မိုင်းယော် မန့်ပန်ပြည်သူ့စစ်စခန်းအနီး စစ်ကောင်စီ အင်အားဖြည့်

သျှမ်းမြောက် လားရှိုးမြို့နယ် မိုင်းယော်ဒေသ မန့်ပန်ပြည်သူ့စစ်တပ်စခန်း အနီး စစ်ကောင်စီ မှ စစ်အင်အား (၁၀၀)ကျော် အင်အားလာဖြည့်ထားကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဇွန် ၂၆ရက် တွင် စစ်ကောင်စီ ၏ တပ်မ ၉၉ မှ စစ်အင်အား (၁၀၀)ကျော် သည် လားရှိုးမြို့နယ် မိုင်းယော်ဒေသ မြို့အဝင် ယခင် ရဲစခန်းဟောင်းနေရာတွင် လာရောက်နေရာယူထားကြောင်း မိုင်ယော်ဒေသခံ တစ်ဦး ကသျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဟုတ်ပါတယ် တပ်မ ၉၉ ကပါ၊ အင်အား တစ်ရာကျော်လောက်ရှိမယ်။ မန်ပန်ပြည်သူ့စစ်စခန်းအနီးမှာ နေရာယူထားတာပါ။ အဲ့တပ်က စာသင်ကျောင်းနဲ့ ရဲစခန်းဟောင်းထဲမှာ ချထားတယ်။ ပြည်သူ့စစ်ကလည်း သူတို့တပ်ထဲမှာပဲ နေတယ်၊ အင်အား ၄၀/၅၀လောက်တော့ ရှိတယ်” ဟု မိုင်းယော်မှ ပြည်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လွန်ခဲ့သည့် ဇွန် ၂၀ရက် တွင်လည်း ကချင်လွတ်လပ်ရေး တပ်မတော် (KIA)မှ မန်ပန်ပြည်သူ့စစ်ကို ယခုလက်ရှိ တပ်စခန်းချထားသည့် မိုင်းယော်ဒေသမှ (၂)ရက် အတွင်း အပြီး ပြောင်းရွှေ့ရန် ညွှန်ကြားထားသော်လည်း မန်ပန်ပြည်သူ့စစ်ဘက်မှ လက်မခံကြောင်း သိရသည်။

“ ကချင်တပ်မတော်က သူတို့ကို ပြောင်းဖို့ ပြောထားတယ်၊ နှစ်ရက်အတွင်း အပြီးပြောင်းဖို့၊ ဒါပေမယ့် ပြည်သူ့စစ်က လက်မခံဘူး၊ အဲ့ချိန်တုန်းက စစ်ဖြစ်မှာကို ကြောက်နေကြတာ၊ ခုဆိုရင် စစ်ကောင်စီကလည်း အင်အားဖြည့်တင်းပြီး ပြည်သူ့စစ်တပ်စခန်းအနီး နေရာလာချထားတာဆိုတော့ ကချင်တပ် လာတိုက်ဖို့က လွယ်ဦးမယ် မထင်ဘူး” ဟု မိုင်းယော်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

လားရှိုးမြို့နယ် မိုင်းယော်ဒေသတွင် တိုင်းရင်းသားလက်နက်ကိုင်များဖြစ်သည့် မန်ပန်ပြည်သူ့စစ်၊ စစ်ကောင်စီတပ်နှင့် မြောက်ပိုင်းမဟာမိတ်တပ်များ လှုပ်ရှားနေကြသည့်ဒေသဖြစ်သည်။

ပြီးခဲ့သည့် ဇွန် (၆)ရက် KIA က လားရှိုးမြို့ ရှိ အုပ်ချုပ်ရေးမှူးများကို CDM လုပ်ခိုင်းပြီး ကျေးရွာတံဆိပ်တုံးများကိုလည်း ၎င်းတို့ထံ သွားရောက်အပ်နှံစေခဲ့သည်။

သို့သော် ယခုချိန်ထိ တချို့ ကျေးရွာအုပ်ချုပ်ရေးမှူးများသည် CDM ပြုလုပ်ခြင်းမရှိ၊ တံဆိပ်တုံးများလည်း မအပ်နှံဘဲ ယခင်အတိုင်း ဆက်လက်နေထိုင်နေတာဖြစ်ကြောင်း မိုင်းယော်ဒေသခံတစ်ဦး ပြောပြချက်အရ သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

လားရှိုးမြို့နယ် နမ့်ပေါင်ဒေသ ရေကြီး လယ်ယာများ ပျက်စီး၊ နေအိမ်ရေနစ်မြှုပ်

0
သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ် နမ့်ပေါင်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ချောင်းရေမြင့်တက်ကာ လယ်ကွက်များ၊ လမ်းများနှင့် နေအိမ်အချို့အတွင်း ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဩဂုတ်လ ၃ ရက်) ညပိုင်းမှ ယနေ့ (ဩဂုတ်လ ၄ ရက်) နံနက်ပိုင်းအထိ နမ့်ပေါင်ဒေသတွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက်...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...