Wednesday, January 28, 2026

ဖယ်ခုံမြို့နယ်

မိုးဗြဲမြို့ စစ်ဘေးရှောင် စခန်းထဲ စစ်ကောင်စီက ဝင်ရောက်စီးနင်း စစ်ရှောင် (၃) ဦး မီးရှို့သတ်ဖြတ်ခံရ

သျှမ်းပြည် တောင်ကြီးမြို့နယ် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အရှေ့ဘက်ကမ်း တောင်ပေါ်တွင် တည်ရှိထားသည့် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက ဝင်ရောက် စီးနင်းခဲ့ပြီး စစ်ရှောင် (၃) ဦး မီးရှို့သတ်ဖြတ်ခဲ့ကြောင်း ဖယ်ခုံ PDF တပ်ရင်း (၂) က ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့် မတ်လ ၁၂ ရက်နေ့က...

ပင်လောင်းမြို့နယ်အတွင်း တောင်စလုံးကျေးရွာ ဒေသခံများ နေရပ်ကိုမပြန်ရဲသေး

သျှမ်းပြည် တောင်ကြီးခရိုင် ပင်လောင်းမြို့နယ် တောင်စလုံးကျေးရွာ ၊ မြောက်စလုံးကျေးရွာ နှင့် တောင်မဲတင်းကျေးရွာ ဒေသခံများ နေရပ်မပြန်ရဲသေးကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၄ ရက်နေ့က စစ်ကောင်စီ နှင့် ဖယ်ခုံမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ကျေးရွာအတွင်း လက်နက်ကြီး...

မိုးဗြဲမြို့ စစ်ဘေးရှောင် စခန်းများ ရေခက်ခဲမှုကြောင့် ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွား

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့အတွင်း စစ်ဘေးရှောင် စခန်းများတွင် ရေများရှားပါးမှုကြောင့် ဝမ်းပျက်ဝမ်းလျှောများ ဖြစ်ပွားနေကြောင်း စုံစမ်းသိရှိရသည်။ ယခု နွေဦးကာလအတွင်းတွင် ရာသီဥတု ပြောင်းလဲမှု နှင့် ရေများရှားပါးမှုကြောင့် ဝမ်းလျှောမှုများ ဖြစ်ပွားနေကြောင်း သိရသည်။ “ အစတော့ ရာသီဥတုကြောင့်ဖြစ်တာ ထင်နေတာ။ ဒါမှမဟုတ် ကျနော်တို့ စစ်ဘေးရှောင်တွေ...

ဖယ်ခုံမြို့နယ် ဘာသာရေးကျောင်းများကို စစ်ကောင်စီက ပစ်ခတ်

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ် ၊ ရီလုံရီကန်ကျေးရွာအုပ်စု၊ ဝါရီခူကျေးရွာရှိ ကက်သလစ် ခရစ်ယာန် မယ်တော်ဂူကုန်းကို စစ်ကောင်စီက လေကြောင်းလိုင်းဖြင့် ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်နေ့ ည ၁၁ နာရီဝန်းကျင်တွင် စစ်ကောင်စီက ခရစ်ယာန် မယ်တော်ဂူကုန်းကို လေကြောင်းလိုင်းဖြင့် ပစ်ခတ်ခဲ့သည့်အတွက်ကြောင့်...

မိုးဗြဲမြို့ တိုက်ပွဲအတွင်း စစ်ကောင်စီ လက်နက်ကြီး မှားပစ်ရာမှ စစ်ကောင်စီ တပ်သား (၅) ဦးသေဆုံး

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ် မိုးဗြဲမြို့တွင် စစ်ကောင်စီ နှင့် မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် PDF တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီ လက်နက်ကြီးမှ နေရာမှားပစ်ခဲ့သည့်အတွက်ကြောင့် စစ်ကောင်စီ (၅) ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ယမန်နေ့ (ဖေဖော်ဝါရီ ၈) ရက် နံနက် ၉ နာရီမှ...

ဒလန်ဆိုပြီး အပြန်အလှန်သတ်ဖြတ်နေတာ တော်လှန်ရေးရဲ့ အဖြေလား

ကြိမ်ထိုင်ခုံပေါ်မှာ အိပ်နေတဲ့သူကို အမျိုးသား တစ်ယောက်ရှိတဲ့နေရာကို လက်ထဲမှာ ပစ္စတိုသေနတ်နဲ့ လူငယ်တယောက်က လမ်းလျှောက်ဝင်လာပြီး ပစ်သတ်ခဲ့တဲ့ ဗီဒီယိုတစ်ခု လူမှုကွန်ယက်ပေါ်မှာ ပြန့်ခဲ့ပါတယ်။ အဲ့ဗီဒီယိုဖိုင်ကို ရုတ်တရက် ကြားလိုက်တော့ အချင်းချင်း သဘောထားမတိုက်ဆိုင်၊ မကျေနပ်လို့ လာပစ်သတ်တာလို့ ထင်ရပေမဲ့ တကယ်တော့ ဒလန်ရှင်းလင်းရေး ခေါင်းစဉ်အောက်ကနေပြီးတော့ သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီသတ်ဖြတ်ခံရတဲ့...

ဖယ်ခုံမြို့နယ် စစ်ကောင်စီ လက်နက်ကြီး ရမ်းသမ်းပစ်ခတ် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် အနောက်ဘက်ကမ်း ဆိုင်ခွန်နားစရက် ကျေးရွာတွင် စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။ ယမန်နေ့( ဒီဇင်ဘာ ၁၄) ရက် နေ့လည် ၁၁ နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်တွင်း...

ဖယ်ခုံမြို့နယ် အပြစ်မဲ့ သန္ဓေယူသော မာရိယာပွဲကို အကျဉ်းချုပ်ပြုလုပ်

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ကက်သလစ်ခရစ်ယာန်ဘာသာဝင်များ ပြုလုပ်သည့် အပြစ်မဲ့ သန္ဓေယူသော မာရိယာပွဲတော်ကို ယနေ့ (ဒီဇင်ဘာ ၈) ရက် နံနက်ပိုင်း ၈ နာရီဝန်းကျင်တွင် အကျဉ်းချုပ်ဖြင့်သာ ပြုလုပ်ခဲ့ ကြောင်းသိရသည်။ ယခင် ကိုဗစ် - ၁၉ နှင့် အာဏာမသိမ်းခင်က အပြစ်မဲ့သန္ဓေယူသော မာရိယာပွဲတော်ကို...

သျှမ်း – ကယားနယ်စပ် စစ်ကောင်စီဘက်မှ လမ်းများ ပိတ်ပြီး စစ်ဆေးမှု ပြုလုပ်နေ

သျှမ်းပြည်တောင်ပိုင်းရှိ သျှမ်း - ကယားနယ်စပ် ဆောင်ကန်းလမ်းကို စစ်ကောင်စီတပ်ဖွဲ့မှ ပိတ်ပြီး လမ်းသွားလမ်းလာပြည်သူလူထုများကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သတင်းသိရသည်။ ယနေ့ ဒီဇင်ဘာလ ၆ ရက် နံနက်ပိုင်း အချိန်မှ စတင်ကာ ဖယ်ခုံမြို့နယ် ဆောင်ကန်းရွာရှိ လမ်းများကို စစ်ကောင်စီ တပ်ဖွဲ့မှ လမ်းများကို ပိတ်ပြီး...

ဖယ်ခုံမြို့နယ် တစ်လအတွင်း အရပ်သား ၆ ဦး လက်နက်ကြီးထိ၊ ၃ ဦး မြေမြှုပ်မိုင်းထိ

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ၊ မိုးဗြဲမြို့တွင် စစ်ကောင်စီ၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား (၆) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မိုးဗြဲမြို့တွင် ကလေးငယ် (၃) ဦး မြေမြှုပ်မိုင်းနင်းမိကြောင်း သတင်းရရှိသည်။ ထို နိုဝင်ဘာလ အတွင်း မိုးဗြဲမြို့တွင် ကလေးငယ် (၃) ဦး မြေမြှုပ်မိုင်းနင်းမိကာ...

Latest news