မိုင်းယော်ဒေသ စစ်ကောင်စီ လက်နက်ကြီးကျ နေအိမ်တစ်လုံးပျက်စီး

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအုပ်စုအတွင်းရှိ ကွန်ဖြူကျေးရွာတွင် စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်ရာ နေအိမ်တစ်လုံး ပျက်စီးသွားကြောင်း စုံစမ်းသိရှိရသည်။

အောက်တိုဘာ (၂၈)ရက် နေ့လည် (၂)နာရီကျော်က အာဏာသိမ်းစစ်ကောင်စီသည် မိုင်းယော်ကျေးရွာရှိ မန့်ပန်ပြည်သူ့စစ် စခန်းတွင် နေပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ဒေသခံနေအိမ်တစ်လုံး ထိခိုက်ပျက်စီးသွားကြောင်း ကွန်ဖြူကျေးရွာ ဒေသခံ တစ်ဦးက ပြောသည်။

“ပြည်သူ့စစ်တပ်စခန်းကနေပြီး လက်နက်ကြီးနဲ့ ပစ်တာ၊ ဒေသခံ နေအိမ်ထိသွားတယ်။ ထိခိုက်ဒဏ်ရာ ရရှိတဲ့သူတော့ မရှိဘူး” ဟု ကွန်ဖြူဒေသခံ တစ်ဦးက ပြောသည်။

ထို့အတူ အောက်တိုဘာ (၂၈)ရက် နေ့လည် (၃)နာရီခန့်တွင် လားရှိုးမှ မိုင်းယော်သို့ ပြန်မည့် ဒေသခံများ အပြန်လမ်းမှာ စစ်ကောင်စီ စစ်ကြောင်းများနှင့်တွေ့စဉ် စစ်ကြောင်းမှ ဒေသခံများကို ရှေ့သို့ ဖြတ်ခွင့်မပြုဘဲ နောက်မှ လိုက်လာရသဖြင့် ညနက်(၁) နာရီမှ မိုင်းယော်သို့ ရောက်ခဲ့ကြောင်း မိုင်းယော်ဒေသခံ တစ်ဦးက ပြောသည်။

“ဒီမနက် (၁)နာရီလောက်မှ အိမ်ရောက်တယ်။ သူတို့ စစ်ကြောင်းရှေ့က မပေးဖြတ်သွားဘူး။ လားရှိုး ပြန်လှည့်ပြန်မယ်ဆိုလည်း မပေးလှည့်ပြန်ဘူး။ သူတို့နောက်ကနေ လိုက်လာရတယ်” ဟု မိုင်းယော်ဒေသခံ တစ်ဦး ကပြောသည်။

လားရှိုး – မိုင်းယော်သည် မိုင် (၃၀)ကွာဝေးပြီး ကားစီးလျှင် (၁)နာရီကျော်သာ အချိန်ကြာကြောင်း သိရှိရသည်။

ယမန်နေ့ အောက်တိုဘာ (၂၈)ရက်တွင် မိုင်းယော်ကျေးရွာအုပ်စု လုံမွန်းကျေးရွာမှ နေပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်သဖြင့် ည (၁၁)နာရီအချိန်ထိ လက်နက်ကြီးသံ ကြားနေရကြောင်း မိုင်းယော်ဒေသခံများ ကပြောသည်။

အောက်တိုဘာ (၂၇)ရက်မှ စတင်ပြီး စစ်ကောင်စီသည် မိုင်းယော်ကျေးရွာအုပ်စုအတွင်း စစ်အင်အားများ ဖြည့်ဆည်းနေကြောင်း ဒေသခံများက ပြောဆိုကြသည်။

မိုင်းယော်ကျေးရွာအုပ်စုသည် ကိုးကန့်တပ်မတော် (MNDAA)၊ ရခိုင်တပ်မတော် (AA)၊ သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် ကချင်တပ်မတော် (KIA)တို့ လှုပ်ရှားရာဒေသဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...