ဖယ်ခုံ PDF ကျည်ဆံလိုအပ်ချက်ကြောင့် တိုက်စစ်ထက် ခံစစ်တာ လုပ်နေရ

စစ်တပ်အာဏာသိမ်းပြီး တစ်နှစ်ကျော် ကာလမှာ ဖယ်ခုံမြို့နယ်ထဲက တိုက်ပွဲဖြစ်ပွားမှု အခြေနေ နဲ့ လက်ရှိ ဖယ်ခုံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေရဲ့ အခြေအနေ နဲ့ အခက်အခဲတွေကို သျှမ်းသံတော်ဆင့် သတင်းထောက် စိုင်းဆိုင်လျန် က ဖယ်ခုံ PDF တပ်ဖွဲ့မှ ရဲဘော် လောက်ပန် နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ စစ်ကောင်စီ အာဏာသိမ်းပြီး နောက်ပိုင်းမှာ ဖယ်ခုံမြို့နယ်အတွင်းက ဘယ်အချိန်က စပြီးတော့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တာလဲ။

ဖြေ။ ။ ကျနော်တို့ ဖယ်ခုံကတော့ သပိတ်တွေ လုပ်ကတည်းကပါပဲ။ သပိတ်အပြီးမှာ ကျနော်တို့ ၆ လပိုင်း ဝန်းကျင်မှာ စနိုင်သလောက် နဲ့ စပြီးတော့ မိုင်းတွေ လုပ်ပြီးတော့ တိုက်ခိုက်ခဲ့တယ်။ ၅ လပိုင်း ၊ ၆ လပိုင်း လောက်မှ ကျနော်တို့ ရှိတဲ့တူမီးတွေ နဲ့ စပြီးတော့ တိုက်ခိုက်ခဲ့တာပေါ့နော်။ လမ်းတစ်ဝက်မှာ စောင့်ပြီး ပစ်တာမျိုးလည်း ရှိခဲ့တယ်။

မေး။ ။ တိုက်ပွဲဖြစ်ခဲ့တဲ့ ကာလတစ်လျှောက်လုံးမှာ စစ်ကောင်စီဘက်ကနေ ဖယ်ခုံမြို့နယ်ထဲကို လေယာဉ် နဲ့ ဘယ်လောက် ထိုးစစ်ဆင်ခဲ့ပါသလဲ။

ဖြေ။ ။ ကျနော်တို့ ဖယ်ခုံမြို့နယ်ထဲတော့ ၂ ကြိမ်လောက်ပဲ ရှိဖူးသေးတယ်။ အများက ဒီ မိုးဗြဲမြို့ဘက်ကို လေယာဉ်တွေနဲ့ ထိုးစစ်ဆင်တာက များတယ်။ မိုးဗြဲက ဝါရီးဆူပလိုင် တိုက်ပွဲကနေ အခုထိ တောက်လျှောက် လေယာဉ်သုံးလာတာ တွေ့ရတယ်။

မေး။ ။ လက်ရှိ ဖယ်ခုံမြို့နယ်ထဲက တိုက်ပွဲငြိမ်နေတာ ဘယ်လောက်ကြာ သွားပြီလဲ။

ဖြေ။ ။ အခုလက်ရှိ အရင်တစ်လ ၈ ရက်နေ့ကနေ ၁၁ ရက်နေ့ထိတော့ တိုက်ပွဲအကြီးကျယ်ဖြစ်ခဲ့တယ်။ အဲ့ချိန်လည်း ကျနော်တို့ အောင်မြင်မှု အများရခဲ့တယ်။ အခု ဒီတစ်လမှာတော့ ဖယ်ခုံမှာ ပစ်ခတ်မှုမျိုး မရှိသေးဘူး။ တိုက်ပွဲငြိမ်နေတယ်လို့ ပြောလို့ရမှာပေါ့။ ဒါမယ့် အခု ဖယ်ခုံဘက်ကို လက်နက်ကြီးတွေ လျှောက်ထုနေတယ်။ အရှေ့ဘက်ကမ်းလည်း စစ်ကြောင်းထိုးဖို့ ပြင်နေတယ်ဆိုတာတော့ သတင်းတွေ ကြားနေရတယ်။

မေး။ ။ စစ်ကောင်စီက ဘယ်လိုနေရာတွေမှာ လက်နက်ကြီးတွေ ရမ်းသမ်း ပစ်ခတ်ပါသလဲ။

ဖြေ။ ။ လက်နက်ကြီးတွေ ပစ်လာတာတွေရှိတယ်။ ဖယ်ခုံမြို့ထဲမှာ ကျနော်တို့ တစ်ခုခု ဝင်ပစ်လိုက်ပြီဆိုရင် စစ်ကောင်စီတွေက ကျနော်တို့ ရှိတဲ့ နေရာကို ဝင်မပစ်ဘူး။ သူတို့ ဘယ်တော့မှ မပစ်ဘူး။ သူတို့ ပစ်မှတ်ထားတာက ဒီ ဖယ်ခုံမြို့ ကက်သလစ် ဘုရားကျောင်းကြီးကို ပစ်ထားတယ်။ ပြီးတော့ မြို့ရဲ့ အပြင်မှာ ရွာငယ်လေးတွေ ရှိတယ်။ သူတို့ အဲ့နားတွေကို ပစ်မှတ်ထားပြီး ပစ်တယ်။ တိုက်ပွဲဖြစ်တဲ့ နေရာတွေကို သူတို့မပစ်ဘူး။ ပြည်သူတွေကို လိုက်ခြိမ်းခြောက်နေတာမျိုး ပစ်တာ။ သူတို့ လက်နက်ကြီးပစ်တာ အင်းထဲကျသွားတယ်။

ဖယ်ခုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

မေး။ ။ စစ်ကောင်စီက ဘာကြောင့် လက်နက်ကြီးတွေကို ရမ်းသမ်းပစ်နေတာလဲလို့ ထင်ပါသလဲ။

ဖြေ။ ။ အဲ့တာကတော့ သူတို့ရဲ ခြိမ်းခြောက်မှု ၊ သူတို့ရဲ့ ဗျူဟာ တစ်ခုဖြစ်တယ်လို့ပဲ ထင်ပါတယ်။ တစ်ခုခုဆို ခြိမ်းခြောက်တာမျိုးတွေ ရွာထဲကို လက်နက်ကြီး ပစ်တာမျိုးတွေလုပ်တယ်။ ပြီးတော့ ပြည်သူတွေကိုလည်း ဒိုင်းကာအဖြစ် သုံးတာမျိုးပေါ့။ ညအချိန်ဆိုလည်း ရွာတွေထဲကို လက်နက်ကြီးတွေ ပစ်ဝင်တာတွေလည်း ရှိတယ်။

မေး။ ။ စစ်ကောင်စီ ဘက်ကနေပြီးတော့ တစ်ဖတ်သတ် ပစ်လာတဲ့အချိန်မှာ PDF အနေနဲ့ကော ဘယ်လို တုံ့ပြန်မှုရှိပါသလဲ။

ဖြေ။ ။ တုံ့ပြန်မှု မရှိပါဘူး။ တိုက်ပွဲ ဖြစ်မှုမရှိပဲ သူတို့တွေက ဒီလိုမျိုး တစ်ဖက်သတ် လက်နက်ကြီးတွေ ပစ်ခတ်လာခဲ့ရင်တော့ ကျနော်တို့ ဘက်ကနေ တုံ့ပြန်မှု မရှိပါဘူး။ ဒီတိုင်းပဲနေပါတယ်။

မေး။ ။ ဘာကြောင့်မလို့ တုံ့ပြန်မှု မရှိတာလဲ။

ဖြေ။ ။ သူတို့ တပ်ထဲကို ကျနော်တို့ လက်နက်ကြီး ပြန်ပစ်ဝင်ဖို့ဆိုတာက ကျနော်တို့မှာ လက်နက်ကြီး မရှိဘူးလို့ ပြောလို့ရတယ်။ ကျနော်တို့ နေတဲ့နေရာ နဲ့ ဖယ်ခုံမြို့ နဲ့ ကလည်း တော်တော် အလှမ်းဝေးတယ်။ တကယ်လို့ ကျနော်တို့ ပစ်လိုက်လို့ တစ်ခုခုထိမယ်၊ သူတို့တပ်ထဲမှာ ကျသွားပြီဆိုရင်တော့ သေချာတယ် သူတို့တပ် နဲ့ နီးတဲ့ ရွာတွေ ရပ်ကွက်တွေထဲကို သူတို့ လက်နက်ကြီးတွေ ပြန်ပစ်ဝင်မှာပေါ့နော်။ သူတို့ လုပ်နေကျဆိုတော့ ကျနော်တို့ ဖယ်ခုံဘက်တော့ တိုက်ပွဲဖြစ်ဖို့က တော်တော် ခက်ခဲပါတယ်။ ကျနော်တို့ဘက်ကနေပဲ အလျော့ပေးထား ရတယ်။

မေး။ ။ စစ်တပ်က အာဏာသိမ်းပြီးနောက်ကနေ တိုက်ပွဲတွေကြားမှာ ဖယ်ခုံမြို့နယ်အတွင်း လှုပ်ရှားတဲ့ PDF စုစုပေါင်း ဘယ်နှယောက်ကျဆုံးသွားပြီးလဲ။ ထိခိုက်မှုကော ဘယ်လောက်ရှိနေပြီလဲ။

ဖြေ။ ။ ဖယ်ခုံမြို့နယ်ထဲမှာက တိုက်ပွဲကာလတစ်လျှောက် ကျနော် သိထားရသလောက်ဆိုရင် ကျဆုံးမှုက ၂၀ ကျော် လောက်ရှိပြီး ထိခိုက် ဒဏ်ရာရတဲ့သူတွေက ၅၀ ကျော် လောက်ရှိပါတယ်။ အများစုတော့ KNDF ကျဆုံးတာများပါတယ်။

မေး။ ။ ဘာကြောင့်မလို့ ဖယ်ခုံတိုက်ပွဲမှာက ကျဆုံးမှုများတာလဲ။

ဖြေ။ ။ ဖယ်ခုံမှာက ရဲဘော်တွေရဲ့ တည်နေရာ ၊ ကာဗာယူတဲ့ နေရာက အဆင်မပြေဘူး။ မိုးဗြဲလောက် တည်နေရာ ကာဗာယူလို့ရတဲ့ နေရာမရှိဘူး။ မိုးဗြဲမှာက အိမ်တွေရှိတယ်။ တောင်တွေလည်းများတယ်။ မြောင်းတွေရှိတယ်။ ဖယ်ခုံမှာက တောင်တစ်လုံးပဲ ရှိတယ်။ ဘေးပတ်ပတ်လည် လည်း တောင်မရှိဘူး။ မြေပြန့်လို သွားရသေးတယ်။ လက်နက်ကြီး ပစ်လာပြီဆိုရင် ကျနော်တို့ ခိုလှုံဖို့ နေရာက မရှိဘူး။ အဲ့ကြောင့် ဒီဘက်က တိုက်ပွဲဖြစ်ပွားဖို့က ခက်ခဲပါတယ်။

မေး။ ။ အခုတလော အလှူတွေက ဘယ်သူတွေနား အများစု ရပါသလဲ။

ဖြေ။ ။ အဓိကတော့ အလှူရှင်တွေကတော့ ပြည်သူတွေပဲပေါ့။ ကိုယ့်တပ်ရင်း နဲ့ ကိုယ့် အလှူငွေတွေ ရှာကြတာပေါ့နော်။ NUG နဲ့ ချိတ်ဆက်ပြီး လုပ်တာမျိုး တော့မရှိဘူး။ ကိုယ့်အသိ ကိုယ့်မိတ်ဆွေတွေနဲ့ ချိတ်ဆက်တယ်။ ရလာတဲ့ အလှူငွေတွေကို ကျနော်တို့ လက်နက် ကျည်ဆံတွေ ဝယ်တယ်။

မေး။ ။ တစ်ခြား ဒေသတွေမှာဆိုရင် PDF တပ်ဖွဲ့ကနေပြီးတော့ ဒလန်ဆိုပြီး သတ်ဖြတ်နေတာ တွေ့ရတယ်။ ဒီလိုမျိုး စစ်ကောင်စီဘက်ပါတဲ့ ပြည်သူတွေကို ဒလန်ဆိုပြီး သတ်ဖြတ်နေတဲ့အပေါ်မှာကော အကိုတို့ PDF တို့အနေနဲ့ ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ ဒလန်ကို ကျနော်တို့ ဘက်မှာ မိခဲ့ရင်တော့ ဖမ်းထားတယ်။ သက်ဆိုင်ရာကို ကျနော်တို့ အပ်တယ်။ စစ်ဆေးမေးမြန်းတယ်။ ဒလန် မဟုတ်ပဲနဲတော့ ကျနော်တို့က ဖမ်းလေ့ဖမ်းထ မရှိဘူး။ ကျနော်တို့က သတင်း အတိအကျ ရလာရင် သူ့ကို ဖမ်းတယ်။ ခေါ်တယ်။ ပြီးမှ သူရှိတဲ့ အိမ်ကို မိုင်းတွေနဲ့ ခွဲတယ်။ အဲ့လိုမျိုးပဲ ကျနော်တို့လုပ်လာတာ။ တစ်ချို့ PDF တွေက လူပစ်မှားတယ်။ ဖမ်းတယ်ဆိုတာမျိုးတော့ ကျနော်တို့လည်း မကြားမိသေးဘူး။

မေး။ ။ ဖယ်ခုံမြို့နယ်ထဲမှာ တိုက်ပွဲတွေ ငြိမ်နေပြီဆိုတော့ စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေ ပြန်လာတာကော ရှိပါသလား။

ဖြေ။ ။ ဖယ်ခုံဘက်မှာတော့ တော်တော်များများ ပြန်လာတာရှိပါတယ်။ အရှေ့ဘက်ကမ်းတော့ ပြန်လာလို့ မရသေးဘူး။ အဲ့နားမှာက စစ်ကောင်စီက တပ်စွဲထားတယ်။ ပြီးတော့ တစ်ချို့ ကျေးရွာကလည်း မီးရှို့ခံထားလိုက် ရတယ်။ မြို့ထဲကတော့ ပြန်လာကြတယ်။ အရှေ့ဘက်ကမ်းက လူတွေတော့ အနောက်ကမ်းမှာ သွားနေတာတွေလည်း ရှိတယ်။ တော်တော်များများတော့ ပြန်လာနေကြပါတယ်။

မေး။ ။ စစ်ဘေးရှောင်တွေ ပြန်လာနေကြပြီဆိုတော့ သူတို့အတွက် လုံခြုံရေးအတွက်ကကော ဘယ်လိုမျိုး လုပ်ဆောင်ထားပါသလဲ။

ဖြေ။ ။ သူတို့ အသက် လုံခြုံရေးကတော့ တစ်ခုခု လုပ်ထားတာမျိုး၊ ပြင်ဆင်ထားတာမျိုးတော့ မရှိဘူး။ တစ်ချို့ ပြည်သူတွေက အရမ်းကို ရဲရင့်တယ်လို့ ပြောလို့ရတယ်။ တစ်ချို့က တိုက်ပွဲ အနီးနားဖြစ်တာ အိမ်မှာပဲ ပုန်းကြတယ်။ တိုက်ပွဲ ပြီးရင် လမ်းပေါ်ပြန်ထွက်တယ်။ ဆိုင်ပြန်ဖွင့်တယ်။ လက်နက်ကြီး ထိရင်လည်း ဒါသူတို့ရဲ့ ကံတရားလို့ပဲ ပြောလို့ရတာပေါ့။ သူတို့ ထိုက် သူတို့ကံလိုမျိုးပေါ့နော်။ ကျနော်တို့ကတော့ အသက် အာမခံကြေးတို့ အသက်အာမခံပေးတာမျိုးတော့ လုပ်တာမရှိဘူးပေါ့နော်။ မလုပ်ခဲ့ဖူးဘူး။ သူတို့ သဘောနဲ့ သူတို့ မြို့ကို ၊ သူတို့အိမ်ကို၊ သူတို့ ရွာကို ပြန်လာကြတာမျိုးပေါ့။

မေး။ ။ နောက်ဆုံးအနေ နဲ့ ဘာများ ဖြည့်စွက် ပြောချင်ပါသလဲ။

ဖြေ။ ။ အခုက ကျနော်တို့ တိုက်ပွဲတွေ မတိုက်နိုင်တော့ဘူး။ အခု ကျနော်တို့ တပ်ရင်းတိုင်းလိုလို ကြုံနေရတဲ့ အခက်ခဲက လက်နက်အင်အားပေါ့နော်။ ပံ့ပိုးမှုလည်း အရမ်းနည်းတယ်။ တော်လှန်ရေးကိုလည်း အရင်လို တိုက်စစ်တွေ မလုပ်နိုင်တော့ဘူး။ ခံစစ်အနေနဲ့ပဲ လုပ်နိုင်တော့တယ်။ သူတို့တက်လာရင် ကျနော်တို့ ပစ်မယ်။ သူတို့ရှိတဲ့ နေရာကို အရင်လို ကျနော်တို့ သွားပစ်တာတို့တော့ လုပ်လို့မရတော့ဘူး။ ဒါက တပ်ရင်းတိုင်းက ကြုံနေရတဲ့ အခက်အခဲပါ။ ပြီးတော့ ကျနော်တို့ အခုက ကျည်ဆံတွေကို အရမ်းလိုအပ်နေပါတယ်။ အခုက ရှိတာလေးနဲ့ပဲ ခံစစ်တွေလုပ်နေရတယ်ပေါ့နော်။

အခုလို အချိန်ပေး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျာ့။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်း စစ်ကော်မရှင် ပြန်ထိန်းချုပ်နိုင်ရန် စစ်ရေးပြင်းထန်နေ

0
သျှမ်းပြည် မိုးဗြဲ-ဖယ်ခုံ လမ်းပိုင်းတကြောကို စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်နိုင်ရန် အတွက် မြေပြင်ထိုးစစ်ဆင်မှု ပြင်းထန်နေကြောင်း သတင်းရရှိသည်။ လက်ရှိ မိုးဗြဲမြို့ နှင့် ဖယ်ခုံမြို့ကို စစ်ကော်မရှင်တပ်တို့က ပြန်လည်ထိန်းချုပ်ထားသော်လည်း အုပ်ချုပ်ရေး ယန္တရား လည်ပတ်နိုင်ခြင်း မရှိသည့်အပြင် မြို့အပြင်ရှိ ကျေးရွာအချို့နှင့် စစ်ရေးအရအရေးပါသည့် လမ်းပိုင်းကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့တို့က ထိန်းချုပ်ထားသည်။ ထို့ကြောင့်...

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...