ဒလန်ဆိုပြီး အပြန်အလှန်သတ်ဖြတ်နေတာ တော်လှန်ရေးရဲ့ အဖြေလား

ကြိမ်ထိုင်ခုံပေါ်မှာ အိပ်နေတဲ့သူကို အမျိုးသား တစ်ယောက်ရှိတဲ့နေရာကို လက်ထဲမှာ ပစ္စတိုသေနတ်နဲ့ လူငယ်တယောက်က လမ်းလျှောက်ဝင်လာပြီး ပစ်သတ်ခဲ့တဲ့ ဗီဒီယိုတစ်ခု လူမှုကွန်ယက်ပေါ်မှာ ပြန့်ခဲ့ပါတယ်။

ဒလန်ကို သတ်ဖြတ်စဥ်

အဲ့ဗီဒီယိုဖိုင်ကို ရုတ်တရက် ကြားလိုက်တော့ အချင်းချင်း သဘောထားမတိုက်ဆိုင်၊ မကျေနပ်လို့ လာပစ်သတ်တာလို့ ထင်ရပေမဲ့ တကယ်တော့ ဒလန်ရှင်းလင်းရေး ခေါင်းစဉ်အောက်ကနေပြီးတော့ သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဒီသတ်ဖြတ်ခံရတဲ့ ဗီဒီယိုဖိုင်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၄ ရက် မနက် ၁၀ နာရီခွဲ ဝန်းကျင်က ကယန်းမြေ လူမှုကွန်ယက်ပေါ်မှာ စတင်ပြန့်နှံ့ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဗီဒီယိုဟာ ဖယ်ခုံမြို့နယ်ထဲက PDF တပ်ဖွဲ့တစ်ခုက ဒလန်ရှင်းလင်းရေးဆိုပြီးတော့ သွားရောက် ပစ်သတ်ခဲ့ပြီး ဘယ်တပ်ဖွဲ့၊ ဘယ်တပ်ရင်းက သွားရောက်ပစ်သတ်ခဲ့တာလဲဆိုတာကိုတော့ သျှမ်းသံတော်ဆင့် အနေနဲ့ အတည်မပြုနိုင်ပေမဲ့ ဖယ်ခုံမြို့ထဲက PDF တပ်ဖွဲ့တစ်ခုဖြစ်တယ်လို့ သိထားရပါတယ်။

ဒလန်ဟု ဆိုသူကို PSDA မှ သတ်ဖြတ်နေစဥ်

“ပစ်သတ်ခံရတာ ဟုတ်တယ်။ သူက ဒလန်လို့ နာမည်ကြီးတယ်။ ဖယ်ခုံမြို့နယ်ထဲက PDF တပ်ဖွဲ့တစ်ခုက ပစ်သတ်တယ် လို့သိရတယ်” ဟု ဖယ်ခုံမြို့ အမည်မဖော်ပြလိုတဲ့ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။

ပစ်သတ်ခံရသူက ဖယ်ခုံမြို့ အနီး ကုန်းဆုံးကျေးရွာမှာ နေထိုင်သူဖြစ်ပြီးတော့ အသက် ၃၅ ဝန်းကျင် ဦးသိန်းကျော်ဖြစ်ပြီး သူဟာ စစ်ကောင်စီ ရဲ့ အခိုင်းစေဖြစ်တာကြောင့် ဖယ်ခုံမြို့နယ်မှာ လှုပ်ရှားနေတဲ့ PDF တပ်ဖွဲ့တစ်ခုက သတ်ဖြတ်တယ်လို့လည်း ဖယ်ခုံမြို့ PDF က အတည်ပြု ပြောဆိုပါတယ်။

“ဘယ်တပ်ဖွဲ့၊ ဘယ်တပ်ရင်းက သတ်လိုက်တာလဲတော့ အတိကျတော့ ပြောလို့မရဘူး။ သူ့ကိုသတ်လိုက်တာတော့ ဖယ်ခုံမြို့နယ်ထဲက PDF တပ်ဖွဲ့တစ်ခုဖြစ်တယ်” လို့ ဖယ်ခုံမြို့ PDF တပ်ဖွဲ့ဝင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို အတည်ပြုပြောပါတယ်။

တမူး PDF မှ ဒလန်ကို သတ်ဖြတ်စဥ်

ဦးသိန်းကျော်ဟာ ရပ်ရွာအတွင်းတွေမှာ ဒလန် ၊ စစ်ကောင်စီ သတင်းပေးဆိုပြီးတော့ နာမည်ကြီးနေတဲ့ သူတစ်ဦး ဖြစ်သလို သူရဲ့ အိမ်က စစ်ကောင်စီတပ်စခန်း နဲ့ အနီးတွင်တည်ရှိပြီး စစ်ကောင်စီက ခိုင်းတာတွေကို လုပ်ဆောင်ပေး နေရသူတစ်ဦး လည်း ဖြစ်ပါတယ်။

ကုန်းဆုံးကျေးရွာသည် စစ်ကောင်စီတပ်ဖွဲ့က အခြေချ နေထိုင်ထားသည့် ရွာဖြစ်တယ်လို့ သိရပါတယ်။
ဦးသိန်းကျော်ဟာ စစ်ကောင်စီ ရဲ့ အရှိန်ပါဝါတွေကို အသုံးပြုပြီးတော့ ပြည်သူတွေရဲ့ နေအိမ်ကို ဖျက်ဆီးခြင်း၊ ကြက်၊ ဝက်တွေကို သတ်စားခြင်း၊ တော်လှန်ရေးထဲ ပါဝင်တဲ့ သူတွေကို စစ်ကောင်စီထံ သတင်းပေးတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

“သူ့ (ဦးသိန်းကျော်) ကြောင့် ပြည်သူတွေ အများကြီး ထွက်ပြေးနေရတာရှိတယ်။ ပြည်သူနေအိမ်တွေကို သူကိုယ်တိုင် ဖျက်ဆီးတာ ၃ အိမ်ရှိတယ်။ လူမရှိတဲ့ အိမ်တွေဆိုလည်း ပစ္စည်းတွေကိုတက်ယူတယ်။ ကြက်၊ ဝက်တွေကိုလည်း သူသတ်စားပစ်တယ်။ သူ့ကြောင့် တစ်ချို့သူတွေ ထွက်ပြေးတိမ်းရှောင်နေရတာရှိတယ်” လို့ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒလန်ကို သတ်ဖြတ်စဥ်

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီ ရဲ့ လက်ပါးစေ ပျူစောထီးကို ဖွဲ့စည်းကာ အဲ့ဒီသူတွေဟာ စစ်ကောင်စီထံ သတင်းအချက်အလက်တွေကို ပေးနေကြတဲ့ သူတွေဖြစ်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီးနောက်ပိုင်းမှာ တချို့ကျေးရွာအုပ်ချုပ်ရေးမှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးတွေလည်း နုတ်ထွက်သွားကြသလို တစ်ဖက်မှာလည်း တချို့မြို့နယ်တွေမှာ စစ်ကောင်စီရဲ့ အခိုင်းစေတွေကြောင့် အုပ်ချုပ်ရေးမှူးတွေ မလုပ်ချင်သော်လည်း လုပ်ဆောင်နေရတာရှိပါတယ်။

ရပ်ရွာ အုပ်ချုပ်ရေးမှူးတွေဟာ ၂ ဖက်လုံးကို ကြောက်နေရပြီး လုပ်ဆောင်နေရကြောင်း၊ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း အုပ်ချုပ်ရေးမှူးတွေဟာ အသက်လုံခြုံမှုတွေ မရှိတော့ဘူးလို့ မူဆယ်မြို့နယ် မှ အုပ်ချုပ်ရေးမှူး တစ်ဦးက အခုလိုပြောပါတယ်။

” မလုပ်ချင်လည်း လုပ်ရတယ်လေ။ အခုက အုပ်ချုပ်ရေးမှူးလုပ်ရတာ အသက်အန္တရာယ်များတယ်။ ဘယ်ချိန် ကိုယ့်အိမ်ရှေ့မှာ ဗုံးလာထောင်မလဲ မသိဘူး။ PDF ဘက်ကိုလည်း သတိထားရတယ်။ စစ်ကောင်စီဘက်ကိုလည်း သတိထားလုပ်ရတယ်။ စိုးရိမ်ရတာပေါ့” လို့ သူက ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပျူစောထီးတွေထွက်ပေါ်လာပြီး ပြည်သူတွေကို ဖမ်းဆီးတာ၊ ပြည်သူအိမ်တွေကို မီးရှို့ဖျက်စီးတာ၊ PDF နဲ့ ပတ်သက်တဲ့ သူတွေကို သတ်ဖြတ်တာ၊ စစ်ကောင်စီကို ဆန့်ကျင်တဲ့သူတွေကို ထောင်ချတာတွေ လည်း ဆက်တိုက်လုပ်ဆောင်နေပါတယ်။

တစ်ဖက်မှာလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF ဘက်ကနေလည်း စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေ၊ အုပ်ချုပ်ရေးမှူးတွေကို ဖမ်းဆီး သတ်ဖြတ်တာတွေလည်း ရှိနေပါတယ်။

နွေဦးတော်လှန်ရေးကနေပြီး လူသတ်ပွဲ မဖြစ်လာစေချင်ပေမယ့် လက်ရှိအနေအထားအရမှာတော့ အပြန်အလှန် သတ်ဖြတ်နေတာဟာ အလွန်ပင် ရုပ်ဆိုးအကျည်းတန်လှကြောင်း သျှမ်းပြည်မှ ဥပဒေပညာရှင် တစ်ဦးက ဆိုပြန်ပါတယ်။

” သတ်တယ်၊ ဖြတ်တယ်ဆိုတာ ဘယ်ဥပဒေမှ လက်ခံတဲ့ အရာမဟုတ်ဘူး။ အခုလို သတ်ဖြတ်နေတာကလည်း ထိန်းမနိုင်၊ သိမ်းမနိုင်တာဖြစ်တယ်။ အခုလို နွေဦးတော်လှန်ရေးကလည်း လူသတ်ပွဲလို့ သတ်မှတ်ရင်လည်းရတယ်။ ဒါပေမဲ့ နှစ်ဦးနှစ်ဖက်ရဲ့ ခေါင်းဆောင်တွေလည်း ထိန်းသိမ်းကွပ်ကဲဖို့ လိုအပ်တယ်” လို့ ၎င်းကပြောပါတယ်။

အခုလို သတ်ဖြတ်မှုတွေနဲ့ သွားနေတဲ့ နွေဦးတော်လှန်ရေးဟာလည်း မိမိတို့ လိုချင်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီ လမ်းကြောင်းကို အဟန့်တားဖြစ်စေပြီး အချိန်ကြာမြင့်စေတယ်လို့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူက ထောက်ပြပြောဆိုပါတယ်။

ဒလန်ဟု ဆိုသူကို PSDA မှ သတ်ဖြတ်နေစဥ်

” ဒီလိုသတ်ဖြတ်နေတာက ဘယ်နိုင်ငံမှ လက်ခံနေတာ မဟုတ်ဘူးလေ။ ကျနော်တို့တွေ သွားချင်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီလည်း ပိုပြီးတော့ အဟန့်တားဖြစ်စေတာပေါ့။ အချိန်ကြာစေတယ်။ အခုလိုခေတ်ကြီးမှာ လူသတ်တယ်ဆိုတာ လက်မခံနိုင်တဲ့အရာပါ။ ဘယ်တပ်ဖွဲ့က ဘယ်သူကို သတ်သတ်ပါ” လို့ အသက် ၃၅ နှစ်အရွယ်ရှိ နိုင်ငံရေး တက်ကြွလှုပ်ရှားတဲ့သူတစ်ဦးက ပြောပါတယ်။

အလားတူ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း တမူးမြို့နယ်မှာ (ဒလန်ဆိုပြီးတော့) အမျိုးသမီးတစ်ဦးကို PDF တပ်ဖွဲ့တွေက လူသွားလမ်းပေါ်မှာ ရက်စက်စွာ သတ်ဖြတ်ခဲ့တဲ့ ဗီဒီယိုလည်း လူမှုကွန်ယက်ပေါ်မှာ ပြန့်နှံ့ခဲ့ပါတယ်။

ထိုဒလန် ရှင်းလင်းမှု ဗီဒီယိုနဲ့ ပတ်သက်ပြီးတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့တော့ စုံစမ်းစစ်ဆေး ဖော်ထုတ်ပြီး ဥပဒေနဲ့ အညီ ပြစ်ဒဏ်တွေ ပေးသွားမယ်လို့ ဒီဇင်ဘာ ၆ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဒါအပြင် ယခုလို သတ်ဖြတ်တဲ့ ဖြစ်ရပ်မျိုးကို နိုင်ငံတော်၏ မည်သည့်နေရာဒေသမှ ထပ်မံဖြစ်ပွားခြင်းမရှိစေရန် တာဝန်ယူမှု တာဝန်ခံမှု အပြည့်နဲ့ ကွပ်ကဲဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေ ဒလန်ရှင်းလင်းမှုတွေကို ဘယ်လိုထိန်းချုပ်သွားမလဲဆိုတာကို အမျိုးသား ညီညွတ်ရေးအစိုးရ NUG လူ့အခွင့်ရေးဝန်ကြီးဌာန ဦးအောင်မျိုးမင်းကို ဆက်သွယ်ခဲ့ပေမယ့် အဆက်သွယ်မရခဲ့ပါဘူး။

ဒီလို ဒလန်ရှင်းလင်းရေးခေါင်းစဥ် နဲ့ သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်တွင်လည်း ဖြစ်ပွားသလို သျှမ်းပြည်တောင်ပိုင်း ရွာငံမှာလည်း မကြာခဏ ဖြစ်ပွားမှုတွေရှိနေကြောင်းကို ဒလန်ရှင်းလင်းနေတဲ့ PDF တွေကိုယ်တိုင်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

စစ်အာဏာ သိမ်းပြီးနောက်ပိုင်း အပြန်အလှန် ဒလန်ရှင်းလင်းရေးဆိုတဲ့ခေါင်းစဥ်နဲ့ သတ်ဖြတ်နေတဲ့အပေါ် သျှမ်းပြည် လူထုအနေနဲ့ကတော့ စိုးရိမ်ထိတ်လန့်နေကြရပါတယ်။ ဒါ့အပြင် နွေဦးတော်လှန်ရေးနဲ့အတူ ပေါက်ဖွားလာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေကိုလည်း NUG အနေနဲ့ ဘယ်လိုထိန်းချုပ် ကိုင်တွယ်သွားမယ်ဆိုတာ အလွန်ပင် အရေးကြီးတဲ့အခန်းကဏ္ဍ တရပ်ဖြစ်လာပါတယ်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...