ဖယ်ခုံ စစ်ကောင်စီ လက်နက်ရမ်းသမ်းပစ်ခတ် နာရေးအိမ်မှ အသက် (၇၀)ကျော် အမျိုးသားသေဆုံး

သျှမ်းတောင် ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီ တပ်သားများ လက်နက်ရမ်းသမ်းပစ်ခတ်မှုကြောင့် နာရေးပြုလုပ်သည့် နေအိမ်မှ အသက် (၇၀)ကျော် အမျိုးသားတစ်ဦးသေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။

ဖယ်ခုံ မှ ကျည်ထိမှန်သေဆုံးသွားသည့် အမျိုးသား

ယမန်နေ့ (သြဂုတ် ၅)ရက် ည ၉နာရီကျော်တွင် ဖယ်ခုံအင်းအရှေ့ဘက်ခြမ်းကို စစ်ကောင်စီက လက်နက်ရမ်းသမ်းပစ်ခတ် သဖြင့် နာရေးပြုလုပ်နေသည့် နေအိမ်မှ အသက် (၇၀)အရွယ်ရှိ အမျိုးသားတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့ကြောင်း ဖယ်ခုံဒေသခံ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ အဲ့နေရာက တိုက်ပွဲမရှိဘူး။ စစ်တပ်က တဖက်သတ်ပစ်တာ။ ဖြစ်ချင်တော့ နာရေးအိမ်က အဘိုးအိုကို လက်နက်ကြီးစထိပြီးပွဲချင်းပြီး သေသွားတယ်။ နေ့လည်ပိုင်းက သူ့ရဲ့ အမျိုးသမီးက လူကြီးရောဂါနဲ့ဆုံးသွားတယ်။ တရက်တည်း ၂ယောက်လုံး နာရေးအတူတူ လုပ်လိုက်ရတယ်” ဟု ဖယ်ခုံဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

လက်နက်ကြီး ထိမှန်ပြီး သေဆုံးသွားသည့် အမျိုးသား၏ ဇနီးသည် ယမန်နေ့ ( သြဂုတ် ၅) ရက် နေ့လည်ပိုင်း တွင်လူကြီးရောဂါဖြင့် ဆုံးပါးခဲ့ကြောင်း ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း(၂) က ထုတ်ပြန်ထားသည်။

ကျည်ထိမှန်သေဆုံးသွားသည့်အမျိုးသား

ယမန်နေ့တွင် ဖယ်ခုံမြို့နယ်အတွင်း တိုက်ပွဲမရှိကြောင်း၊ စစ်ကောင်စီဘက်မှ ညချိန်တဖက်သတ် ပစ်ခတ်နေခြင်းဖြစ်ကြောင်း အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်း ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း(၂) က ထုတ်ပြန်ချက်တွင်ရေးသားထားသည်။

“ စစ်တပ်က ဒီလို ရမ်းသမ်းပစ်တဲ့အတွက် ဒေသခံတချို့ကတော့ တခြားနေရာ စစ်ရှောင်သွားတယ်။ တချို့ကျတော့ရွာ ထဲမှာရှိသေးတယ်။” ဟု ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း(၂) မှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

စစ်ကောင်စီတပ်မှ လူမဆန် လုပ်ရပ်များကို အချိန်မရွေး ပြုလုပ်‌နေသဖြင့် ပြည်သူများ လုံခြုံရေး အမြဲ သတိရှိကြရန် ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်၊ တပ်ရင်း (၂) က အသိပေးထားသည်။

ဖယ်ခုံမြို့နယ် ဇူလိုင်လ အတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲများကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅၀ ဦးကျော် သေဆုံးကြောင်း သျှမ်းတောင် အမှတ်(၁၀၀၈) တပ်ရင်းက သြဂုတ်လ ၂ ရက်က ထုတ်ပြန်ခဲ့သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ဖယ်ခုံမြို့နယ်အတွင်းရှိ နေအိမ်များကို စစ်တပ်က ထပ်မံမီးရှို့

0
သျှမ်း-ကရင်နီ(ကယား) နယ်စပ်ဖြစ်သည့် မိုးဗြဲနှင့် ဖယ်ခုံဘက်တွင် စစ်တပ်နှင့် တော်လှန်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်တပ်က ကျန်ရှိသည့် နေအိမ်များကို ထပ်မံမီးရှို့ခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် “၁၁၁၁”စစ်ဆင်ရေးတွင် စစ်တပ်က မိုးဗြဲနှင့် ဖယ်ခုံမြို့နယ် ကျေးရွာအများစုကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အပြင်...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

မိုးဗြဲ-ဖယ်ခုံဘက် စစ်တပ် ဒရုန်း၊ လက်နက်ကြီးပစ်၊ ဒေသခံများထပ်မံ စစ်ရှောင်ရ

0
သျှမ်း-ကရင်နီ (ကယား)ပြည် နယ်စပ် မိုးဗြဲ၊ဖယ်ခုံဘက်တွင် စစ်ကော်မရှင်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် နေ့စဉ်နီးပါး တိုက်ခိုက်နေသဖြင့် ဒေသခံများ ထပ်မံ စစ်ဘေးရှောင်နေရကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဇူလိုင်လ တတိယပတ်မှစပြီး မိုးဗြဲ အနောက်ဘက်ခြမ်းကို စစ်ကော်မရှင်တပ်က လက်နက်ကြီး၊ ဒရုန်းအသုံးပြု နေ့စဉ်တိုက်ခိုက်နေသဖြင့် လုပ်လက်စ စိုက်ခင်းများကို ချန်လှပ်ထားပြီး...

“တံလျှပ်” ဖြစ်နေသော အာဏာသိမ်းစစ်တပ်၏ ထင်ယောင်ထင်မှား အရှိန်အဟုန် သို့မဟုတ်စစ်တပ်၏ အထင်မှား “အောင်ပွဲများ”

0
မြန်မာစစ်တပ်သည် ဖလမ်း၊ လားရှိုး၊ မြဝတီ၊ ကျောက်မဲနှင့် တကောင်း ကဲ့သို့သော အဓိကဗဟိုချက်များအပါအဝင် အနည်းဆုံး မဟာဗျူဟာမြောက်နယ်မြေ ၂၀ ကို ပြန်လည်ထိန်းချုပ်နိုင်ခဲ့ကြောင်း ဇွန်လနှောင်းပိုင်းတွင် သံလွင်တိုင်းမ် (ThanLwin Times) သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဘားမားနယူးစ်အင်တာနေရှင်နယ် (BNI) နှင့် မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (MPM)...

ဖယ်ခုံမြို့နယ် တိုက်ပွဲပြန်ပြင်းထန်နိုင် ဒေသခံ နှင့် စစ်ရှောင်များ သတိထားရန်လိုအပ်

0
သျှမ်းပြည် တောင်ပိုင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီတပ် နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား မကြာမီ တိုက်ပွဲများ ပြန်လည်ပြင်းထန်ဖြစ်ပွားလာနိုင်သဖြင့် ဒေသခံများနှင့် စစ်ဘေးရှောင်ပြည်သူများ သတိထားနေထိုင်ရန် လိုအပ်ကြောင်း သတင်းရရှိသည်။ လက်ရှိတွင် ဖယ်ခုံမြို့နယ် တောင်စလုံးနှင့် မြောက်စလုံးကျေးရွာအနီး၌ စစ်ကောင်စီတပ်များ တပ်အထိုင်ချထားပြီး ဘုန်းကြီးကျောင်းများတွင်လည်း လှုပ်ရှားမှုများ ရှိနေကြောင်း၊ စစ်ရေးအခြေအနေ တင်းမာနေသဖြင့်...