နောင်ချို

နောင်ချိုမြို့ တိုက်ပွဲအတွင်း ရာထူးတိုးမြှင့်ခံရသည့် စစ်သည်များကို ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တံဆိပ်ကပ်ပေး

တအာင်း(ပလောင်)အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သိမ်းပိုက်ထားသော သျှမ်းပြည် နောင်ချိုမြို့ကို စစ်ကောင်စီတပ်က ပြန်လည်သိမ်းပိုက်ပြီးနောက် အရာရှိ၊ စစ်သည်များကို ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက သွားရောက်တွေ့ဆုံခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်သည်။ ယမန်နေ့ (ဇူလိုင် ၂၁) ရက်တွင် နောင်ချိုမြို့ရှိ အရာရှိ၊ စစ်သည်များကို ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက သွားရောက်တွေ့ဆုံခဲ့ပြီး စစ်မြေပြင်...

နောင်ချိုစစ်ကောင်စီတပ် ဂုတ်ထိပ်တဖက်ကမ်း ဒရုန်းဗုံးကြဲမှုကြောင့် စစ်ဘေးရှောင် သားအမိနှစ်ယောက် သေဆုံး

သျှမ်းပြည် နောင်ချိုမြို့ရှိ စစ်ကောင်စီတပ်မှ ဂုတ်ထိပ်တဖက်ကမ်းသို့ လက်နက်ကြီးပစ်ခတ်ပြီး ဒရုန်းဖြင့်ပါ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ဘေးရှောင်သားအမိ နှစ်ဦး ထိမှန်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ ဒုတိယပတ်မှ စတင်ပြီး စစ်ကောင်စီတပ်မှ နောင်ချိုမြို့ကို ပြန်လည်ထိန်းချုပ်ပြီးနောက် ဂုတ်ထိပ်တဖက်ကမ်းရှိ ကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်သည့်အပြင် ဒရုန်းဖြင့်ပါ ဗုံးကြဲတိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။ ယမန်နေ့ (ဇူလိုင်လ...

နောင်ချိုမြို့ပေါ်ရှိ စီမံအုပ်ချုပ်မှုရုံးများကို လုံခြုံသည့်နေရာ ပြောင်းရွှေ့ထားဟု TNLA ပြော

သျှမ်းပြည် နောင်ချိုမြို့ပေါ်ရှိ အရပ်ဘက်ဆိုင်ရာ စီမံအုပ်ချုပ်မှုရုံးလုပ်ငန်းများကို လုံခြုံသည့်နေရာသို့ ပြောင်းရွှေ့ထားကြောင်း TNLA ဘက်မှ ထုတ်ပြန်လိုက်သည်။ မေလတွင် စတင်ခဲ့သည့် စစ်ကောင်စီတပ်၏ ပြင်းထန်သည့် ထိုးစစ်ဆင်မှုကြောင့် နောင်ချိုမြို့တွင် တိုက်ပွဲများ ပြင်းထန်နေပြီး မြို့စီမံအုပ်ချုပ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် ခက်ခဲလာခြင်းကြောင့် ယမန်နေ့ (ဇူလိုင်လ ၁၅ ရက်) မှ...

“လက်မလွှတ်ဘူး” TNLA ပြောခဲ့သည့် နောင်ချိုကို စစ်ကောင်စီ အလုံးစုံပြန်ထိန်းချုပ်နိုင်ဟုဆို

သျှမ်းပြည် နောင်ချိုမြို့ပေါ် ရပ်ကွက်အားလုံးနီးပါးရှိ ဌာနဆိုင်ရာရုံးများသို့ စစ်ကောင်စီတပ်သားများ ဝင်ရောက်နေရာယူ ထိန်းချုပ်လိုက်ပြီး မြို့ပြင်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇူလိုင်လ ၁၅ ရက်) ညနေပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ပေါ် ပန်ဟတ်နှင့် ဈေးရပ်ကွက်ရှိ ဌာနဆိုင်ရာရုံးများ၊ ဘဏ်များသို့...

ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း စစ်ဘေးရှောင်ဦးရေ ၂၀၀၀ ကျော်ထိ ထပ်တိုးလာ

သျှမ်းပြည် နောင်ချိုမြို့နှင့် ကျောက်မဲမြို့ဘက်သို့ စစ်ကောင်စီတပ်က လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း စစ်ဘေးရှောင်များ ထပ်တိုးလာကြောင်း စုံစမ်းသိရှိရသည်။ လက်ရှိ ကျောက်မဲမြို့နယ်အတွင်း စစ်ဘေးရှောင်စုစုပေါင်း ၂ ထောင်ကျော် ရှိနေပြီဖြစ်ကြောင်း၊ အများစုမှာ ကျောက်မဲမြို့အပြင်ဘက် နောင်ပိန်ကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ ထိုသို့ စစ်ဘေးရှောင် ထပ်များလာရခြင်းမှာ ယခင်က...

နောင်ချိုတိုက်ပွဲတွင် စစ်ကောင်စီ စစ်မှုထမ်းတပ်သားသစ်များ DPLA ထဲ အလင်းဝင်လာကြောင်း ထုတ်ပြန်

သျှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့ တိုက်ပွဲတွင် စစ်ကောင်စီတပ်မှ စစ်မှုထမ်းတပ်သားသစ် အများ အပြား လက်နက်ခဲယမ်း အပြည့်အစုံဖြင့် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) ထံ အလင်းဝင်ရောက်လာကြောင်း ယနေ့(ဇူလိုင်လ ၁၄ ရက်) ရက်စွဲဖြင့် DPLA က ရုပ်သံနှင့်တကွ ထုတ်ပြန်လိုက်သည်။ အဆိုပါ ရုပ်သံထဲတွင် ပြီးခဲ့သည့် ဇွန်လအတွင်း...

နောင်ချိုမြို့ဝင်ဆိုင်းဘုတ်အထိ စစ်ကောင်စီတပ်ရောက်လာ၊ မြို့ပေါ်လည်း ဆက်တိုက်ဗုံးကြဲခံရ

သျှမ်းပြည် နောင်ချိုမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်နေပြီး နောင်ချိုမြို့ဝင်ဆိုင်းဘုတ်အထိ စစ်ကောင်စီတပ် ချဉ်းကပ်ရောက်ရှိလာကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၁၁ ရက်) နေ့လယ် ၃ နာရီကျော်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ပေါ် ဈေးရပ်ကွက်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဗုံး...

ကျောက်မဲမြို့ပေါ် စစ်ကောင်စီ ထပ်မံဗုံးကြဲတိုက်ခိုက်၊ ကျောက်မဲ-နောင်ချိုကြား ဂုတ်တွင်းလမ်းပိတ်ထား

သျှမ်းပြည် ကျောက်မဲမြို့ပေါ် (၃) နေရာသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ဘေးရှောင်များလည်း ထိခိုက်သေဆုံးမှုရှိကြောင်း စုံစမ်းသိရသည်။ ယနေ့ (ဇူလိုင်လ ၁၁ ရက်) နံနက်အစောပိုင်း ၃ နာရီကျော်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့်...

နောင်ချိုမြို့အနီး ဒုံးတပ်ရင်းကို စစ်ကောင်စီ ပြန်သိမ်း၊ မြို့တွင်းဝင်ရောက်ရန် စုဖွဲ့ပြင်ဆင်နေ

သျှမ်းပြည်မြောက်ပိုင်းရှိ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့အနီး အမှတ် (၆၀၆) ဒုံးတပ်ရင်းကို ယမန်နေ့ (ဇူလိုင် ၈ ရက်) ညနေပိုင်းက စစ်ကောင်စီတပ် ပြန်လည်သိမ်းပိုက်သွားပြီး မြို့တွင်းဝင်ရောက်ရန် စုဖွဲ့ပြင်ဆင်နေသည်ဟု စစ်ရေးသတင်းရင်းမြစ်က ယနေ့ (ဇူလိုင်လ ၉ ရက်) တွင်...

TNLA ထိန်းချုပ် နောင်ချိုမြို့နှင့် ၄ မိုင်အကွာ စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ချဉ်းကပ်လာ

သျှမ်းပြည် နောင်ချိုမြို့အနီးသို့ စစ်ကောင်စီတပ်မှ စစ်အင်အားအလုံးအရင်းဖြင့် ချဉ်းကပ်လာပြီး TNLA ပူးပေါင်းတပ်ဖွဲ့များကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း စုံစမ်းသိရသည်။ ဇူလိုင်လ ပထမပတ်မှ စတင်ပြီး တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ပူးပေါင်းတပ်ဖွဲ့များ ထိန်းချုပ်ထားသည့် နောင်ချိုမြို့အနီး ၄ မိုင်ပတ်လည် အကွာအဝေးသို့ စစ်ကောင်စီတပ်များ ချဉ်းကပ်လာခဲ့ပြီး စစ်အင်အားအလုံးအရင်းဖြင့်...

Latest news