Sunday, May 5, 2024

မိုင်းယော် စစ်ကောင်စီမှ လက်နက်ကြီးပစ်၊ ဒေသခံများ စိုးရိမ်ထိတ်လန့်

Must read

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအနီး စစ်ကောင်စီတပ်မှ ယနေ့ (အောက်တိုဘာ ၂၇ ရက်) မနက် ၁၁ နာရီတွင် တစ်ဘက်သတ် လက်နက်ကြီးပစ်ခတ်ရာ ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရှိရသည်။

ယနေ့ အောက်တိုဘာ (၂၇)ရက် မနက် ၁၁ နာရီချိန်မှစပြီး လက်ရှိသတင်းရေးသားချိန်ထိ စစ်ကောင်စီဘက်မှ ဟွေ့ဟုတ် ကျေးရွာ အနီးတွင်နေပြီး လက်နက်ကြီးဖြင့် တစ်ရစပ် ပစ်ခတ်နေသဖြင့် ဒေသခံများ နေအိမ်အပြင်သို့ မထွက်ရဲသေးကြောင်း စုံစမ်းသိရှိရသည်။

“ခုလောလောဆယ်တော့ ဒေသခံတွေ တစ်ယောက်မှ အပြင် မထွက်ရဲသေးဘူး။ အိမ်မှာပဲ နေနေကြတုန်းပဲ။ ဘယ်ပြေးရမှန်းလဲ မသိဘူး” ဟု မိုင်းယော်ဒေသခံ အမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

မိုင်းယော်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမည်ကို ဒေသခံများ စိုးရိမ်နေပြီး စစ်ကောင်စီတပ်မှ မပစ်ခတ်ခင်ကာလတွင် ကိုးကန့်တပ်ဖွဲ့ (MNDAA)နှင့် ရခိုင့်တပ်မတော် (AA)တို့ မိုင်းယော်အဝင်မှာ စောင့်ထားကြောင်း အမည်မဖော်လိုသူ တစ်ဦး က ပြောသည်။

“ဖြစ်နိုင်ရင် ရွာနဲ့ အဝေးမှာပဲ တိုက်ပွဲဖြစ်စေချင်တယ်။ ခု ရွာနဲ့ တအားနီးတော့ တကယ်ဖြစ်လာရင် ကျနော်တို့ ထွက်ပြေးဖို့ မလွယ်ဘူး” ဟု မိုင်းယော်ဒေသခံ တစ်ဦးက ပြောသည်။

မိုင်းယော်ကျေးရွာအုပ်စုတွင် ကိုးကန့်တပ်ဖွဲ့ (MNDAA)၊ ရခိုင့်တပ်မတော် (AA) နှင့် ဝမ်ပန် ပြည်သူ့စစ်တို့ ရှိထားကြောင်း သိရှိရသည်။

Leave a Comments

- Advertisement -spot_img

Latest article