Friday, April 26, 2024

ဖယ်ခုံမြို့နယ် စစ်ကောင်စီ လက်နက်ကြီး ရမ်းသမ်းပစ်ခတ် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာရ

Must read

သျှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် အနောက်ဘက်ကမ်း ဆိုင်ခွန်နားစရက် ကျေးရွာတွင် စစ်ကောင်စီက လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုးသမီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စုံစမ်းသိရှိရသည်။

လက်နက်ကြီး ရမ်းသမ်းပစ်

ယမန်နေ့( ဒီဇင်ဘာ ၁၄) ရက် နေ့လည် ၁၁ နာရီဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်မှုကြောင့် နေအိမ်တွင်း နေထိုင်ချိန်တွင် လက်နက်ကြီး ထိမှန်ခဲ့ကြောင်း ဖယ်ခုံမြို့ ဒေသခံ အသက် ၃၆ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကိုပြောသည်။

“ သူအိမ်ထဲမှာရှိနေချိန် လက်နက်ကြီးကျပြီး ထိသွားတာ။ ဒဏ်ရာတော့ မပြင်းထန်ဘူး။ လက်မောင်းနား ပဲ ထိသွားတာ။ မစိုးရိမ်ရဘူး။ အိမ်တော့ နည်းနည်း ပျက်စီးသွားတယ်” ဟု ၎င်းအမျိုးသားက ဆိုသည်။

လက်ရှိ ဖယ်ခုံမြို့နယ်တွင်း စစ်ကောင်စီ နှင့် PDF တို့ သည် တိုက်ပွဲမဖြစ်ပွားရာတွင် ၁ လကျော်ကြာ ရှိနေသော်လည်း စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်နေလျက်ရှိသည်။

အလားတူ ပြီးခဲ့သည့် နိုဝင်ဘာလ ထဲတွင်လည်း စစ်ကောင်စီ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သား ၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး မြေမြှုပ်မိုင်းကြောင့် ကလေး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။

Leave a Comments

- Advertisement -spot_img

Latest article