နွမ်းရပ်ကွက်တွင် ရှိသည့် ၁၀၀ ပေပတ်လည်ခြံဝန်းထဲ အဆောက်အအုံများ ဆောက်ပြီးကြောင်း နှင့် လောင်းကစားခုံများရှိနေပြီးဟု မိုင်းယော်ဒေသခံတစ်ဦး ကသျှမ်းသံတော်ဆင့်...
မိုင်းယော် မန့်ပန်ပြည်သူ့စစ်စခန်းအနီး စစ်ကောင်စီ အင်အားဖြည့်
SHAN -
သျှမ်းမြောက် လားရှိုးမြို့နယ် မိုင်းယော်ဒေသ မန့်ပန်ပြည်သူ့စစ်တပ်စခန်း အနီး စစ်ကောင်စီ မှ စစ်အင်အား (၁၀၀)ကျော် အင်အားလာဖြည့်ထားကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇွန် ၂၆ရက် တွင် စစ်ကောင်စီ ၏ တပ်မ ၉၉ မှ စစ်အင်အား (၁၀၀)ကျော် သည် လားရှိုးမြို့နယ် မိုင်းယော်ဒေသ...
မိုင်းယော် ဒေသခံ (၂) ဦး ကို SSPP/SSA မှ လာရောက်ဖမ်းဆီးခေါ်ဆောင်သွား
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် ဒေသခံ (၂ )ဦးကို သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် ( SSPP/SSA) မှ တပ်သားလုပ်ရန်အတွက် လာရောက်ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများသတင်းပေးပို့ချက်အရသိရသည်။ မိုင်းယော်တိုက်နယ် တွင် ယမန့်နေ့( ဇွန် ၂၀)ရက် ည( ၉) နာရီဝန်းကျင်တွင်( SSPP/SSA) တပ်သားမှ လူအင်အား...
မိုင်းယော် မန်ပန်ပြည်သူ့စစ် ကိုKIA တပ်မှ (၂ )ရက်အတွင်း တပ်ဆုတ်ခိုင်း
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် အတွင်းရှိ လှုပ်ရှားနေသည့် မန်ပန်ပြည်သူ့စစ်ကို ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) က (၂) ရက်အတွင်း တပ်ဆုတ်ထွက်ခွာရန် ညွှန်ကြားထားကြောင်း စုံစမ်းသိရှိရသည်။ မိုင်းယော်တိုက်နယ် ဆေးရုံအနီး ဂုံထိပ်တွင် တပ်စွဲထားသည့် မန်ပန်ပြည်သူ့စစ် ကို KIA က ယမန်နေ့ (ဇွန်...
လားရှိုးမြို့နယ်အတွင်း KIA နှင့် အကြမ်းဖက် စစ်ကောင်စီ တိုက်ပွဲဖြစ်
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် ပန်ခါးကျေးရွာအနီးတွင် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် အကြမ်းဖက် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရသည်။ ဧပြီ (၄) ရက် နေ့လည် (၁၂) နာရီ ဝန်းကျင်ခန့်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပန်ခါးကျေးရွာသား (၂) ဦးကိုလည်း စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများ...
မိုင်းယော် သေနတ်ပစ်သတ်ခံရသူ ကို စစ်ကောင်စီ တပ်မှ လျော်ကြေးငွေ ၅သိန်းပေး
SHAN -
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ် နမ့်ဟိုင်းကျေးရွာ တွင် စစ်ကောင်စီ၏ တပ်မ (၈၈) က အသက် ၆၀ကျော် အမျိုးသား တဦးကို မတ် ၁၁ရက်တွင် သေနတ်ပစ်သတ်ခဲ့ပြီး လျော်ကြေးငွေ (၅)သိန်း လာပေးသွားကြောင်း သတင်းရရှိသည်။ မိုင်းယော်တိုက်နယ် နမ့်ဟိုင်းကျေးရွာတွင် မတ် ၁၁ရက်...
ကျမတို့တောသူတောင်သားဆီကနေ ပြည်သူ့စစ်တပ်က ပိုက်ဆံကောက်တဲ့ကိစ္စ တာဝန်ရှိများကူညီပေးကြပါ
SHAN -
သို့- သျှမ်းသံတော်ဆင့် အယ်ဒီတာ မှတဆင့်
ရှမ်းပြည်နယ်အစိုးရ ၊ ပြည်ထောင်စုအစိုးရသို့ ကျမ တို့ရွာဟာ လားရှိုးမြို့အရှေ့ဘက် မိုင် ၆၀ လောက်ဝေးပါတယ်။ လားရှိုး - မိုင်းယော် - မိုင်းကျက် အသွားလမ်း မိုင်းကျက်ရွာမ ကြီးရဲ့ အနောက်ဘက် ၉ မိုင်လောက်ဝေးပါတယ် ကျမတို့ရွာက။ တခြား ရွာတွေတော့...