Saturday, April 20, 2024

ဖယ်ခုံမြို့နယ် အပြစ်မဲ့ သန္ဓေယူသော မာရိယာပွဲကို အကျဉ်းချုပ်ပြုလုပ်

Must read

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ကက်သလစ်ခရစ်ယာန်ဘာသာဝင်များ ပြုလုပ်သည့် အပြစ်မဲ့ သန္ဓေယူသော မာရိယာပွဲတော်ကို ယနေ့ (ဒီဇင်ဘာ ၈) ရက် နံနက်ပိုင်း ၈ နာရီဝန်းကျင်တွင် အကျဉ်းချုပ်ဖြင့်သာ ပြုလုပ်ခဲ့ ကြောင်းသိရသည်။

မာရိယာပွဲတော်

ယခင် ကိုဗစ် – ၁၉ နှင့် အာဏာမသိမ်းခင်က အပြစ်မဲ့သန္ဓေယူသော မာရိယာပွဲတော်ကို အကြီးအကျယ်ပြုလုပ်ခဲ့ပြီး ထိုပွဲကို မပြုလုပ်ခဲ့ရတာ ၃ နှစ်ရှိပြီး ယခုနှစ်မှ အကျဉ်းချုပ်ဖြင့် ဆုတောင်းပွဲကို ပြန်လည် ကျင်းပခဲ့ကြောင်း ဖယ်ခုံမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

“ ဒီလိုဆုတောင်းပွဲကို မလုပ်ခဲ့တာ ၃ နှစ်လောက်ရှိနေပြီ။ ဒီနှစ်မှပဲ ပြန်လုပ်တာ။ လူအနည်းကျဉ်းနဲ့ အကျဉ်းချုပ်လောက်ပဲ လုပ်လိုက်ရတာ။ ဟို အရင်နှစ်တွေဆိုရင် အနယ်နယ် အရပ်ရပ်ကလူတွေ လာကြတယ်။ ကျနော်တို့ ကက်သလစ်ခရစ်ယာန်ကိုးကွယ်တဲ့ ပွဲတော်တစ်ခုပဲပေါ့” ဟု ၎င်းက ပြောသည်။

အဆိုပါ အပြစ်မဲ့ သန္ဓေယူသော မာရိယာပွဲတော်ကို ပုံမှန်တွင် နိုဝင်ဘာ ၂၉ ရက်မှစတင်ကျင်းပလေ့ရှိရာ ယခုနှစ် ဒီဇင်ဘာ ၈ ရက် မနက်ပိုင်းတွင် ဆုတောင်းပွဲကိုသာ ကျင်းပခဲ့ရသည်။

ဖယ်ခုံမြို့နယ် အပြစ်မဲ့ သန္ဓေယူသော မာရိယာ ဆုတောင်းပွဲကို ကက်သလစ်ခရစ်ယာန်ဘာသာ ကိုးကွယ်သည့် ကယန်းလူမျိုးက နှစ်စဉ်ကျင်းပသည့် ပွဲဖြစ်သည်။

အပြစ်မဲ့သန္ဓေယူသော မာရိယာ မယ်တော်က သားတော်ကိုမွေးဖွားရန် အပြစ်ရင်းမပါဘဲ မွေးဖွားခြင်းကို ဆိုလိုကြောင်း သိရသည်။ ဘုရားသားတော်ကို မွေးဖွားရန်အတွက် မယ်တော်မာရိယာကို ထာဝရ ဘုရားသခင်က သူမအား အပြစ်ရင်းမှ ကင်းလွတ်စေဖို့ ပြင်ဆင်တော်မှုခဲ့တာဖြစ်သည်။

Leave a Comments

- Advertisement -spot_img

Latest article