Tuesday, January 27, 2026

မိုင်းယော်ဒေသ စစ်ကောင်စီ လက်နက်ကြီးကျ နေအိမ်တစ်လုံးပျက်စီး

သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် မိုင်းယော်ကျေးရွာအုပ်စုအတွင်းရှိ ကွန်ဖြူကျေးရွာတွင် စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်ရာ နေအိမ်တစ်လုံး ပျက်စီးသွားကြောင်း စုံစမ်းသိရှိရသည်။

အောက်တိုဘာ (၂၈)ရက် နေ့လည် (၂)နာရီကျော်က အာဏာသိမ်းစစ်ကောင်စီသည် မိုင်းယော်ကျေးရွာရှိ မန့်ပန်ပြည်သူ့စစ် စခန်းတွင် နေပြီး လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ဒေသခံနေအိမ်တစ်လုံး ထိခိုက်ပျက်စီးသွားကြောင်း ကွန်ဖြူကျေးရွာ ဒေသခံ တစ်ဦးက ပြောသည်။

“ပြည်သူ့စစ်တပ်စခန်းကနေပြီး လက်နက်ကြီးနဲ့ ပစ်တာ၊ ဒေသခံ နေအိမ်ထိသွားတယ်။ ထိခိုက်ဒဏ်ရာ ရရှိတဲ့သူတော့ မရှိဘူး” ဟု ကွန်ဖြူဒေသခံ တစ်ဦးက ပြောသည်။

ထို့အတူ အောက်တိုဘာ (၂၈)ရက် နေ့လည် (၃)နာရီခန့်တွင် လားရှိုးမှ မိုင်းယော်သို့ ပြန်မည့် ဒေသခံများ အပြန်လမ်းမှာ စစ်ကောင်စီ စစ်ကြောင်းများနှင့်တွေ့စဉ် စစ်ကြောင်းမှ ဒေသခံများကို ရှေ့သို့ ဖြတ်ခွင့်မပြုဘဲ နောက်မှ လိုက်လာရသဖြင့် ညနက်(၁) နာရီမှ မိုင်းယော်သို့ ရောက်ခဲ့ကြောင်း မိုင်းယော်ဒေသခံ တစ်ဦးက ပြောသည်။

“ဒီမနက် (၁)နာရီလောက်မှ အိမ်ရောက်တယ်။ သူတို့ စစ်ကြောင်းရှေ့က မပေးဖြတ်သွားဘူး။ လားရှိုး ပြန်လှည့်ပြန်မယ်ဆိုလည်း မပေးလှည့်ပြန်ဘူး။ သူတို့နောက်ကနေ လိုက်လာရတယ်” ဟု မိုင်းယော်ဒေသခံ တစ်ဦး ကပြောသည်။

လားရှိုး – မိုင်းယော်သည် မိုင် (၃၀)ကွာဝေးပြီး ကားစီးလျှင် (၁)နာရီကျော်သာ အချိန်ကြာကြောင်း သိရှိရသည်။

ယမန်နေ့ အောက်တိုဘာ (၂၈)ရက်တွင် မိုင်းယော်ကျေးရွာအုပ်စု လုံမွန်းကျေးရွာမှ နေပြီး စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်သဖြင့် ည (၁၁)နာရီအချိန်ထိ လက်နက်ကြီးသံ ကြားနေရကြောင်း မိုင်းယော်ဒေသခံများ ကပြောသည်။

အောက်တိုဘာ (၂၇)ရက်မှ စတင်ပြီး စစ်ကောင်စီသည် မိုင်းယော်ကျေးရွာအုပ်စုအတွင်း စစ်အင်အားများ ဖြည့်ဆည်းနေကြောင်း ဒေသခံများက ပြောဆိုကြသည်။

မိုင်းယော်ကျေးရွာအုပ်စုသည် ကိုးကန့်တပ်မတော် (MNDAA)၊ ရခိုင်တပ်မတော် (AA)၊ သျှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် ကချင်တပ်မတော် (KIA)တို့ လှုပ်ရှားရာဒေသဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

မဲပေးစက်ပြဿနာနှင့် ကြိုတင်မဲကြောင့် ကြံ့ခိုင်ရေးပါတီက အများစုအနိုင်ရ

0
သျှမ်းပြည် ၁၇ မြို့နယ်တွင် ပြီးခဲ့သော ဇန်နဝါရီလ ၁၁ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း (၂) ၏ အနိုင်အရှုံးစာရင်းများကို ကြည့်လျှင် စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး (USDP) ပါတီက အများစုအနိုင်ရထားသည်။ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး (USDP) ပါတီသည် ၁၉၉၃ ခုနှစ်က...

ရပ်စောက်နှင့် ရွာငံမြို့နယ်တွင် လုံခြုံရေးစိုးရိမ်မှုကြား ဒေသခံမဲသွားပေး

0
သျှမ်းပြည် ရပ်စောက်မြို့နယ်နှင့် ရွာငံမြို့နယ်တွင် စစ်ကော်မရှင်တပ်မှ စစ်အင်အား ဖြည့်တင်းထားပြီး မဲရုံပရဝုဏ်အနီး လက်နက်အပြည့်အစုံဖြင့် စောင့်ဆိုင်းနေခြင်းကြောင့် ဒေသခံများ လုံခြုံရေးစိုးရိမ်မှုဖြင့် မဲသွားပေးနေရကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇန်နဝါရီလ ၁၁ ရက်) တွင် စစ်ကော်မရှင် ကျင်းပနေသည့် ရွေးကောက်ပွဲ ဒုတိယပိုင်းတွင် သျှမ်းပြည်တောင်ပိုင်းမှ ရပ်စောက်၊ ရွာငံ၊...

မိုင်းပျဉ်း ကြိုတင်မဲကောက်ယူရာတွင် USDP မှလွဲ၍ အခြားပါတီများကို အကြောင်းမကြား ဟုဆို

0
သျှမ်းပြည်အရှေ့ပိုင်း မိုင်းပျဉ်းမြို့နယ်တွင် ရွေးကောက်ပွဲ အပိုင်း (၂) အတွက် ကြိုတင်မဲကောက်ယူရာတွင် လွှတ်တော်ကိုယ်စားလှယ်များ လိုက်ပါခွင့်ပြုမည်ဟု ရွေးကော်ပွဲကော်မရှင်က ပြောသော်လည်း မြေပြင်တွင် ကြံ့ခိုင်ရေး ဖွံ့ဖြိုးရေး (USDP)ပါတီမှလွဲ၍ အခြားပါတီများကိုအကြောင်းကြားခြင်းမရှိခဲ့ ကြောင်း စုံစမ်းသိရသည်။ လာမည့် ဇန်နဝါရီလ ၁၁ ရက်တွင် သျှမ်းပြည်အရှေ့ပိုင်း မိုင်းခတ်၊ မိုင်းပျဉ်း၊...