ဖယ်ခုံ ၊ မိုးဗြဲ စစ်ရှောင်ကူညီနေသည့် ထောက်ပို့များ အကြွေးတင်နေ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ စစ်ရှောင်များကို ကူညီပေးနေသည့် ထောက်ပို့များ အကြွေးတင်နေသဖြင့် စစ်ရှောင်များကိုကူညီရန် ကြပ်တည်းလာကြောင်း စုံစမ်းသိရသည်။

ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့ ၊ ကရင်နီပြည် ဒီမော့ဆို ဘက်တွင် စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေး PDF တိုက်ပွဲဖြစ်ပွားရာမှ ပြည်သူများ ၁ နှစ်ကျော် နီးပါးစစ်ဘေးရှောင်နေကြရသည်။

လက်ရှိ ကုန်ဈေးနှုန်းမြင့်တက်မှု နှင့် မြန်မာငွေဈေးနှုန်းကျဆင်းမှုကြောင့် ထောက်ပို့များအနေဖြင့် စစ်ဘေးရှောင်များကို ဆက်လက်ကူညီနိုင်ရန်အတွက် ခက်ခဲနေကြောင်း မိုးဗြဲမြို့ စစ်ဘေးရှောင်များကို ကူညီပေးနေသည့် Mobye Rescue Team မှ တာဝန်ရှိသူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

photo JFK page 3

“ခက်ခဲတာတော့ အကုန်ခက်ခဲတာပေါ့။ အခုကတော့ စစ်ရှောင်တွေကို ကူညီပေးဖို့ ပိုခက်ခဲလာတာပေါ့။ အလှူရှင်တွေကလည်း သိပ်မရှိတော့ဘူး။ အရင်က အများလှူတဲ့ အလှူရှင်တွေလည်း အခုက နည်းနည်းပဲ ကူညီနိုင်တော့တယ်။ ၆ သိန်းလောက်လှူနိုင်တဲ့သူက အခုဆို ၂ သိန်းလောက်ပဲ လှူနိုင်တော့တယ်” ဟု ၎င်းက ပြောသည်။

မိုးဗြဲမြို့ဘက်သို့ရောက်နေသည့် စစ်ရှောင်များသည် မိုးဗြဲမြို့ ကျေးရွာအတွင်းကသူ ဖြစ်ပြီး ကရင်နီပြည် (လွိုင်ကော်) ဒီမော့ဆိုက စစ်ဘေးရှောင်လည်း ရောက်ရှိနေကြောင်း သိရသည်။

မိုးဗြဲမြို့ဘက်တွင် စစ်ဘေးရှောင် ၁၂၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။

လက်ရှိစစ်ဘေးရှောင်များကို စားဝတ်နေရေးအတွက် ကူညီပေးနိုင်သေးသော်လည်း ရေရှည်အတွက် ခက်ခဲလာနိုင်ကြောင်း ထောက်ပို့များက ဆိုကြသည်။

အလားတူ လွိုင်ကော်မြို့နယ် ဒီမော့ဆို အနောက်ဘက်တွင် ရောက်ရှိနေသည့် စစ်ရှောင်များကို ကူညီပေးရန်အတွက် ထောက်ပို့များက ဆန်အိတ်ကို အကြွေးတင် ဝယ်ယူပေးနေရကြောင်း သတင်းရရှိသည်။

photo JFK page 3

“ အခုကျနော်တို့တော့ ထောက်ပံ့ငွေ၊ အလှူရှင်တွေလိုနေပါတယ်။ စစ်ရှောင်တွေက ရိက္ခာပြတ်နေပြီ။ ဆန်အိတ် ၂၀၀ လောက်ကို အကြွေးတင်ပြီး ယူလာလိုက်ပြီ ။ ဆန်ဖိုးနဲ့တင် အကြွေးက အရမ်းများနေပြီး။ သိန်း ၁၀၀ နီးပါးရှိနေပြီ” ဟု ဒီမော့ဆို စစ်ဘေးရှောင်ကူညီပေးနေသည့် သူက ပြောသည်။

လက်ရှိမှာ ဆန်ဈေး တစ်အိတ်ကို ၄ သောင်းခွဲအထိ ဈေးမြင့်တက်နေကြောင်း သိရသည်။

ဒီမော့ဆိုဘက်တွင် စစ်ဘေးရှောင် ၉ ထောင် မှ ၁ သိန်းကြားရှိပြီး စစ်ဘေးရှောင်များသည် နေရပ်ကို မပြန်နိုင်သေးကာ တစ်ချို့ကျေးရွာများတွင် စစ်ကောင်စီက တပ်ဆွဲနေထိုင်ထားကြောင်း သိရသည်။

ယခုလ (ဩဂုတ် ၂၄) ရက် ဖယ်ခုံမြို့နယ် လွယ်ပေါကျေးရွာ ဒေသခံများ နေရပ်ပြန်သွားရာမှာ စစ်ကောင်စီ ကျေးရွာထဲသို့ တစ်ဖက်သတ်ပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦး လက်နက်ထိမှန်ပြီး ပြန်လည်ထွက်ပြေးလာရကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ဆောင်းပြောင်း နေရပ်ပြန် ဒေသခံများ မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေး ပြန်မလုပ်နိုင်သေး

0
သျှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ် ဆောင်းပြောင်းကျေးရွာသို့ နေရပ်ပြန် ဒေသခံများသည့် မြေမြှုပ်မိုင်းများကြောင့် စိုက်ပျိုးရေးလုပ်ငန်း ပြန်မလုပ်နိုင်သေးကြောင်း စုံစမ်းသိရသည်။ ဆောင်းပြောင်းကျေးရွာသည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း စစ်ကော်မရှင်တပ်၊ ပအိုဝ်းပြည်သူ့စစ် (PNO) နှင့် ကရင်နီတော်လှန်ရေး တပ်ပေါင်းစုတို့ တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။ သို့သော် ၂၀၂၅...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...