ဖယ်ခုံမြို့နယ် အပြစ်မဲ့ သန္ဓေယူသော မာရိယာပွဲကို အကျဉ်းချုပ်ပြုလုပ်

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ကက်သလစ်ခရစ်ယာန်ဘာသာဝင်များ ပြုလုပ်သည့် အပြစ်မဲ့ သန္ဓေယူသော မာရိယာပွဲတော်ကို ယနေ့ (ဒီဇင်ဘာ ၈) ရက် နံနက်ပိုင်း ၈ နာရီဝန်းကျင်တွင် အကျဉ်းချုပ်ဖြင့်သာ ပြုလုပ်ခဲ့ ကြောင်းသိရသည်။

မာရိယာပွဲတော်

ယခင် ကိုဗစ် – ၁၉ နှင့် အာဏာမသိမ်းခင်က အပြစ်မဲ့သန္ဓေယူသော မာရိယာပွဲတော်ကို အကြီးအကျယ်ပြုလုပ်ခဲ့ပြီး ထိုပွဲကို မပြုလုပ်ခဲ့ရတာ ၃ နှစ်ရှိပြီး ယခုနှစ်မှ အကျဉ်းချုပ်ဖြင့် ဆုတောင်းပွဲကို ပြန်လည် ကျင်းပခဲ့ကြောင်း ဖယ်ခုံမြို့နယ် ဒေသခံတစ်ဦးက ပြောသည်။

“ ဒီလိုဆုတောင်းပွဲကို မလုပ်ခဲ့တာ ၃ နှစ်လောက်ရှိနေပြီ။ ဒီနှစ်မှပဲ ပြန်လုပ်တာ။ လူအနည်းကျဉ်းနဲ့ အကျဉ်းချုပ်လောက်ပဲ လုပ်လိုက်ရတာ။ ဟို အရင်နှစ်တွေဆိုရင် အနယ်နယ် အရပ်ရပ်ကလူတွေ လာကြတယ်။ ကျနော်တို့ ကက်သလစ်ခရစ်ယာန်ကိုးကွယ်တဲ့ ပွဲတော်တစ်ခုပဲပေါ့” ဟု ၎င်းက ပြောသည်။

အဆိုပါ အပြစ်မဲ့ သန္ဓေယူသော မာရိယာပွဲတော်ကို ပုံမှန်တွင် နိုဝင်ဘာ ၂၉ ရက်မှစတင်ကျင်းပလေ့ရှိရာ ယခုနှစ် ဒီဇင်ဘာ ၈ ရက် မနက်ပိုင်းတွင် ဆုတောင်းပွဲကိုသာ ကျင်းပခဲ့ရသည်။

ဖယ်ခုံမြို့နယ် အပြစ်မဲ့ သန္ဓေယူသော မာရိယာ ဆုတောင်းပွဲကို ကက်သလစ်ခရစ်ယာန်ဘာသာ ကိုးကွယ်သည့် ကယန်းလူမျိုးက နှစ်စဉ်ကျင်းပသည့် ပွဲဖြစ်သည်။

အပြစ်မဲ့သန္ဓေယူသော မာရိယာ မယ်တော်က သားတော်ကိုမွေးဖွားရန် အပြစ်ရင်းမပါဘဲ မွေးဖွားခြင်းကို ဆိုလိုကြောင်း သိရသည်။ ဘုရားသားတော်ကို မွေးဖွားရန်အတွက် မယ်တော်မာရိယာကို ထာဝရ ဘုရားသခင်က သူမအား အပြစ်ရင်းမှ ကင်းလွတ်စေဖို့ ပြင်ဆင်တော်မှုခဲ့တာဖြစ်သည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသည့် ရွာငံဒေသခံ ၃ ဦး နှစ်ပတ်ကျော်ကြာသည်အထိ ပြန်မလွှတ်သေး

0
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် မြောက်ဘက်ကျေးရွာများတွင် စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားသည့် ရွာငံဒေသခံ (၃)ဦး နှစ်ပတ်ကြာသည်အထိ ပြန်မလွှတ်သေးကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ဒုတိယပတ်တွင် ရွာငံမြို့နယ် ကျောက်ငှက်ကျေးရွာအုပ်စုမှ ဒေသခံ (၃)ဦးသည် ဆွေမျိုးအိမ်သို့ အလည်သွားရာမှ အပြန် စစ်ကော်မရှင်တပ်က ဖမ်းဆီးသွားခဲ့ပြီး ယနေ့ မတ်လ (၂၇)ရက်အထိ...

အသက်(၁၈)နှစ်ပြည့်ပြီး မှတ်ပုံတင် မလဲလှယ်သူများ စစ်တပ်ဂိတ်တွင် ဆွဲချငွေတောင်း

0
သျှမ်းပြည်တောင်ကြီးမြို့နယ် အေးသာယာမြို့မှ စစ်ကော်ရှင်တပ်ဂိတ်တွင် ခရီးသည်များထဲ အသက် (၁၈)နှစ်ပြည့် ပြီးသူများ မှတ်ပုံတင် မလဲလှယ်ထားလျှင် ကားပေါ်မှ ဆွဲချကာ ငွေတောင်းခံနေကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် မတ်လ ပထမပတ်မှစပြီး အေးသာယာမြို့ စစ်ကော်မရှင်ဂိတ်တွင် လိုင်းကား၊ အိမ်စီးကားများ ပေါ်မှ ခရီးသည်များ၏ မှတ်ပုံတင်များကို စစ်ဆေးနေပြီး အသက်(၁၈)နှစ်ပြည့်ပြီး...

မိုးမိတ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်ရောင်းချ၊ ခရီးသည်တင်ကားများ စစ်တပ်ထံ စာရင်းပေးရ

0
သျှမ်းပြည် မိုးမိတ်မြို့နယ်တွင် စက်သုံးဆီကို အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး ခရီးသည်တင်ကားနှင့် ကုန်တင်ကားများ မြို့အဝင်အထွက် ပြုလုပ်ရန် စစ်တပ်ထံ စာရင်းပေးနေရကြောင်း စုံစမ်းသိရသည်။ စစ်ကော်မရှင်တပ် ပြန်လည်ထိန်းချုပ်ထားသည့် မိုးမိတ်မြို့တွင် စက်သုံးဆီရောင်းချသည့် မိဘရိပ် ပန့်ဆီဆိုင် တစ်ဆိုင်တည်းသာ ရှိခြင်းကြောင့် မတ်လ ဒုတိယပတ်မှ စတင်၍ အကန့်အသတ်ဖြင့်သာ ရောင်းချပေးနေပြီး...

ခေတ်သစ်စစ်ပွဲများ ဝေဟင်စိုးမိုးမှုက စစ်ပွဲအောင်နိုင်ရေးအတွက် အဓိကကျကြောင်း စစ်ခေါင်းဆောင်ပြော

0
ခေတ်သစ်စစ်ပွဲများနှင့် လက်ရှိ ကမ္ဘာ့အရေးအခင်းများကို လေ့လာလျှင် ဝေဟင်စိုးမိုးမှုရယူနိုင်ခြင်းသည် စစ်ပွဲတစ်ခုကို အောင်နိုင်ရန်အတွက် အဆုံးအဖြတ်ပေးနိုင်သည့် အဓိကသော့ချက်ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင် ပြောကြားခဲ့သည်။ ယမန်နေ့ (မတ်လ ၁၂ ရက်) က မိတ္ထီလာလေတပ်စခန်း၌ ပြုလုပ်သည့် လေယာဉ်နှင့် ရဟတ်ယာဉ်သစ်များ တပ်တော်ဝင် အခမ်းအနားတွင် ၎င်းက ထိုသို့ပြောကြားခဲ့ခြင်း...

ကျောက်မဲတွင် စစ်ကော်မရှင်တပ်နှင့် SSPP ထိတွေ့တိုက်ပွဲဖြစ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို လာရောက်ရှာဖွေသည့် စစ်ကော်မရှင်တပ်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရသည်။ ယနေ့ (မတ်လ ၁၀ ရက်) နံနက် ၁၁ နာရီကျော်တွင် ကျောက်မဲမြို့နယ် ပုံဝိုးကျေးရွာအုပ်စုအတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့်လုပ်ငန်းများကို ရှာဖွေရန်...