Tuesday, January 27, 2026

မိုင်းယော်ဒေသ လောင်းကစားရုံများ ဖွင့်လှစ် ဒေသခံများစိုးရိမ်

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်ဒေသ အလုပ်အကိုင်ရှားပါးနေသည့်ကြား ကာစီနို (လောင်းကစားရုံ) များ စတင်ဖွင့်လှစ်မှုကြောင့် ဒေသခံများ စိုးရိမ်နေကြကြောင်း စုံစမ်းသိရသည်။

ထိုကာစီနိုကို မိုင်းယော်ဒေသ နမ့်နွမ်းရပ်ကွက်ရှိ ပေ(၁၀၀)ပတ်လည် ခြံဝန်းထဲ အဆောက်အဦးများ ဆောက်လုပ်ပြီး လောင်းကစားရုံဖွင့်လှစ်ထားကြောင်း သိရသည်။

“အောက်တိုဘာ လဆန်းပိုင်းက ဖွင့်တာ။ ငွေရှာရခက်တဲ့ချိန်လည်းဖြစ်တော့ ဒီလိုဖွင့်တာ အဆင်မပြေဘူး။ ကျနော်တို့ သူခိုးတွေ ပေါလာမှာကြောက်ရတယ် ” ဟု မိုင်းယော်ဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါမြင့်တက်နေချိန် အလုပ်အကိုင်ရှားပါးချိန်ကို အခွင့်ကောင်းယူပြီး လောင်းကစားရုံဖွင့်လှစ်နေခြင်းဖြစ်ကြောင်း၊ တဖက်ကလည်း နိုင်ငံရေး ရှုပ်ထွေးနေမှုကို ပြည်သူများ အားရုံမစိုက်နိုင်အောင် တမင် ဖွင့်လှစ်နေသည်ဟု မိုင်းယော်ဒေသခံ များက ပြောသည်။

“ငွေရှာရခက်လို့ သွားကစားတဲ့သူ သိပ်မရှိဘူး။ ဒေသခံတွေကတော့ မဖွင့်သင့်ဘူး။ ရောဂါ မရှိလည်း မဖွင့်သင့်ဘူးပေါ့။ မိုင်းယော်ဒေသခံတွေရဲ့ စားဝတ်နေရေးတွေလည်း ထိခိုက်တယ်။ အားလုံး ထိခိုက်လာမယ်။ ရောဂါ ကာလမှာ ပိုပြီး မဖွင့်သင့်ဘူး” ဟု အသက် (၄၀)ကျော် မိုင်းယော်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လောင်းကစားရုံထဲတွင် ဖဲဝိုင်းများ၊ လေးကောင်ဂျင်၊ ငါးမန်း စသည့် လောင်ကစားနည်းများ ရှိနေကြောင်း သိရှိရသည်။

ထိုလောင်းကစားရုံကို ဇွန်လိုင်လကစတင်ပြီး အဆောက်အဦးများ၊ လောင်းကစားခုံများ ပြင်ဆင်ခဲ့တာဖြစ်ကြောင်း သိရှိရသည်။

မိုင်းယော်ကျေးရွာအုပ်စုသည် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် ကိုးကန့် (MNDAA)၊ တအာင်း(ပလောင်) TNLA ၊ ရခိုင်တပ်မတော် (AA) ၊ ကချင်တပ်မတော် (KIA)၊ သျှမ်းပြည် တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် အာဏာသိမ်း စစ်ကောင်စီ တို့ လှုပ်ရှားရာ ဒေသဖြစ်ကြောင်းသိရသည်။

အောက်တိုဘာ (၂၇) ရက်တွင် အာဏာသိမ်း စစ်ကောင်စီဘက်မှ လက်နက်ကြီး လက်နက်ငယ်ဖြင့် မိုင်းယော်ကျေးရွာအနီး ရမ်းသမ်းပစ်ခတ်သဖြင့် ဒေသခံများ စိုးရိမ်ထိတ်လန့်ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုး မိန်းကလေးငယ်ကို အပြိုင်လိုက်ကြိုက်သည့် ကိုးကန့်တပ်သားနှစ်ဦး အချင်းချင်းပစ်သတ်၊ မိန်းကလေးကို MNDAA ဖမ်းထားပြီး ပြန်မလွှတ်သေး

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအုပ်စုတွင် ကိုးကန့်တပ်သားနှစ်ဦးသည် အရွယ်မရောက်သေးသည့် မိန်းကလေးငယ်ကို အပြိုင်လိုက်ကြိုက်ရာမှ အချင်းချင်း ပစ်သတ်ခဲ့၍ တစ်ဦးသေဆုံးသွားပြီး စွပ်စွဲခံရသည့် မိန်းကလေးကို MNDAA က ဖမ်းဆီးထားကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ (၇) ရက် နံနက် (၆) နာရီကျော်တွင် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ...

မိုင်းယော်တွင် စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၁ ဦးအပါအဝင် ၄ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

0
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ မိုင်ယော်တိုက်နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၁ ဦး အပါအဝင် ၄ ဦး သေဆုံးပြီး၊ ၁ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၈ ရက်) ည ၇ နာရီကျော်ခန့်က လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာတွင်...

လားရှိုး စစ်ကောင်စီ တိုက်လေယာဉ်ဗုံးကြဲမှုကြောင့် အမျိုးသမီး ၂ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်တွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် အမျိုးသမီး ၂ ဦးသေဆုံးသွားခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာ ၂ ရက်) ည ၉ နာရီတွင် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ လုံတွေကျေးရွာတွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့်...

မိုင်းယော်တိုက်နယ်ရှိ စစ်ကောင်စီတပ်စခန်းကို ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ထိုးစစ်ဆင် တိုက်ခိုက်

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်၊ မိုင်းကျက်အုပ်စုရှိ စစ်ကောင်စီတပ်စခန်းကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၂၇ ရက်နေ့)က လားရှိုးမြို့ နှင့် မိုင် ၆၀ အကွာရှိ မိုင်းယော်တိုက်နယ်၊ မိုင်းကျက်အုပ်စုတွင် အခြေစိုက်သော စစ်ကောင်စီတပ်ကို ညီနောင်မဟာမိတ်...

မိုင်းယော်တိုက်နယ် ဈေးနေ့ လောင်းကစားဝိုင်း ဖွင့်လှစ်လာ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်၏ ဈေးနေ့တွင် လောင်းကစားဝိုင်းများလာရောက်ဖွင့်လှစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် အောက်တိုဘာလ လဆန်းပိုင်းမှ စတင်ကာ မိုင်းယော်တိုက်နယ် ဈေးအနီး နမ့်နွမ်းကျေးရွာတွင် ဖွင့်လှစ်သည့် လောင်းကစားဝိုင်းကို ဈေးနေ့ (ငါးရက်တစ်ဈေး၊ သျှမ်းပြည် ဈေးနေ့) ရောက်တိုင်း ဖွင့်လှစ် ဆော့ကစားနေကြောင်း ဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို...