ဖယ်ခုံမြို့နယ် ဘာသာရေးကျောင်းများကို စစ်ကောင်စီက ပစ်ခတ်

သျှမ်းပြည် တောင်ကြီးခရိုင် ဖယ်ခုံမြို့နယ် ၊ ရီလုံရီကန်ကျေးရွာအုပ်စု၊ ဝါရီခူကျေးရွာရှိ ကက်သလစ် ခရစ်ယာန် မယ်တော်ဂူကုန်းကို စစ်ကောင်စီက လေကြောင်းလိုင်းဖြင့် ပစ်ခတ်ခဲ့ကြောင်း စုံစမ်းသိရှိရသည်။

ဝါရီခူကျေးရွာရှိ ကက်သလစ် ခရစ်ယာန် မယ်တော်

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၀ ရက်နေ့ ည ၁၁ နာရီဝန်းကျင်တွင် စစ်ကောင်စီက ခရစ်ယာန် မယ်တော်ဂူကုန်းကို လေကြောင်းလိုင်းဖြင့် ပစ်ခတ်ခဲ့သည့်အတွက်ကြောင့် အဆောက်အအုံ တစ်ချို့ ပျက်စီးခဲ့ကြောင်း သိရသည်။

“သူတို့ လာပစ်သွားတာက ၁၀ ရက်နေ့ ညက လာပစ်သွားတာ။ လေယာဉ်နဲ့ လာပစ်ခဲ့တာ။ အဆောက်အအုံတွေ တစ်ချို့က ပျက်စီးသွားတာရှိတယ်။ ပြည်သူတွေ ထိခိုက်ဒဏ်ရာ ရှိသွားတာတော့ မရှိဘူး” ဟု ဖယ်ခုံမြို့ ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီ လာပစ်ခတ်ခဲ့သည့် ဝါရီခူကျေးရွာ မယ်တော်ဂူကုန်း အနီးပတ်ဝန်းကျင်တွင် စစ်ဘေးရှောင်စခန်းများ တည်ရှိထားကြောင်း သိရသည်။

ထို့အပြင် ဖေဖော်ဝါရီ ၁၁ ရက်တွင်လည်း တစ်ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန် ဘာသာ ကက်သလစ် ဆုတောင်းပြည့် လုဒ်မယ်တော်သခင်မ ပွဲတော်ကို ကျင်းပသည့် ရက်ဖြစ်သဖြင့် စစ်ကောင်စီက ဖယ်ခုံမြို့နယ် ဝါရီခူကျေးရွာရှိ ကက်လသစ် မယ်တော်ဂူကုန်းကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ ၁၁ ရက်နေ့က တစ်ကမ္ဘာလုံးက ဆုတောင်းပြည့် လုဒ်မယ်တော် သခင်မပွဲတော်ကို လုပ်ကြတယ်။ ကံကောင်းလို့ ဒီနှစ်က မယ်တော်ဂူကုန်းမှာ ပွဲမလုပ်ဘူး။ သူတို့ အဲ့နေ့အတွက် ရည်ရွယ်ပြီး ပစ်တာလားမသိဘူး။ အဲ့မယ်တော်ဂူ အနီးတစ်ဝိုက်မှာလည်း စစ်ဘေးရှောင်စခန်းတွေ ရှိထားတယ်” ဟု အထက်ပါ ဒေသခံ အမျိုးသားက ပြောသည်။

နိုင်ငံတကာ ဥပဒေအရ ဘာသာရေးဆိုင်ရာ အဆောက်အအုံများကို ပစ်ခတ်ခွင့်မရကြောင်း ကရင်နီ လူ့အခွင့်ရေး ကိုဗညားက ပြောသည်။

“ ဘာသာရေး အဆောက်အအုံတွေက နိုင်ငံတကာ ဥပဒေအရ ကြည့်မယ်ဆိုရင် ပစ်ခတ်လို့ မရတဲ့ နယ်မြေတွေဖြစ်တယ်။ စစ်ကောင်စီ ကတော့ ကျနော်တို့ ပြည်နယ်တွေမှာတော့ ဘာသာရေး အဆောက်အအုံတွေ ဦးတည်ပြီး ပစ်ခတ်နေတယ်။ လူ့အခွင့်ရေးကိုလည်း ချိုးဖောက်ပြီး ချိုးဖောက်နေတာပဲ” ဟု ၎င်းက ပြောသည်။

လက်ရှိ စစ်ကောင်စီ နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့သည် မိုးဗြဲမြို့ စက်တော်ရာတွင် တိုက်ပွဲဖြစ်ပွားလျက်ရှိပြီး ဖယ်ခုံမြို့ ကျေးရွာဘက်တွင်လည်း လက်နက်ကြီးများ ပစ်ခတ်နေကြောင်း သိရသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

“ဝမ်းရေးအိပ်မက်ကြား အသက်ပါရင်းလိုက်ရသည့် ၁၆ နှစ်သမီးလေး”

0
“သမီး အခန်းထဲကနေ ထွက်လာတော့ သူ (သူငယ်ချင်း)က စားပွဲခုံပေါ်မှာ မှောက်ပြီး လဲနေတာ တွေ့တယ်။ သူ့ရဲ့ မျက်နှာတွေမှာရော လက်တွေမှာရော ဒဏ်ရာတွေ အများကြီး တွေ့ရတယ်။ သမီး သူ့ကို သွားနိုးသေးတယ်။ သူက မထလာတော့ဘူး” သျှမ်းပြည် တောင်ကြီးမြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ Peter ဘားဆိုင်တွင်...

စစ်ကော်မရှင် တရုတ်ကုန်စည်စီးဆင်းမှု တားမြစ်ပိတ်ပင်မှု တင်းကြပ်လာ

0
သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင် စစ်ကော်မရှင်က ရက် ၁၀၀ စီမံကိန်းအနေဖြင့် ၎င်းကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်တင်းကြပ်လာသည်။ ထိုကုန်စည်စီးဆင်းမှုကို တားမြစ်ပိတ်ပင်မှု တင်းကြပ်လာသဖြင့် ပြည်တွင်းကုန်တင်ယာဉ်များလည်း အလုပ်ရပ်နားထားရပြီး ပြည်သူများလည်း ကုန်စည်စျေးနှုန်းများ ထပ်မံမြင့်တက်လာမှုကို ရင်ဆိုင်နေရကြောင်း သျှမ်းမြောက်ပြည်သူများထံမှ စုံစမ်းသိရှိရသည်။ ပြီးခဲ့သည့် ရက်ပိုင်အတွင်းမှ စတင်ကာ စစ်ကော်မရှင်သည် လားရှိုးမြို့သို့...

ကျောက်မဲတွင် ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီးကွက်ပေး၊ ပြည်သူနေအိမ်များ မီးကြိုးခိုးယူခံနေရ

0
သျှမ်းပြည် ကျောက်မဲမြို့ပေါ် ရပ်ကွက်ရှိ ပြည်သူနေအိမ်များတွင် လျှပ်စစ်မီး မရရှိခြင်းကြောင့် မီးကြိုးခိုးယူခံနေရကြောင်း စုံစမ်းသိရသည်။ ကျောက်မဲမြို့ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထံမှ စစ်တပ်ပြန်လည်ထိန်းချုပ်ခဲ့သည့် ယမန်နှစ် ၂၀၂၅ အောက်တိုဘာလ နောက်ပိုင်းမှ စတင်၍ စစ်အစိုးရလက်အောက်ခံ ဌာနဆိုင်ရာရုံးများကိုသာ လျှပ်စစ်မီး ဖြန့်ဝေထားပြီး ရပ်ကွက်အတွင်းရှိ ပြည်သူနေအိမ်များမှာ...

ကျိုင်းတုံ တောင်ပေါ်ဒေသ လမ်းပန်းခက်ခဲမှုကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေးခက်ခဲနေ

0
ကျိုင်းတုံမြို့နယ်ရှိ တောင်ပေါ်ဒေသများတွင် ခေတ်အဆက်ဆက် အစိုးရ မှ လမ်းပန်းဆက်သွယ်ရေးကို ကူညီထောက်ပံ့မှု မရှိခဲ့ခြင်းကြောင့် ကိုယ်ဝန်ဆောင်မိခင်များ ကျန်းမာရေး ဝန်ဆောင်မှု မရရှိကာ သေဆုံးမှုများ ဖြစ်ပွားသည့်အထိ ရှိနေကြောင်း သတင်းရရှိသည်။ ကျိုင်းတုံမြို့နယ်အတွင်း တောင်ပေါ်ကျေးရွာပေါင်း ၃၀ ထက်မနည်ရှိကာ လမ်းပန်းဆက်သွယ်ရေး အခက်အခဲများကို နေ့စဉ်ရန်ဆိုင်နေရသည်။ အဆိုပါ ဒေသများသည် ကျိုင်းတုံမြို့နှင့်...

“စစ်ရေး ၊ နိုင်ငံရေးက သူတို့စစ်အုပ်စုချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ဆက်သွားမယ်”

0
အာဏာသိမ်း စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၅ နှစ်အကြာမှာ ၎င်းပုံဖော်ထားတဲ့အတိုင်း နိုင်ငံတော် သမ္မတရာထူးယူလိုက်ပါတယ်။ ဒါ့ကြောင့် စစ်ဝတ်စုံကနေ အရပ်သားဝတ်စုံပြောင်း စစ်ခေါင်းဆောင် သမ္မတ ဉီးမင်းအောင်လှိုင် တက်လာပြီး သျှမ်းပြည် နိုင်ငံရေး အပြောင်းအလဲတွေ ဘယ်လိုဖြစ်လာခဲ့ပါသလဲ။ အစိုးရသစ် စစ်ခေါင်းဆော်င သမ္မတ ဉီးမင်းအောင်လှိုင်တက်လာချိန်မှာလည်း စစ်အာဏရှင်ကို...