သျှမ်း – ကယားနယ်စပ် စစ်ကောင်စီဘက်မှ လမ်းများ ပိတ်ပြီး စစ်ဆေးမှု ပြုလုပ်နေ

သျှမ်းပြည်တောင်ပိုင်းရှိ သျှမ်း – ကယားနယ်စပ် ဆောင်ကန်းလမ်းကို စစ်ကောင်စီတပ်ဖွဲ့မှ ပိတ်ပြီး လမ်းသွားလမ်းလာပြည်သူလူထုများကို စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သတင်းသိရသည်။

သျှမ်း – ကယားနယ်စပ် ဆောင်ကန်းလမ်း

ယနေ့ ဒီဇင်ဘာလ ၆ ရက် နံနက်ပိုင်း အချိန်မှ စတင်ကာ ဖယ်ခုံမြို့နယ် ဆောင်ကန်းရွာရှိ လမ်းများကို စစ်ကောင်စီ တပ်ဖွဲ့မှ လမ်းများကို ပိတ်ပြီး စစ်ဆေးမှု ပြုလုပ်နေကြောင်း ဒေသခံအမျိုးသမီး တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ဆန်စက်အနီးက လမ်းပေါ်မှာ စောင့်ပြီးတော့ စစ်ဆေးမှုတွေ လုပ်နေတာပါ၊ ဘယ်ရွာကလဲ ဘယ်သွားမလဲ ဆိုပြီးမေးကြတယ်၊ ဈေးသွားဝယ်မလို့ ပြောရင်လည်း PDF တွေကို သိလား မြင်လား ဆိုပြီး ထပ်မေးတယ်” ဟု အသက် ၃၀ ဝန်းကျင် ဒေသခံ အမျိုးသမီးတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အာဏာသိမ်း စစ်ကောင်စီ တို့သည် လမ်းသွားလမ်းလာ ပြည်သူများကို PDF နှင့် ဆက်သွယ်မှု ရှိမရှိ မေးမြန်းသည့် အပြင် PDF သတင်းကြားမိပါက သတင်းပို့ပေးရန် ပြောဆိုကြောင်း အထက်ပါ အမျိုးသမီးက ဆက်ပြောသည်။

ယင်းကဲ့သို့ စစ်ဆေးမေးမြန်းမှုများရှိနေသဖြင့် သျှမ်းတောင် မိုးဗြဲမှ လွိုင်ကော်ဘက်သွားသည့် လမ်းကို အသွား အလာ ဆင်ခြင်သင့်ကြောင်း အထက်ပါ အမျိုးသားက ဆက်ပြောသည်။

“မိုးဗြဲ – လွိုင်ကော်လမ်းကို အသုံးပြုမယ်ဆိုရင် လမ်းကြောင်းကို သေချာ မေးမြန်းပြီးမှ သွားသင့်ပါတယ်၊ ဖုန်းတွေ အိတ်တွေကို သူတို့ စစ်တယ်လို့ကြုံရသူက ပြန်ပြောပြလို့ မပေါ့ဆသင့်ဘူးပေါ့၊ ဖြစ်နိုင်ရင်တော့ ဒီရက်ပိုင်း မသွားတာလဲကောင်းပါတယ်” ဟု ၎င်းက ပြောသည်။

သျှမ်းတောင် မိုးဗြဲ – လွိုင်ကော် လမ်းပိုင်း တစ်လျှောက်သည် ဒေသခံ ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့များ နှင့် စစ်ကောင်စီ တပ်ဖွဲ့တို့ ထိတွေ့ တိုက်ပွဲ မကြာခဏ ဖြစ်ပွားလေ့ရှိသည့်အတွက် ယခုလို စစ်ကောင်စီ တပ်သားများ စစ်ဆေးမှု ပြုလုပ်နေချိန် ထိတွေ့တိုက်ပွဲ ဖြစ်ပွားမည်ကို စိုးရိမ်ကြောင်းလည်း အသက် ၄၀ ဝန်းကျင် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ပြီးခဲ့တဲ့ လကပဲ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ဖူးတာ ဆိုတော့ ထပ်ဖြစ်မှာကို ကြောက်တာပေါ့၊ စစ်ကောင်စီဘက်ကလည်း လက်နက်ကြီးတွေ ရမ်းပစ်တာတွေ၊ မထင်ရင်မထင်သလို ပစ်သတ်နေကြတော့ လုံခြုံမှုက မရှိပါဘူး” ဟု ၎င်းက ပြောသည်။

လက်ရှိတွင် စစ်ကောင်စီ တပ်ဖွဲ့မှ မိုးဗြဲ – လွိုင်ကော် လမ်းမကြီး တလျှောက်ကို ထိန်းချုပ်ရန် ကြိုးစားနေပြီး အင်အားအများအပြားဖြင့် နေရာယူထားကြောင်းလည်း သတင်းသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလတွင်လည်း ဆောင်ကန်း စစ်ကောင်စီ နှင့် ဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် အရပ်သားပြည်သူ သုံးဦးသေဆုံးခဲ့သလို ရွာပေါင်း ၁၀ ရွာက ဒေသခံနှစ်သောင်း ကျော် စစ်ရှောင် ထွက်ပြေးခဲ့ရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...

တာချီလိတ် စုံ၊မ ရက် မောင်းနှင်မှု ချိုးဖောက်လျှင် ထောင်ဒဏ်တစ်လ နှင့် ငွေဒဏ်ချမှတ်မည်

0
သျှမ်းပြည် အ‌‌ရှေ့ပိုင်း တာချီလိတ်မြို့နယ်တွင် စက်သုံးဆီချွေတာရေးအတွက် စစ်ကော်မရှင် သတ်မှတ်ထားသည့် စုံ၊ မရက် မောင်းနှင်မှုချိုးဖောက်လျှင် ထောင်ဒဏ်တစ်လနှင့် ငွေဒဏ်ချမှတ်သွားမည်ဟု သတင်းရရှိသည်။ ယမန်နေ့ (မတ်လ ၉ ရက်) တာချီလိတ်မြို့နယ်တွင် စစ်ကော်မရှင်မှ စက်သုံးဆီချွေတာ‌ရေးအတွက် စုံ၊ မရက်ခွဲခြားပြီး မော်တော်ယာဉ် မောင်းနှင်သည့် စနစ်ကို ၎င်းလက်အောင်ခံတာဝန်ရှိ...

ရှုပ်ထွေးပွေလီ ကိစ္စများကြား တရုတ်အတွက် အိန္ဒိယ သမုဒ္ဒရာထွက်ပေါက်ပေးချင်တဲ့ စစ်ကောင်စီ

0
မြန်မာနိုင်ငံသည် တရုတ်အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ဖန်တီးပေးနိုင်သည့် နိုင်ငံဖြစ်ကြောင်း ယခုနှစ် ၂၀၂၆ တရုတ်နှစ်သစ်ကူးပွဲတော် အခမ်းအနားတွင် စစ်ကောင်စီ ဒုခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ထည့်သွင်း ပြောကြားခဲ့သည်။ စစ်ရေးပဋိပက္ခများ ပြင်းထန်ခဲ့သည့် သျှမ်းပြည်မြောက်ပိုင်းကို ဖြတ်သန်းသွားမည့် မူဆယ်-မန္တလေး ရထားလမ်းစီမံကိန်းနှင့် အခြားသော စီးပွားရေးစီမံကိန်းကြီးများကိုလည်း တရုတ်နိုင်ငံအတွက် အိန္ဒိယသမုဒ္ဒရာ...

မိုးဗြဲအနောက်ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး၊ စစ်ရှောင်များ သတိထားသွားလာရန် 

0
သျှမ်း - ကရင်နီ န​ယ်စပ် မိုးဗြဲမြို့အနောက်ဘက်ခြမ်းရှိ ကျေးရွာများကို စစ်ကောင်စီတပ် နှင့် ၎င်းလက်အောက်ခံ ပအိုဝ်းပြည်သူ့စစ် (PNO) တို့ အင်အားအလုံးအရင်းဖြင့်  စစ်ကြောင်းထိုးနေကြောင်း မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်က ယမန်နေ့ ( ဖေဖော်ဝါရီလ ၂၅ ရက်)တွင် ထုတ်ပြန်ထားသည်။  ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ အနောက်ဘက်ခြမ်းရှိ လွယ်ယင်းမင်္ဂလာကျေးရွာ နှင့် လာမောက်ရွာဖက်ကို  စစ်ကောင်စီတပ်နှင့် PNO စစ်ကြောင်းထိုးမှုများရှိနေကြောင်းကို စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက...