ဖယ်ခုံ

ဖယ်ခုံ ၊ မိုးဗြဲ စစ်ရှောင်ကူညီနေသည့် ထောက်ပို့များ အကြွေးတင်နေ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ စစ်ရှောင်များကို ကူညီပေးနေသည့် ထောက်ပို့များ အကြွေးတင်နေသဖြင့် စစ်ရှောင်များကိုကူညီရန် ကြပ်တည်းလာကြောင်း စုံစမ်းသိရသည်။ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ ၊ ကရင်နီပြည် ဒီမော့ဆို ဘက်တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး PDF တိုက်ပွဲဖြစ်ပွားရာမှ ပြည်သူများ ၁ နှစ်ကျော်...

ဖယ်ခုံ စစ်ကောင်စီ လက်နက်ရမ်းသမ်းပစ်ခတ် နာရေးအိမ်မှ အသက် (၇၀)ကျော် အမျိုးသားသေဆုံး

သျှမ်းတောင် ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီ တပ်သားများ လက်နက်ရမ်းသမ်းပစ်ခတ်မှုကြောင့် နာရေးပြုလုပ်သည့် နေအိမ်မှ အသက် (၇၀)ကျော် အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (သြဂုတ် ၅)ရက် ည ၉နာရီကျော်တွင် ဖယ်ခုံအင်းအရှေ့ဘက်ခြမ်းကို စစ်ကောင်စီက လက်နက်ရမ်းသမ်းပစ်ခတ် သဖြင့် နာရေးပြုလုပ်နေသည့် နေအိမ်မှ အသက် (၇၀)အရွယ်ရှိ အမျိုးသားတစ်ဦး...

တောနက်ထဲမှာ ခက်ခဲ စစ်ရှောင်နေရတဲ့သူများ

၂ ပေ လောက်ရှိ တောလမ်းကျဉ်းကျဉ်းလေးကို လူတစ်စုက အထုတ်တွေ ကိုယ်စီဆွဲကာ တောနက်ကြီးထဲသို့ ခက်ခက်ခဲခဲ လမ်းလျှောက်သွားနေပါတယ်။ ယခုလို မိုးရာသီဖြစ်တဲ့အလျောက် လမ်းတွေကလည်း ချော်ပြီး လူကလည်း ရွံ့တွေနဲ့လူး ၊ တောင်တက်တောင်ဆင်း ခက်ခဲစွာ သွားနေရပါတယ်။ အဲ့ဒီလူတွေဟာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ရှောင်ပြေးနေရတဲ့ စစ်ရှောင်စခန်းကို သွားနေကြရတာဖြစ်ပါတယ်။ စစ်ရှောင်စခန်းဟာ...

ဖယ်ခုံမြို့နယ် ရွှေပြည်အေးကျေးရွာ ဖမ်းဆီးခံရသည့် ဒေသခံတစ်ဦး အဆက်သွယ်မရသေး

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ရွှေပြည်အေးကျေးရွာသားတစ်ဦး စစ်ကောင်စီ ဖမ်းဆီးသွားပြီး (၂)လကျော် ကြာအထိ အဆက်အသွယ်မရသေးကြောင်း စုံစမ်းသိရှိရသည်။ ဖမ်းဆီးခံရသည့် ဦးဟန်ဝင်း အသက် (၃၈)နှစ်ကို ၂၀၂၂ ဖေဖော်ဝါရီ ၂၈ ရက်နေ့က စစ်ကောင်စီတို့ ကျေးရွာအတွင်း ဝင်ရောက်လာပြီး ပြည်သူ (၅)ဦးကို ဖမ်းဆီးထားပြီး (၄)ဦးကို လွှတ်ပေးကာ...

စစ်ကောင်စီဖျက်ဆီးလိုက်တဲ့ သူတို့သားအမိ အိမ်ပြန်လမ်းခရီး

“စစ်တပ်က အာဏာစစသိမ်းတုန်းကတော့ ဒီလိုပဲဆန္ဒပြကြရင်းနဲ့ ပြီးသွားမယ်လို့ပဲတွေးခဲ့မိတယ်။ ဒီလိုစစ်ဘေး ရှောင်စခန်းကို ရောက်လာရလိမ့်မယ်ဆိုပြီး မတွေးမိခဲ့ဘူး “ လို့   ဖယ်ခုံမြို့ စစ်ဘေးရှောင်စခန်းတစ်ခုမှာ ရောက်ရှိ နေတဲ့ နော်ထူးမြတ်က တိုးညှင်းသော အသံဖြင့် ပြောလာပါတယ်။ နော်ထူးမြတ် ဟာ ကလေး ၂ ယောက်ရဲ့  မိခင်တစ်ဦးဖြစ်ပြီး စစ်ကောင်စီ...

ဖယ်ခုံ စစ်ကောင်စီ ရမ်းသမ်းပစ်ခတ် အမျိုးသမီးတစ်ဦး ကျည်ထိမှန်

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့တွင် အာဏာသိမ်းစစ်ကောင်စီ မှ လက်နက်ကြီးလက်နက်ငယ်တို့ဖြင့် ရမ်းသမ်း ပစ်ခတ်မှုကြောင့် အမျိုးသမီး တစ်ဦး ကျည်ထိမှန်ခဲ့ပြီး၊ နေအိမ်များ ပျက်စီးခဲ့ကြောင်း သတင်းရှရိသည်။ ယနေ့ (စက်တင်ဘာ ၂၇)ရက်မနက်ပိုင်းတွင် စစ်ကောင်စီမှလက်နက်ကြီး၊ လက်နက်ငယ်ဖြင့် ရမ်းသမ်းပစ်ခတ်သဖြင့် အမျိုးသမီးတစ်ဦး ကျည်ထိမှန်ခဲ့ပြီး၊ နေအိမ်များလည်း လက်နက်ကြီး ထိမှန်ပျက်စီးခဲ့ကြောင်း ဖယ်ခုံ...

ဖယ်ခုံအင်းအစပ် ပြည်သူများနေအိမ် PNO /PNA တပ် စခန်းလာချ

သျှမ်းပြည် တောင်ပိုင်း သျှမ်းပြည် - ကယား နယ်စပ်ရှိ နန်းတုတ်ကျေးရွာတွင် PNA/ PNO တပ်သားများက ကျေးရွာတွင်း နေအိမ်များအတွင်း လာရောက် စခန်းချသည့်အတွက် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ သျှမ်းပြည်တောင်ပိုင်းရှိ အထူးဒေသ (၆) နယ်မြေ လုံခြုံရေး အတွက်ဆိုသည့် အကြောင်းပြချက်ဖြင့် PNA/PNO...

Latest news