Tuesday, January 27, 2026

ကျောက်မဲမြို့ပေါ် စစ်ကောင်စီ ထပ်မံဗုံးကြဲတိုက်ခိုက်၊ ကျောက်မဲ-နောင်ချိုကြား ဂုတ်တွင်းလမ်းပိတ်ထား

သျှမ်းပြည် ကျောက်မဲမြို့ပေါ် (၃) နေရာသို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် ထပ်မံဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ဘေးရှောင်များလည်း ထိခိုက်သေဆုံးမှုရှိကြောင်း စုံစမ်းသိရသည်။

ယနေ့ (ဇူလိုင်လ ၁၁ ရက်) နံနက်အစောပိုင်း ၃ နာရီကျော်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် ကျောက်မဲမြို့ပေါ်သို့ စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် (၃) နေရာ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကျောက်မဲဒေသခံများက ပြောသည်။

အဆိုပါ လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုအတွင်း ကျောက်မဲမြို့မရဲစခန်း၊ ခရိုင်ရဲရုံးနှင့် ခိုမုန်းကျေးရွာရှိ ဟိုတယ်ကောလီ တို့တွင် ဗုံးကျရောက်ပေါက်ကွဲခဲ့ပြီး နောင်ချိုမြို့မှ ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ဘေးရှောင်များလည်း ထိခိုက်သေဆုံးမှုရှိကြောင်း ကျောက်မဲဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“ခိုမုန်းမှာ ကျတဲ့တစ်လုံးက ဟိုတယ်ကောလီထဲမှာ နေတဲ့ စစ်ရှောင်လည်း ထိတယ်လို့ ကြားတယ်။ အဲ့ဘက်က ပေးမဝင်သေးလို့ သွားကြည့်လို့ မရဘူး၊ TNLA ထုတ်ပြန်မှပဲ လူထိတာ သိရမှာ။ ကျန်တာက မြို့ထဲက ရဲစခန်းနဲ့ မြောက်ကုန်းက ခရိုင်ရဲမှူးရုံး ဗုံးကြဲခံရတယ်”ဟု ကျောက်မဲမြို့မှ ၎င်းဒေသခံ အမျိုးသားက ပြောသည်။

ယနေ့နံနက်ပိုင်း ကျောက်မဲမြို့ပေါ် လေကြောင်းဗုံးကြဲခံရမှုကြောင့် ခိုမုန်းရွာရှိ ဟိုတယ်ကောလီတွင် ခိုလှုံနေသည့် နောင်ချိုစစ်ဘေးရှောင်မိသားစုများထဲမှ တစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူရှိကြောင်း ကနဦး သိရသော်လည်း အသေးစိတ်ကို သျှမ်းသံတော်ဆင့်မှ ဆက်လက်စုံစမ်းနေသည်။

ပုံစာ – ယမန်နှစ် ဩဂုတ်လ ဂုတ်တွင်းလမ်းပိုင်းတွင် TNLA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်

လက်ရှိတွင် ကျောက်မဲနှင့် နောင်ချိုကြားရှိ ဂုတ်တွင်းလမ်းပိုင်းလည်း ပိတ်ထားပြီး နောင်ချိုမြို့အနီးတွင် စစ်ကောင်စီတပ်နှင့် TNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းထန်နေခြင်းကြောင့် မည်သည့်ယာဉ်မှ ဖြတ်သန်းသွားလာခွင့် မပြုတော့ကြောင်း ဒေသခံများထံမှ သိရသည်။

“ကွင်းလမ်းက သွားကြလို့ ဂုတ်တွင်းထဲ မနေ့ကတည်းက ပိတ်ထားတယ်။ အခု ကျောက်ကြမ်းနားက ကျောက်ဘီလူးနေရာမှာ တိုက်ပွဲက ပြင်းထန်နေကြလို့ ပိတ်လိုက်တာ”ဟု နောင်ပိန်ဒေသခံ အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ (၈) ရက် ညနေပိုင်းတွင် နောင်ချိုမြို့နှင့် ၃ မိုင်ခန့်အကွာ TNLA ထိန်းချုပ်ထားသည့် အမှတ် (၆၀၆) ဒုံးတပ်ရင်းကို စစ်ကောင်စီတပ် ပြန်လည်သိမ်းပိုက်ခဲ့ပြီးနောက် မြို့တွင်းဝင်ရောက်ရန် စုဖွဲ့ပြင်ဆင်နေကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

အလားတူ ဇူလိုင်လ (၉) ရက် ည ၈ နာရီကျော်အချိန်တွင် TNLA ထိန်းချုပ်ထားသည့် မိုးကုတ်မြို့အနီး ပန်မထိပ်ကျေးရွာသို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၂၅၀) ဗုံး နှစ်လုံး ထပ်မံကြဲချတိုက်ခိုက်မှုကြောင့် ကလေးငယ် (၂) ဦး သေဆုံးပြီး ကလေး(၂) ဦး အပါအဝင် အရပ်သား (၈) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနမှ ယမန်နေ့ (ဇူလိုင် ၁၀ ရက်) တွင် သတင်းထုတ်ပြန်ထားသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

Nam_Kham_Signboard

နမ့်ခမ်းမြို့ ရာဘာခြံအနီး ကလေးငယ်တစ်ဦး ရေနစ်သေဆုံး

0
သျှမ်းပြည် နမ့်ခမ်းမြို့ ရာဘာခြံအနီးရှိ ရေအိုင်တွင် ကလေးငယ်များ ရေဆော့ကစားရာမှ တစ်ဦးရေနစ်သေဆုံးခဲ့ကြောင်း စုံစမ်းသိရသည်။ ယမန်နေ့ (ဇန်နဝါရီလ ၂၆ ရက်) နေ့လယ် ၂ နာရီခန့်တွင် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA ထိန်းချုပ်ထားသည့် နမ့်ခမ်းမြို့ သာယာကုန်းရပ်ကွက်ရှိ ရာဘာခြံအနီး ရေအိုင်တစ်ခုတွင် ကလေးငယ်များ ရေဆင်းကစားရာမှ...

ကျောက်မဲမြို့နယ် SSPP နှင့် TNLA စစ်ရေးတင်းမာ၊ တိုက်ပွဲဖြစ်မည်ကို ဒေသခံစိုးရိမ်

0
သျှမ်းပြည် ကျောက်မဲမြို့နယ်တွင် ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) နှင့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တို့ မြေပြင် စစ်ရေးတင်းမာနေကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၁၇ ရက်မှ ညနေပိုင်းမှ စတင်ပြီး ကျောက်မဲမြို့နယ်အတွင်း တော့ဆန်ကျေးရွာအုပ်စုရှိ SSPP တပ်စခန်း အနီးသို့ TNLA ဘက်မှ...

စစ်ကော်မရှင်နှင့် PNO စစ်သုံးစရိတ်နှင့် တပ်သားစုဆောင်းမှုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနေ

0
အာဏာသိမ်းစစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းပြီးနောက်ပိုင်း စစ်မှုထမ်း လစဉ်ကြေးနှင့် တပ်သားသစ် စုဆောင်းမှုဒဏ်ကြောင့် လူထုကြား စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေကြောင်း ဒေသခံများက ပြောသည်။ တရားဝင် လူဖမ်းစစ်သားစုဆောင်းရန်အတွက် စစ်တပ်က စစ်မှုထမ်းဥပဒေကို ပြန်လည်အသက်သွင်းခဲ့သည်မှာ လာမည့် ၂၀၂၆ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် ၂ နှစ်ပြည့်ပြီ ဖြစ်သည်။ သို့သော်...

လူငယ်များအား အဓမ္မ စစ်ထဲဆွဲထည့်နေသည့် စစ်ခေါင်းဆောင် ဦးဆောင်၍ လူငယ် ငြိမ်းချမ်းရေးဖိုရမ် ကျင်းပနေ

0
အနည်းဆုံး လူငယ် ၆၀၀၀၀ ကျော်ကို အဓမ္မ စစ်တပ်ထဲ ဆွဲထည့်ထားသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သော လူငယ် ငြိမ်းချမ်းရေး ဖိုရမ် ၂၀၂၆ ကို ယမန်နေ့ (ဇန်နဝါရီ ၁၃ ရက်) နံနက်ပိုင်းက နေပြည်တော်၌ စတင် ကျင်းပနေကြောင်း စစ်ကောင်စီက...

လက်နက်ကိုင်တပ်ဖွဲ့များထံ ငွေစီးဆင်းမှုမရှိရန် စစ်တပ်က နည်းမျိုးစုံ ဖမ်းဆီးနေ

0
မြန်မာ-တရုတ် နယ်စပ်ဂိတ်မှ တင်သွင်းလာသည့် တရုတ်ကုန်ပစ္စည်းများ၏ အခွန်ငွေများကို လက်နက်ကိုင်တပ်ဖွဲ့များထံ ဝင်ငွေစီဆင်းမှု မရှိစေရန်အတွက် စစ်ကော်မရှင်တပ်ဖွဲ့က ဖမ်းဆီးပိတ်ပင်မှုများ အပြင်းအထန် ပြုလုပ်နေကြောင်း သတင်းရရှိသည်။ ထိုဖမ်းဆီးမှုသည် ၂၀၂၅ခုနစ် သြဂုတ်လမှ ယနေ့ထိတိုင် ပြုလုပ်ခဲ့သဖြင့် နယ်စပ်ကုန်သည်များက အခက်အခဲများစွာ ရင်ဆိုင်နေရသည်။ တရုတ်နိုင်ငံမှ တင်သွင်းလာသည့် ကုန်ပစ္စည်းများသည် ညီနောင်မဟာမိတ် ထိန်းချုပ်သည့်...