ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း စစ်ဘေးရှောင်ဦးရေ ၂၀၀၀ ကျော်ထိ ထပ်တိုးလာ

သျှမ်းပြည် နောင်ချိုမြို့နှင့် ကျောက်မဲမြို့ဘက်သို့ စစ်ကောင်စီတပ်က လေကြောင်းနှင့် ဗုံးကြဲတိုက်ခိုက်နေခြင်းကြောင့် ကျောက်မဲမြို့နယ် နောင်ပိန်တိုက်နယ်အတွင်း စစ်ဘေးရှောင်များ ထပ်တိုးလာကြောင်း စုံစမ်းသိရှိရသည်။

လက်ရှိ ကျောက်မဲမြို့နယ်အတွင်း စစ်ဘေးရှောင်စုစုပေါင်း ၂ ထောင်ကျော် ရှိနေပြီဖြစ်ကြောင်း၊ အများစုမှာ ကျောက်မဲမြို့အပြင်ဘက် နောင်ပိန်ကျေးရွာဘက်သို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

ထိုသို့ စစ်ဘေးရှောင် ထပ်များလာရခြင်းမှာ ယခင်က နောင်ချိုမြို့နယ်မှ ထွက်ပြေးလာသည့် စစ်ဘေးရှောင်များနှင့် ကျောက်မဲမြို့မှ ထွက်ခွာလာသည့် စစ်ဘေးရှောင်များကြောင့် လူဦးရေ ပိုများလာခဲ့ကြောင်း စစ်ဘေးရှောင် ကူညီပေးနေသူတစ်ဦးက ပြောသည်။

“အရင်က စစ်ဘေးရှောင်တွေကတော့ ၁ ထောင်ကျော်ပဲ ရှိတာ။ အခုတော့ စာရင်းကောက်လို့ မရတော့ဘူး၊ ၂ ထောင်ကျော်လောက် ရှိနေပြီ။ အများစုကတော့ နောင်ပိန်ဘက်က ဘုန်းကြီးကျောင်းတွေမှာ သွားရှောင်ကြတယ်။ အခုတော့ စားသောက်ဖို့တော့ အဆင်ပြေနေသေးတယ်၊ SSJAC က လာလှူထားပေးတယ်။ ရေရှည်ဆိုရင်တော့ မရဘူးပေါ့” ဟု စစ်ဘေးရှောင်ကူညီပေးနေသည့် အမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးလာကြဲသည့်အခါ လေယာဉ်သံအတူ ဗုံးပါတစ်ခါတည်း ကြဲချသွားသည့်အတွက်ကြောင့် ပြည်သူများ ထွက်ပြေးရန် အချိန်မရရှိကြောင်း၊ အမျိုးသမီးနှင့် ကလေးငယ်များသည် လေယာဉ်သံ နေ့စဉ်ကြားနေရသဖြင့် စိုးရိမ်ပူပန်မှု မျိုးစုံဖြင့် နေထိုင်ရကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။

“ကျန်းမာရေးပိုင်းနဲ့ စိတ်ပိုင်းတော့ ထိခိုက်သွားကြတာပေါ့၊ အဓိကတော့ ကလေးတွေနဲ့ အမျိုးသမီးတွေပေါ့။ အခုလေကြောင်းနဲ့ လာပစ်တာက အသံကြားတာနဲ့ ဗုံးတစ်ခါထဲ ကျတာဖြစ်သွားတာ။ အဲ့တာကို လူတွေက လေယာဉ်သံကို အရင်မကြားရဘဲ ဗုံးလာကြဲသွားတယ်လို့ ပြောတာ။ တကယ်တော့ လေယာဉ်သံကြားတာနဲ့ ဗုံးကျလာတာပေါ့။ အဲ့တာကြောင့် အသံတစ်ခုခု ကြားတာနဲ့ ဗုံးလာကြဲတာလားဆိုပြီး ကြောက်နေရတာပေါ့။ စိတ်မလုံခြုံမှု မရှိကြတော့ဘူးလေ။ အရင်ကတော့ လေယာဉ်သံကို အရင်ကြားပြီးမှ ဗုံးကကျလာတာ” ဟု အဆိုပါ စစ်ဘေးရှောင်ကူညီပေးနေသူက ဆက်ပြောသည်။

ထိုကြောင့် ငွေကြေးတတ်နိုင်သူများသည် လားရှိုး၊ မိုင်းရယ်နှင့် တောင်ကြီးမြို့များအထိ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြပြီး ငွေကြေးမတတ်နိုင်သူများနှင့် သက်ကြီးရွယ်အိုများသာ မြို့အနီးတဝိုက် ရှောင်ပြေးနေကြရကြောင်း သိရသည်။

နောင်ပိန်ရောက်စစ်ဘေးရှောင်

တစ်ဖက်တွင်လည်း ကျောက်မဲမြို့အတွင်း Star Link စတားလင့်ခ် အင်တာနက်လိုင်း အသုံးပြုခွင့်ကို တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က လုံခြုံရေးစိုးရိမ်မှုကြောင့် ပိတ်ပင်ခိုင်းထားကြောင်း ဒေသခံများက ပြောသည်။

“အခုက TNLA ဘက်ကနေ ကျောက်မဲမြို့မှာ စတားလင့်ခ်တွေကို အားလုံးပိတ်ထားခိုင်းတာ၊ တစ်ခုမှ ပေးမဖွင့်တော့ဘူး။ ကိုယ်ပိုင်သုံးနေတဲ့သူတွေကိုလည်း ပိတ်ခိုင်းလိုက်ပြီ။ လိုင်းတက်ချင်ရင်၊ အမျိုးတွေနဲ့ ဆက်သွယ်ချင်ရင်တော့ ကျောက်မဲမြို့ပြင် ထွက်သွားရတာပေါ့။ ဘာကြောင့် ပိတ်ခိုင်းလဲ သေချာမပြောတတ်ပေမယ့် သတင်းပေး ဘာညာရှိတယ်ထင်ပြီး ပိတ်ခိုင်းလိုက်တာ ထင်တယ်” ဟု ကျောက်မဲဒေသခံက သျှမ်းသံတော်ဆင့်ကို ပြောသည်။

TNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့သည် နောင်ချိုမြို့အနီး တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်သားများ နောင်ချိုမြို့စွန် ရပ်ကွက်အချို့ထဲ ရောက်ရှိနေပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

EORE 2

အလားတူ ကျောက်မဲနှင့် နောင်ချိုကြားရှိ ဂုတ်တွင်းလမ်းပိုင်းကို ဇူလိုင်လ ၁၀ ရက်နေ့မှ စတင်ပြီး မည်သည့်ယာဉ်များကို ဖြတ်သန်းခွင့်မပြုတော့ဘဲ ပိတ်ထားခဲ့ရာမှ ဇူလိုင် ၁၃ ရက်တွင် ဂုတ်တွင်းရှိ တံတားကြီးလည်း မိုင်းခွဲဖျက်ဆီးခံလိုက်ရကြောင်း ဒေသခံများက ပြောသည်။

လာမည့် ဩဂုတ်လတွင် TNLA နဲ့ စစ်ကောင်စီတို့အကြား ထပ်မံတွေ့ဆုံမည့် ဆွေးနွေးပွဲမတိုင်မီ စစ်ကောင်စီတပ်မှ ဆွေးနွေးမှုအသာစီးရရန် TNLA ထိန်းချုပ်ထားသည့် နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးမိတ်နှင့် မိုးကုတ်မြို့နယ်များသို့ စစ်ကောင်စီတပ်မှ နေ့စဉ်နီးပါး လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်နေသည်။

Leave a Comments

promotion

SHAN Membership

฿ 19฿ 169 /mo
  • ၶဝ်ႈႁူမ်ႈ ႁဵၼ်းဢဝ်ၵၢၼ်ၶၢဝ်ႇ၊ ရေႊတီႊဢူဝ်ႊ၊ ထႆႇႁၢင်ႈ၊ Blogger, Vlog ထႆႇဝီႊတီႊဢူဝ်ႊ တတ်းတေႃႇ ႁဵတ်းဢွၵ်ႇ ပိုၼ်ၽႄႈ
  • ၶဝ်ႈႁူမ်ႈၵၢၼ်တူင်ႉၼိုင်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈ ၼႂ်းၶၵ်ႉၵၢၼ်ပူၵ်းပွင်ၵၢၼ်သိုဝ်ႇ
  • ၶဝ်ႈႁူမ်ႈပၢင်လႅၵ်ႈလၢႆႈပိုၼ်ႉႁူႉပၢႆးႁၼ် ဢၼ်ၸုမ်းၶၢဝ်ႇၽူႈတွႆႇႁွၵ်ႈၸတ်းႁဵတ်း
  • ၶဝ်ႈႁူမ်ႈပၢင်ဢုပ်ႇဢူဝ်းတွင်ႈထၢမ် ၵဵဝ်ႇၵပ်းငဝ်းလၢႆးၵၢၼ်မိူင်း၊ ၵၢၼ်မၢၵ်ႈမီး၊ ပၢႆးမွၼ်း လႄႈ ႁူဝ်ၶေႃႈ ဢၼ်ၶႂ်ႈႁူႉၶႂ်ႈငိၼ်း။
  • လႆႈႁပ်ႉဢၢၼ်ႇ ၶၢဝ်ႇၶိုၵ်ႉတွၼ်း ပိူင်ပဵၼ်ဝူင်ႈလႂ်ဝူင်ႈ ၼၼ်ႉ။

Related News

Latest News

မိုးဗြဲအနောက်ခြမ်း ထိတွေ့တိုက်ပွဲကြောင့် လမ်းပိုင်းများ မသွားရန် သတိပေး

0
သျှမ်း - ကရင်နီပြည်နယ်စပ်၊ မိုးဗြဲမြို့အနောက်ဘက်ခြမ်း လွယ်ဝိုင်း ၊ လွယ်ယင်းတောင်ခြေ ၊ လီဝိုး နှင့် နန်းမယ်ခုံ ဆက်သွယ်ထားသော မည်သည့်လမ်းများမဆို ဖြတ်သန်းသွားလာခြင်းမပြုကြရန် မိုးဗြဲပြည်သူ့ကာကွယ်ရေး တပ်မတော် (မိုးဗြဲ PDF)က အရေးပေါ်သတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ယနေ့ (ဩဂုတ်လ ၂၇ ရက်)တွင်...

မိုင်းငေါ့မြို့နယ်တွင် ရေကြီးမြေပြိုမှုကြောင့် လူ ၂ ဦးသေဆုံး၊ နိုင်ငံတစ်ဝန်း ရေးဘေးသင့်သူ ၆ သောင်းကျော်ရှိလာ

0
သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲခရိုင် မိုင်းငေါ့မြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ ဖြစ်ပွားခဲ့သည့် ရေနစ်မှုနှင့် မြေပြိုမှုဖြစ်စဉ်များကြောင့် ရက်ပိုင်းအတွင်း ဒေသခံ ၂ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။ ပြီးခဲ့သည့် ဩဂုတ်လ ၅ ရက်နေ့က မိုင်းငေါ့မြို့နယ် ဟဲခမ်းကျေးရွာရှိ နမ့်မီချောင်းအတွင်း သူငယ်ချင်းများနှင့်အတူ ရေဆင်းကစားရာမှ ပျောက်ဆုံးသွားခဲ့သည့် အသက် ၁၅...

နမ့်ခမ်း TNLA တပ်သားများ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး” အကြောင်းပြကာ ကျေးရွာအတွင်း ဝင်ရောက်တပ်စွဲ

0
သျှမ်းပြည် မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ်ရှိ သျှမ်းကျေးရွာများအတွင်း TNLA တပ်ဖွဲ့ဝင်များ “မူးယစ်ဆေးဝါး တိုက်ဖျက်ရေး”အကြောင်ပြကာ ဝင်ရောက် တပ်စွဲထားကြောင်း စုံစမ်းသိရသည်။ တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA တပ်ဖွဲ့ဝင်များသည် ယခု ဩဂုတ်လအတွင်း နမ့်ခမ်းမြို့နယ် ဝိန်းဆာကျေးရွာ၊ နောင်ခန်ကျေးရွာ၊ ကောင်းဝိန်းကျေးရွာ၊ မန်ခမ်းကျေးရွာ၊ ကုန်းဆာကျေးရွာ၊ ဆံလွယ်ကျေးရွာများအတွင်း ဝင်ရောက်တပ်စွဲနေထိုင်နေကြောင်း...

“အကျပ်အတည်း နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ”

0
“အကျပ်အတည်းကြား နှင့် ဖြစ်နိုင်ချေကြားမှ မြန်မာ့ အသွင်းကူးပြောင်းရေးအတွက် အသံ” ဆိုသည့် ခေါင်းစဉ်ကို ဉီးတည်ကာ အဓိကထားဆွေးနွေးသွားမည့် (၅)ကြိမ်းမြောက် မြန်မာ့အရေး နိုင်ငံတကာ လေ့လာရေး ညီလာခံ (International Conference on Burma/Myanmar Studies) ကို ယနေ့ (သြဂုတ် ၁၄ရက်မှ...

ပဋိပက္ခကြားက ကျောက်မဲ အထက်ရဲရွာစီမံကိန်းကို စစ်တပ်ပြန်စရန် ပြင်ဆင်နေ

0
သျှမ်းပြည်မြောက်ပိုင်းတွင် စစ်ရေးနှင့် နိုင်ငံရေးအခြေအနေများ ရှုပ်ထွေးနေဆဲကာလအတွင်း တိုက်ပွဲများကြောင့် ပျက်စီးသွားသည့် အထက်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းကို ပြည်ထောင်စုဘတ်ဂျက်သုံးစွဲကာ ပြန်လည်ပြင်ဆင်မည်ဟု စစ်ကော်မရှင်က ပြောဆိုလိုက်သည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဇွန်လအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်ရှိ အဆိုပါစီမံကိန်းမှ စက်ပစ္စည်းနှင့် အဆောက်အအုံများ ငွေကျပ် ၂၆ ဘီလီယံခန့်...