မိုင်းယော်စစ်ရှောင်များ နေရပ်ပြန်ချိန် ရှော့တိုက်မိုင်းနင်းမိ ကလေး အပါအဝင် (၃)ဦး သေဆုံး၊ (၅)ဦး ဒဏ်ရာရ

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်တိုက်နယ်အတွင်း စစ်ဘေးရှောင်များ နေရပ်သို့ ပြန်ချိန် ရှော့တိုက်မိုင်း နင်းမိပြီး အသက် (၅)နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် သေဆုံးသူ (၃)ဦး၊ ဒဏ်ရာရရှိသူ (၅) ဦး ရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

မိုင်းယော်စစ်ရှောင်များ နေရပ်ပြန်ချိန် ရှော့တိုက်မိုင်းနင်းမိ (Photo by CJ)

ယမန်နေ့ ဖေဖော်ဝါရီ (၁၇)ရက် နေ့လည်ပိုင်း မိုင်းယော်တိုက်နယ် ဝမ်လုံတတ်နှင့် ပန်နန်းကျေးရွာ ကြားတွင် ရှော့တိုက်မိုင်းနင်းမိပြီး (၂) ဦး ပွဲချင်းပြီးသေဆုံးကာ အသက် (၅)နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးက မိုင်းယော်ဆေးရုံရောက်မှ သေဆုံးသွားကြောင်း မိုင်းယော်ဒေသခံ တစ်ဦးက ပြောသည်။

“သူတို့ စစ်ရှောင်ပြီး အိမ်အပြန်မှာ ရှော့တိုက်မိုင်းမိတာ။ အားလုံး မိန်းကလေးတွေပဲ။ ယောကျာ်းလေး တစ်ယောက်ပဲပါတယ်” ဟု မိုင်းယော်ဒေသခံ အသက် ၄၀ ကျော် အမျိုးသားတစ်ဦးက ပြောသည်။

မိုင်းယော်စစ်ရှောင်များ နေရပ်ပြန်ချိန် ရှော့တိုက်မိုင်းနင်းမိ (Photo by CJ)

ထိခိုက်ဒဏ်ရာ ရရှိသူ (၅)ဦးသည် လားရှိုးဆေးရုံသို့ ဆေးကုသရန် ပို့ဆောင်ထားကြောင်း မိုင်းယော်ဒေသခံက ထပ်လောင်းပြောသည်။

“ဒဏ်ရာ ပြင်းထန်တဲ့သူ (၅)ယောက်ကိုတော့ လားရှိုးဆေးရုံကို ပို့ဆောင်ထားပြီ။ ခြေထောက်တွေ၊ ဝမ်းဗိုက်တွေမှာ ထိခိုက်ဒဏ်ရာ ရထားကြတယ်။ ဘယ်လက်နက်ကိုင်အဖွဲ့က ထောင်ထားတဲ့ ရှော့တိုက်မိုင်းလဲတော့ မသိဘူး” ဟု မိုင်းယော်ဒေသခံ အမျိုးသားက ဆိုသည်။

မိုင်းယော်စစ်ရှောင်များ နေရပ်ပြန်ချိန် ရှော့တိုက်မိုင်းနင်းမိ (Photo by CJ)

မိုင်းယော်တိုက်နယ်အတွင်း မြောက်ပိုင်းမဟာမိတ်နှင့် စစ်ကောင်စီ တို့ကြား တိုက်ပွဲတင်းမာမှုများရှိသောကြောင့် ပန်သပြေကျေးရွာအုပ်စုနှင့် လွယ်စက်တော်ကျေးရွာအုပ်စု တို့က ဒေသခံများ မိုင်းယော်စျေးထဲသို့ ထွက်ပြေးတိမ်းရှောင်လာခဲ့ကြောင်း သိရသည်။

မိုင်းယော်တိုက်နယ်အတွင်း စစ်ကောင်စီလက်နက်ကိုင်အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်ကြသော ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)၊ တအာင်း(ပလောင်) လွတ်မြောက်ရေးတပ်မတော် (TNLA)၊ ကိုးကန့်တပ်မတော် (MNDAA ) နှင့် သျှမ်းပြည်တိုးတက်ရေးပါတီ၊ သျှမ်းပြည်တပ်မတော် (SSPP/SSA) တို့ လှုပ်ရှားရာနယ်မြေများ ဖြစ်ကြသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

0
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။  ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် "တအာင်းပြည်နယ်" အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က...

TNLA နှင့် NSPNC တို့ ဟိုင်ဂင်သဘောတူညီချက်လိုက်နာရေး နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

0
တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA) ဒုဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် စစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) ကို နေပြည်တော်တွင် သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သတင်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၉ ရက်) နံနက်ပိုင်းမှ စတင်ပြီး နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ TNLA...