Wednesday, January 28, 2026

မိုင်းယော် ကာစီနို ဖွင့်ရန် သတင်းထွက်ပေါ်နေ

သျှမ်းပြည်မြောက်ပိုင်း လာရှိုးမြို့နယ် မိုင်းယော်ဒေသတွင် ကာစီနို (လောင်းကစားရုံ) များဖွင့်ရန်အတွက် ပြင်ဆင်နေသည်ဟု သတင်းထွက်ပေါ်နေကြောင်း ဌာနေ ဒေသခံများ ပြောပြချက် အရသိရသည်။

ထိုကာစီနို ကို မိုင်းယော်ဒေသ နမ့်နွမ်းရပ်ကွက်တွင် ရှိသည့် ၁၀၀ ပေပတ်လည်ခြံဝန်းထဲ အဆောက်အအုံများ ဆောက်ပြီးကြောင်း နှင့် လောင်းကစားခုံများရှိနေပြီးဟု မိုင်းယော်ဒေသခံတစ်ဦး ကသျှမ်းသံတော်ဆင့် ကိုပြောပြသည်။

“ အဆောက်အအုံတွေလည်းဆောက်ပြီးပြီ။ ခုံးတွေလည်းရှိပြီ။ ၃ ခုံလောက်တော့ ရောက်လာတာတွေ့တယ်” ဟု မိုင်းယော်ဒေသခံတစ်ဦး ကပြောသည်။

လက်ရှိတွင် မိုင်းယော်ဒေသတွင် ကာစီနို ဖွင့်ရန်အတွက် အားလုံးပြင်ဆင်ပြီးနေပြီးဖြစ်ကြောင်း၊ ဖွင့်မည့်ရက်ကို စီစဉ်နေပြီးဖြစ်ပြီး၊ မိုင်းယော်ဒေသခံများက ကာစီနို ဖွင့်ပါက ကိုဗစ်-၁၉ ကပ်ရောဂါနှင့် စားဝတ်နေရေးအတွက်ကို စိုးရိမ်နေရကြောင်း သည် အသက် ၄၀ကျော် မိုင်းယော်ဒေသခံ အမျိုးသားတစ်ဦး က သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ သူတို့ကတော့ ဖွင့်ဖို့ပဲကျန်တယ်။ အကုန်ပြင်ဆင်ပြီးပြီ။ ဘယ်ချိန်ဖွင့်မလဲတော့ မသိဘူး။ ရောဂါပြီးမှလား။ ဘယ်ချိန်လဲတော့မသိဘူး။ ဖွင့်ရင်တော့ ကျနော်တို့ ပြည်သူတွေက စိုးရိမ်ရတယ်။ အခုက ကိုဗစ် နဲဆိုတော့။ ပြီးတော့ ပြည်သူတွေက သွားဆော့ရင် ခြံပေါင်၊ နွားပေါင်းပြီးဆော့တာ ရှိတယ်” ဟု မိုင်းယော်ဒေသခံအမျိုးသားတဦးက ပြောသည်။

လက်ရှိတွင် စစ်အာဏာသိမ်းချိန်နှင့်အတူ ကိုဗစ် -၁၉ ကပ်ကာလဖြစ်နေသည့် အတွက်ကြောင့် ကာစီနိုကို မဖွင့်ရန် မိုင်းယော်ဒေသခံများက တောင်းဆိုလိုက်သည်။

“ခုက ဒီလိုနိုင်ငံရေးကော ကိုဗစ် ကောဖြစ်နေတော့ သူတို့ကို မဖွင့်စေချင်ဘူး။ ပြည်သူတွေကိုလဲ မသွားဆော့စေချင်ဘူး။” ဟု အသက် ၄၀ကျော် အမျိုးသားက ဆိုသည်။

မိုင်းယော်ဒေသသည် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် သည် ကိုကန့် (MNDAA) ၊ ကချင်တပ်မတော် (KIA) ၊ တအောင်း(ပလောင်း) TNLA၊ ရခိုင်တပ်မတော်( AA) ၊ သျှမ်းတပ်မတော် ဝမ်းဟိုင်း (SSPP)၊ နှင့် အာဏာသိမ်းစစ်ကောင်စီတို့ လှုပ်ရှာနေသည့် ဒေသဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

လားရှိုး မိန်းကလေးငယ်ကို အပြိုင်လိုက်ကြိုက်သည့် ကိုးကန့်တပ်သားနှစ်ဦး အချင်းချင်းပစ်သတ်၊ မိန်းကလေးကို MNDAA ဖမ်းထားပြီး ပြန်မလွှတ်သေး

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအုပ်စုတွင် ကိုးကန့်တပ်သားနှစ်ဦးသည် အရွယ်မရောက်သေးသည့် မိန်းကလေးငယ်ကို အပြိုင်လိုက်ကြိုက်ရာမှ အချင်းချင်း ပစ်သတ်ခဲ့၍ တစ်ဦးသေဆုံးသွားပြီး စွပ်စွဲခံရသည့် မိန်းကလေးကို MNDAA က ဖမ်းဆီးထားကြောင်း စုံစမ်းသိရသည်။ ဖြစ်စဉ်မှာ ဖေဖော်ဝါရီ (၇) ရက် နံနက် (၆) နာရီကျော်တွင် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ...

မိုင်းယော်တွင် စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၁ ဦးအပါအဝင် ၄ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

0
သျှမ်းပြည် လားရှိုးမြို့နယ်ရှိ မိုင်ယော်တိုက်နယ်တွင် စစ်ကောင်စီတပ်က လေကြောင်းဗုံးကြဲမှုကြောင့် အမျိုးသမီး ၁ ဦး အပါအဝင် ၄ ဦး သေဆုံးပြီး၊ ၁ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၈ ရက်) ည ၇ နာရီကျော်ခန့်က လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာတွင်...

လားရှိုး စစ်ကောင်စီ တိုက်လေယာဉ်ဗုံးကြဲမှုကြောင့် အမျိုးသမီး ၂ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်တွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် အမျိုးသမီး ၂ ဦးသေဆုံးသွားခဲ့ပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (နိုဝင်ဘာ ၂ ရက်) ည ၉ နာရီတွင် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်ရှိ လုံတွေကျေးရွာတွင် စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့်...

မိုင်းယော်တိုက်နယ်ရှိ စစ်ကောင်စီတပ်စခန်းကို ညီနောင်မဟာမိတ် ၃ ဖွဲ့မှ ထိုးစစ်ဆင် တိုက်ခိုက်

0
သျှမ်းပြည် လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်၊ မိုင်းကျက်အုပ်စုရှိ စစ်ကောင်စီတပ်စခန်းကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (အောက်တိုဘာ ၂၇ ရက်နေ့)က လားရှိုးမြို့ နှင့် မိုင် ၆၀ အကွာရှိ မိုင်းယော်တိုက်နယ်၊ မိုင်းကျက်အုပ်စုတွင် အခြေစိုက်သော စစ်ကောင်စီတပ်ကို ညီနောင်မဟာမိတ်...

မိုင်းယော်တိုက်နယ် ဈေးနေ့ လောင်းကစားဝိုင်း ဖွင့်လှစ်လာ

0
သျှမ်းပြည် မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်၏ ဈေးနေ့တွင် လောင်းကစားဝိုင်းများလာရောက်ဖွင့်လှစ်ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် အောက်တိုဘာလ လဆန်းပိုင်းမှ စတင်ကာ မိုင်းယော်တိုက်နယ် ဈေးအနီး နမ့်နွမ်းကျေးရွာတွင် ဖွင့်လှစ်သည့် လောင်းကစားဝိုင်းကို ဈေးနေ့ (ငါးရက်တစ်ဈေး၊ သျှမ်းပြည် ဈေးနေ့) ရောက်တိုင်း ဖွင့်လှစ် ဆော့ကစားနေကြောင်း ဒေသခံအမျိုးသားက သျှမ်းသံတော်ဆင့်ကို...