“လက်မလွှတ်ဘူး” TNLA ပြောခဲ့သည့် နောင်ချိုကို စစ်ကောင်စီ အလုံးစုံပြန်ထိန်းချုပ်နိုင်ဟုဆို

သျှမ်းပြည် နောင်ချိုမြို့ပေါ် ရပ်ကွက်အားလုံးနီးပါးရှိ ဌာနဆိုင်ရာရုံးများသို့ စစ်ကောင်စီတပ်သားများ ဝင်ရောက်နေရာယူ ထိန်းချုပ်လိုက်ပြီး မြို့ပြင်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇူလိုင်လ ၁၅ ရက်) ညနေပိုင်းတွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ပေါ် ပန်ဟတ်နှင့် ဈေးရပ်ကွက်ရှိ ဌာနဆိုင်ရာရုံးများ၊ ဘဏ်များသို့ စစ်ကောင်စီတပ်သားများ ဝင်ရောက်နေရာယူ ထိန်းချုပ်လိုက်ပြီး မြို့ပြင်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်း နောင်ချိုဒေသခံများက ပြောသည်။

“စကစ စစ်သားတွေ ဈေးဘက်က ဘဏ်တွေ၊ ရုံးတွေထိ ရောက်လာပြီ။ သေနတ်သံလောက်ပဲ ကြားရတော့ ရပ်ကွက်တိုင်း ရသွားပြီလို့ ပြောလို့ရတယ်။ မနေ့က ရေမောင်းတန်းဘက်မှာလည်း ဆမ္မဆယ်က လာတဲ့ TNLA ပူးပေါင်းတပ်တွေ စစ်ကောင်စီတပ်နဲ့ ဘုန်းကြီးကျောင်းနားမှာ ပစ်နေတုန်းပဲ။ ကြံခင်းတွေထဲကနေ ပစ်နေတာ အင်အား ၂၀၀ ကျော်လောက် ရှိမယ်၊ တိုက်ပွဲကတော့ မငြိမ်သေးဘူး”ဟု နောင်ချိုဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

နောင်ချိုမြို့တွင် ဈေးရပ်ကွက်၊ ဘူတာရပ်ကွက်၊ ပန်ဟတ်ရပ်ကွက်၊ သပြေရေရပ်ကွက်၊ နားရှိုးရပ်ကွက်နှင့် တောင်ရပ်ကွက်ဟူ၍ ရပ်ကွက်ကြီး (၆) ခု ရှိရာ ဇူလိုင်လ (၁၁) ရက် ညနေပိုင်းမှ စတင်ပြီး တောင်ခမ်းဒေသမှ ထိုးစစ်ဆင်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းများသည် ဘူတာရပ်ကွက်မှလွဲ၍ ကျန်ရပ်ကွက် (၅) ခုကို ထိန်းချုပ်ထားကြောင်း ဒေသခံများထံမှ သိရသည်။

နောင်ချိုမြို့ပေါ် ဈေးရပ်ကွက်သို့ စစ်ကောင်စီတပ်သားများ ဝင်ရောက်နေထားသည့် ဓာတ်ပုံများကို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဖြန့်ဝေထားခြင်းကြောင့် နောင်ချိုမြို့ စစ်ရေးအခြေအနေနှင့် ပတ်သက်၍ သျှမ်းသံတော်ဆင့်မှ TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးထံ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပါ။

နောင်ချိုတိုက်ပွဲနှင့် ပတ်သက်၍ TNLA တပ်ဖွဲ့များ၊ တပ်မှူးများလည်း မြေပြင်တွင် ဆက်ရှိနေပြီး လက်ရှိအချိန်ထိ ထိန်းထားနိုင်သည့် အနေအထားဖြစ်ကြောင်း၊ TNLA ခေါင်းဆောင်ပိုင်းများမှ စစ်ရေးသုံးသပ်မှုများ ပြန်လည်ပြုလုပ်နေကြောင်း TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦး က မြန်မာနောင်း သတင်းဌာနကို ယမန်နေ့ (ဇူလိုင်လ ၁၅ ရက်) နံနက်ပိုင်းတွင် ဖြေကြားထားသည်။

ပုံစာ – နောင်ချိုမြို့ ဈေးရပ်ကွက်ထဲ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားများ (ဓာတ်ပုံ – တယ်လီဂရမ်)

လက်ရှိတွင် ဂုတ်ထိပ်ဘက်သို့ ချီတက်သွားသည့် စစ်ကောင်စီတပ် စစ်ကြောင်းများသည် ဂုတ်ထိပ်တဖက်ကမ်းရှိ ကျေးရွာများသို့ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် နောင်ပြစ်၊ လုံကြိမ်၊ ခဲလုံ၊ ပင်ပေါ၊ ဇီးပင်စခန်း စသည့် ကျေးရွာများလည်း နောင်ပိန်ရွာဘက်သို့ ထပ်မံစစ်ဘေးရှောင်လာကြောင်း ဒေသခံများက ပြောသည်။

“ဂုတ်တွင်းချောင်းထဲလည်း ဗမာစစ်သားတွေ အများကြီး ရောက်နေပြီ။ လမ်းမကြီးဘေးက ရွာတွေလည်း စိုးရိမ်ကြလို့ ပင်တီး ပင်တိန်ရွာတွေလည်း ရွှေ့ရပြီ။ အခြေအနေက ရှုပ်နေလို့ ဘာလဲမသိတော့ဘူး”ဟု နောင်ပိန်ရောက် နောင်ချိုစစ်ဘေးရှောင်တစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အလားတူ ဘန့်ဘွေးဘက်မှ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ် စစ်ကြောင်းကို TNLA ပူးပေါင်းတပ်များက ကျောက်ကြမ်းကျေးရွာအနီးရှိ စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်း ခမရ-၁၁၄ နှင့် ခမရ-၁၁၅ တပ်ရင်းတို့တွင် ဆက်လက်ခုခံတိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

ပုံစာ – နောင်ချိုမြို့ ဈေးရပ်ကွက်ထဲ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားများ (ဓာတ်ပုံ – တယ်လီဂရမ်)

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

နမ္မတူတွင် စစ်တပ် Y-12 လေယာဉ် ကင်းထောက်ပျံသန်းခြင်းကြောင့် ဒေသခံထိတ်လန့်

0
သျှမ်းပြည် နမ္မတူမြို့နယ်တွင် စစ်တပ်ဘက်မှ Y-12 လေယာဉ်ဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ဒေသခံများ စိုးရိမ်ထိတ်လန့်နေကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ္မတူမြို့နယ်ထဲ ဇွန်လ ဒုတိယပတ်အတွင်း စစ်တပ်ဘက်မှ Y-12 လေယာဉ်တစ်စင်းဖြင့် ကင်းထောက်ပျံသန်းခဲ့ခြင်းကြောင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခံရမည်ကို စိုးရိမ်ထိတ်လန့်နေရကြောင်း နမ္မတူ ဒေသခံများက...

မော်တာနိုင်ငံမှ မီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှု ရုပ်သံဗီဒီယိုကို နမ့်ခမ်း TNLA ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဗီဒီယိုဆိုပြီး ဖြန့်ဝေနေသည့် သတင်းအမှား

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA ယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် တရုတ်ကျွမ်းကျင်ပညာရှင် ၂၅ ဦးနှင့် လူ ၁၇၀ ဦး သေဆုံးသည်ဆိုသည့် ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့နေပါသည်။ အဆိုပါရုပ်သံဖိုင်ကို NameisEmil Chan အမည်ရှိ လူမှုကွန်ရက်အကောင့်တစ်ခုမှ စတင်ဖြန့်ဝေခဲ့ခြင်း ဖြစ်သည်။ မူရင်းလင့်ခ် - https://archive.ph/0yLgJ ပျံ့နှံ့နေသော...

နမ့်ခမ်း ယမ်းဂိုဒေါင်ပေါက်ကွဲမှုတွင် TNLA နှင့်အတူ တရုတ်လည်း တာဝန်ရှိဟု ဒေသခံများ ပြော

0
သျှမ်းပြည် နမ့်ခမ်းမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ယမ်းဂို‌ဒေါင်ပေါက်ကွဲမှုအတွင်း တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့်အတူ တရုတ်နိုင်ငံလည်း တာဝန်ရှိကြောင်း ဒေသခံများက ပြောဆိုလိုက်သည်။ မေလ (၃၁) ရက် နေ့လယ်ပိုင်းတွင် နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာရှိ TNLA စီးပွားရေးဌာနမှ မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန်အတွက် သိုလှောင်ထားသော ယမ်းဂိုဒေါင်တစ်ခု...

နမ့်ခမ်းပေါက်ကွဲမှုအပြီး အကူအညီပေးဝေမှုအပေါ် TNLA ဝေဖန်ခံနေရ

0
မြန်မာ-တရုတ်နယ်စပ် သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာရှိ လူနေရပ်ကွက်အတွင်း TNLA က သိုလှောင်ထားသည့် ယမ်းများပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အကူအညီပေးဝေမှုနှင့် အလှူငွေ စီမံခန့်ခွဲမှု အပေါ် TNLA ကို ဒေသခံများက ဝေဖန်နေကြကြောင်း သတင်းရရှိသည်။  ပြီးခဲ့သည့် (မေလ ၃၁ ရက်)က နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာတွင် မိုင်းတွင်းကျောက်ထုတ်လုပ်ရေး လုပ်ငန်းတွင် အသုံးပြုရန် သိုလှောင်းထားသော ယမ်းများ...

နမ့်ခမ်းမြို့အနီး ပေါက်ကွဲမှုကြီး ဖြစ်ပွား၊ သေဆုံးသူ ၂၀ ကျော်အထိရှိလာ၊ ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်ရှိ

0
သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် ကောင်းတပ်ကျေးရွာအနီးတွင် ယနေ့ နံနက်ပိုင်း၌ ပေါက်ကွဲမှုကြီး တစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုအတွင်း ၂၀ ဦးကျော် သေဆုံးကြောင်း ကနဦး သိရှိရပြီး ထိခိုက်ဒဏ်ရာရသူ (၇၀)ကျော်နှင့် ပိတ်မိနေသူများကိုလည်း ဆက်လက် ကယ်ထုတ်နေဆဲ ဖြစ်ကြောင်း နမ့်ခမ်းမြို့ခံတစ်ဦးက ပြောသည်။ “သေတဲ့လူကတော့ ၂၀...